စေတနာများစွာဖြင့်
ညီနေမင်း
ပေါ်လာတဲ့အကွက်လေးထဲမှာ ယခင်က ကူးထားတဲ့ (file name) ကို အစားသွင်းပြီး Next ကိုနှိပ်လိုက်ပါ ..
အောက်ပါပုံလေးအတိုင်း ကော်ပီကူးထားတဲ့ စာသားများကို တွေ့မြင်ရမှာပါ ... ၄င်းစာသားများထဲမှ ' http://...../ တစ်ခုခုပေါ့ အဲ့လို http:// နှင့် စာကြောင်းတစ်ကြောင်းလုံးကို ကော်ပီကူးလိုက်ပါ .. ' ကူးရန် ' အဖွင့်နှင့်အပိတ်ကော်လံနှစ်ခုကြားထဲက http:// ကိုသာ ကူးရမှာပါ .. ကော်လံနှစ်ခု မပါစေရပါဘူး ...
ပြီုးရင်တော့ ကော်ပီကူးထားတဲ့ လိပ်စာလေးကို အောက်ပါအတိုင်း address bar မှာရိုက်ကြည့်လိုက် ကိုပြောင်းချင်ပါတယ်ဆိုတဲ့ ပုံစံအဟောင်း header ပုံစံလေးကို မြင်တွေ့ရမှာပါ ...
header ဆိုတာ သေချာအောင်လို့ပြန်ကြည့်တာပါ .. သေချာပြီဆိုရင်တော့ အဲ့ကောင်ကို save as နဲ့ တစ်နေရာရာမှာ သိမ်းပြီ adobe photoshop နဲ့ဖွင့်ပါ့မယ် ...
ကဲပွင့်ပြီဆိုရင်တော့ မှင်နီနဲ့ပြထားတဲ့ rectangular marquee tool နှိပ်ပြီး Ctrl + A ( select all) နှိပ်လိုက်ပါ ပြီးလျှင် ctrl + c (copy) ပါ ... ပြီးရင်တော့ ctrl +n (new) ကို သွားလိုက်ပါ ပေါ်လာတဲ့အကွက်ကို ဘာတစ်ခုမှ မပြင်ပဲနှင့် enter ကို နှိပ်လိုက်ပါ .. layer အသစ်တစ်ခု (ဗလာချည်းသက်သက်) ပေါ်လာပါလိမ့်မယ် . အဲ့ဒီ့အကွက်ဟာ ဟိုးအရင် ပုံစံအဟောင်း Header နှင့် ဆိုက်အတူတူပါပဲ .. အဲ့ဒီ့တော့ ယခုပေါ်လာတဲ့ layer အသစ်လေးထဲမှာ ကိုလိုချင်တဲ့ ပုံစံမျိုးနှင့် ဒီဇိုင်းတွေကို လုပ်လိုက်ပါ ... ကျွန်တော်ကတော့ မနေ့ကလေးတင်ပဲ လုပ်ထားလိုက်တယ် ..
ပုံစံကတော့ မိုက်ဖူးပေါ့ဗျာ .. ဒါပေမယ့် စမ်းပြီးတော့ ပြောင်းပြတာဆိုတော့ နမူနာပေါ့ .. သူငယ်ချင်းတွေကတော့ ကိုလိုချင်တဲ့ ပုံစံမျိုး အမျိုးမျိုးလုပ်ကြပေါ့ဗျာ .. ဟုတ်ဖူးလား ..
အခုလိုလုပ်ပြီးသွားပြီဆိုရင်တော့ ဖြင့် အဲ့ဒီ့ ပုံလေးကို .Gif နှင့်သိမ်းလိုက်ပါ ... .jpeg နှင့်မသိမ်းဖို့တော့ အထပ်ထပ်သတိပေးလိုက်ပါတယ် .. ဘာဖြစ်လို့လဲဆိုရင် .jpeg နှင့် ကပုံတွေ ပေါ်တော့ပေါ်တယ် ကိုပြင်ထားတာက ပုံကလှလှလေး ၀ဘ်ဆိုက်မှာပေါ်မှာက ပေတိပေစုပ်နဲ့ ၀ါးနေလိမ့်မယ် .. .gif နှင့်သိမ်းပြီး တစ်နေရာရာမှ သိမ်းထားလိုက်ပါ ..
