Saturday, February 14, 2009

ထူးထူးဆန်းဆန်းအပင်များနှင့် တိရိ စ္ဆာန်များ

Image Hosted by ImageShack.us
ဒီပုံလေးကတော့ ကျွန်တော်တို့ ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့ အပင်လေးပါ
နတ်သမီးထောင်ချောက်လို့ခေါ်ပါတယ်.. သက်ရှိ တိရိစ္ဆာန်တစ်ကောင်ကောင် အဲ့ဒီ့ ပန်းပွင့်လေးပေါ်ကို နားရင်ဖြစ်စေ၊ သွေးတစ်စက်စက် ကျရင်ဖြစ်စေ၊ ပွန်းပွင့်လေးဟာ သူ့အပွင့်လေးကို ချက်ခြင်း ပိတ်လိုက်ပါတယ်။ သူအစာချက်ပြီးတာနဲ့ ပြန်ဖွင့်ပါတယ်။ အဲ့ဒီ့အချိန်ဆိုရင်တော့ အခုနက ၀င်ခဲ့တဲ့ ပိုးကောင်ပဲဖြစ်ဖြစ် သွေးစက်ပဲဖြစ်ဖြစ် မရှိတော့ပါဘူး။

Image Hosted by ImageShack.us
အမွှေးများရှိတဲ့ လိပ်ပြာတစ်ကောင်ရဲ့ပုံပါ ..


Image Hosted by ImageShack.us
By nyinaymin

Image Hosted by ImageShack.us
By nyinaymin

Image Hosted by ImageShack.us
By nyinaymin


This is amazing tree named "Nareepol" in Thai. Naree means "girl/woman" and pol means plant/tree or "buah" in Malay. It means women tree. It is amazing what God create the World in many forms that amused human beings….

You can see the real tree at Petchaboon province about almost 500 kms away from Bangkok.



အသေးစိတ်သိချင်ရင်တော့ ဒီလင့် လေးကိုသွားကြည့်လိုက်ပါ

Tuesday, February 10, 2009

Mobile Phone ခြေရာခံစနစ်



Googleသည် မိုဘိုင်းလ်ဖုန်း အသုံးပြုသည့် ခြေရာခံစနစ်တစ်ခုအား ထုတ်လုပ်လိုက်ပြီး မိဘများအနေနှင့် သားသမီးများ မည်သည့်အချိန်တွင် မည်သည့်နေရာ ရောက်ရှိနေမည်ကို လွယ်ကူစွာ သိရှိနိုင်မည့် ၀န်ဆောင်မှုကို စတင်ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ထိုအခြေအနေကြောင့် အိမ်ရှင်မကို လှည့်ပတ်ပြောဆိုကာ အလည်အပတ် ၀ါသနာထုံသော ယောက်ျားများအတွက် စိတ်ညစ်စရာ ဖြစ်လာနိုင်ကြောင်းလည်း ပညာရှင်များကဆိုသည်။

Google Latitudeဟု အမည်ပေးထားသော အဆိုပါ Softwareသည် မိုဘိုင်းလ်ဖုန်း Versionအမြင့်စားများတွင် အသုံးပြုနိုင်ပြီး Blackberryလက်ကိုင် ကွန်ပျူတာ အငယ်စားလေးများတွင်လည်း ထည့်သွင်းထား နိုင်မည်ဖြစ်သည်။ ထိုService အသက်ဝင် လှုပ်ရှားလာချိန်တွင် ဖုန်းကိုင်ဆောင်သူ ရောက်ရှိနေမည့်နေရာကို အခြားမိုဘိုင်းလ်ဖုန်း ကိုင်ဆောင်ထားပြီး ၎င်းကိုယ်တိုင်က သိရှိစေရန် ခွင့်ပြုထားသူများက မြေပုံမှတဆင့် သိရှိနေမည်ဖြစ်သည်။ Googleကမူ ယခုဝန်ဆောင်မှုသည် မိမိအလေးထား မြတ်နိုးသူတစ်ဦးကို မျက်စိအောက်မှ အပျောက်မခံနိုင်သူများအတွက် အကောင်းဆုံး တီထွင်ဆန်းသစ်မှု တစ်ခုဟု ညွှန်းဆိုထားသည်။ သို့သော်လည်း အချို့သူများက ယခုServiceကြောင့် Privacyပိုင်းတွင် ထိခိုက်လာမည်ကို စိုးရိမ်နေကြဆဲဖြစ်သည်။ ထိုSoftwareတွင်