ပြီးရင်တော့ ကိုသံလုံငယ်ဆီက ရထားတဲ့ ဆော့ဖ်ဝဲလ်လေးကို download လုပ်လိုက်ပါ ... မရှိသေးဘူးဆိုရင်တော့ ဒီမှာပါ http://ifile.it/c5o1jei
ပြီးရင်တော့ စမ်းကြည့်လိုက်ပါ .. အဆင်ပြေပါလိမ့်မယ် သိမ်းတဲ့အခါကျရင် .gif နဲ့ပဲ ပြန်သိမ်းပေးပါ ..
ရလာတဲ့ဖိုင်လေးကို ကိုကြိုက်တဲ့ hosting ဆိုက်တစ်ခုခုမှာတင်လိုက်ပါ တင်ပြီးရင် ရလာတဲ့ direct link လေးကို ကော်ပီကူးပြီး html အကွက်ထဲက (ပုံ-၅) ထဲက http:// နှင့်စတဲ့ လိပ်စာကို delete ပေးပြီး ယခုတင်လိုက်တဲ့ direct link လိပ်စာကို အစားသွင်းလိုက်ပါ ပြီးရင်တော့ save template ကို နှိပ်လိုက်ပါ .. အိုကေသွားပါလိမ့်မယ် ...
နောက်ဆုံးတစ်ခုကတော့ အဲ့ဒီ့ direct link လေးကိုပဲ အောက်မှာရှိနေတဲ့ Layout >> page element >> (Head) ရဲ့နဘေးက Edit ဆိုတာကို နှိပ်လိုက် direct link လေးကို web အကွက်လေးထဲမှာ ထည့်လိုက်ပါ.. အောက်ပါပုံလေးအတိုင်းပေါ်လာပြီဆိုရင်တော့ save လိုက်ပါတော့ ..
ကဲပြီးသွားပြီဆိုတဲ့ ပြောင်းထားတဲ့ပုံလေးပါ ...
အခုရေးတာက လတ်တလော header လေးကို ပြင်နည်းလေးပါ .. ဒီပို့စ်ရေးနေတာ မပြီးသေးပါဘူး .. လိုအပ်တဲ့ ဓါတ်ပုံတွေနဲ့ ပိုပြီးရှင်းသွားအောင် ပြင်ဆင်ပါဦးမယ် .. အခုအနေအထားနဲ့လဲ photoshop နားလည်ပြီး template ပြောင်းတတ်တဲ့သူဆိုရင်တော့ လုပ်တတ်မှာပါ .. ကျွန်တော်အဓိကရည်စူးထားတာက အခုမှ စပြီးလေ့လာတဲ့ ဘလောက်ညီအစ်ကို၊ မောင်နှမများ အတွက်ရည်စူးပြီး ရေးတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်ပို့စ်လေးကို ကျွန်တော် ပြန်ဖတ်ပြီး မကြေနပ်သေးရင် အသေးစိတ်ပြန်ရေးပြီး ပြန်ပြင်ပေးပါဦးမယ် .. ကျွန်တော် body အပိုင်းနဲ့ တစ်ခြားအပြင်အဆင်တွေအကြောင်းကို ရေးသားပါဦးမယ် ... ဘာမှမပူပါနဲ့ ရှိသမျှဘလောက်လေးကို စိတ်ရှိတိုင်း ဗျောင်းဆန်အောင် ပြင်ဆင်လို့ရအောင်အထိကို ပို့စ်တင်ပါဦးမယ် ... အဲတစ်ခုတော့ရှိတာပေါ့ဗျာ .. photoshop ကိုတော့ ကိုယ့်ရဲ့ ကွန်ပျူတာမှာ တင်ထားဖို့လိုပါတယ် .... ဒါဆိုရင်တော့ စိတ်ကြိုက်မွှေလို့ရပါပြီ ...