Google Mapနောက်ဆုံး Versionပါ တပေါင်းတည်း ပါဝင်နေပြီး ဗြိတိန်၊ အမေရိကန်နှင့် အခြားနိုင်ငံပေါင်း (၂၄)ခုတို့တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ Google၏ ထုတ်ကုန်မန်နေဂျာ ဒေးဗစ်လီးကမူ ဖုန်းအသုံးပြုသူသည် ၎င်း၏နေရာကို မသိစေချင်သူများ ကမ်းလှမ်းလာမှုကို Rejectပြုလုပ်နိုင်မည် ဖြစ်သောကြောင့် Privacyအတွက် ခြိမ်းခြောက်မှု တစုံတရာ မဖြစ်နိုင်ပါဟု သုံးသပ်ထားသည်။ ထိုServiceကို အသုံးပြုရန် GPSစနစ်တော့ လိုအပ်နေကြောင်းလည်း Googleက ရှင်းလင်းပြောကြားထားသည်။ Google Latitudeသည် မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်သူ၏ တည်နေရာကိုသာ ညွှန်ပြမည်ဖြစ်ပြီး ထိုသူ၏ လုပ်ဆောင်မှု၊ လှုပ်ရှားမှုများကိုမူ ဖော်ထုတ်ပြသထားမည် မဟုတ်ဟုဆိုသည်။ လက်ရှိအချိန်တွင် Google Latitude ၀န်ဆောင်မှုကို အမေရိကန်နှင့် ဗြိတိန်တို့တွင် အသုံးပြုနိုင်ကြောင်း သိရသည်။


မှတ်ချက် .. ရွှေအိုးဝဘ်ဆိုက်မှ တစ်ဆင့် ကူးယူဖော်ပြလိုက်ပါသည်။

Monday, February 9, 2009

ifile.it နှင့် ဘယ်လို download လုပ်မလဲ

သိပြီးသားလူတွေအတွက် မရည်ရွယ်ပါဘူးဗျာ . တစ်ချို့ကမေးမေးနေလို့ တင်လိုက်တာပါ.
အခုမြင်နေရတဲ့ပုံအတိုင်း Request Download Ticket ဆိုတာလေးကို နှိပ်လိုက်ပါ ...
Image Hosted by ImageShack.us

ဒုတိယအကြိမ် ပေါ်လာတဲ့ Download ဆိုတာလေးကို နှိပ်လိုက်ရင်တော့ download ကျလာပါပြီဗျာ.
Image Hosted by ImageShack.us

Friday, February 6, 2009

List of photo sharing websites

Image Hosted by ImageShack.us
ကဲသူငယ်ချင်းများအားလုံးအတွက် ကျွန်တော့်ဒီနေ့တွေ့လာတာလေးပေးလိုက်ပါတယ်။ ဗဟုသုတအတွက်ပေါ့။ ကျွန်တော်တို့ ဘလောက်အတွက် ဓါတ်ပုံများနှင့် အခြားသောဖိုင်များကို sharing လုပ်ဖို့အတွက် ဖိုင်များကို sharing websites များမှာ တင်ရပါတယ်။ အခုအဲ့ဒီ့ photo sharing အတွက် Popular ဖြစ်တဲ့ ဆိုက်တော်တော်များများကို စာရင်းပြုစုထားပါတယ်။ ======>>>>

တော်တော်လေးကိုကောင်းပါတယ်။ ကျွန်တော်ဒီလိုပေးရခြင်းရည်ရွယ်ချက်က website တစ်ခုတည်းကိုချည်း လူတွေအများကြီးတင်နေ တာထက်၊ ကောင်းတဲ့ ဆိုက်လေးတွေကို ရွေးပြီး တင်ကြမယ်ဆိုရင်ပိုကောင်းပါတယ်။ ပြီးတော့အခု စာရင်းလုပ်ထားတာဆိုရင် အတော်လေးပြည့်စုံတယ်လို့ပြောချင်ပါတယ်။ ကျွန်တော်သိတဲ့ဆိုက်တော်တော်များများ အကုန်ပါပါတယ်။ လူအယောက်ရေကိုပါ ခန့်မှန်းခြေ၊ ပေးထားတဲ့ အသုံးပြုနိုင်မှုပမာဏ၊ Free user တစ်ယောက်အတွက် အခွင့်အရေးအစရှိသဖြင့် စာရင်းပြုစုထားပါတယ်။ ကိုကြိုက်တဲ့ဆိုက်အကြောင်းကိုလေ့လာပြီး၊ ကိုယ့်နိုင်ငံနဲ့ကိုက်မယ့်ဆိုက်တွေမှာ တင်ကြဖို့အကြံပြုပါရစေလားဗျာ။ ရွေးချယ်ဖို့ ဆိုက်တွေရဲ့အကြောင်းကိုပါ ပြောပြထားတာဖြစ်သည့်အတွက် ကို့အတွက်ရွေးချယ်ဖို့ အခွင့်အရေးများသွားတာပေါ့. ကဲမြန်မြန်နဲ့ကောင်းကောင်းဆိုက်တွေကို ရွေးချယ်ဖို့ ကြည့်ချင်တယ်ဆိုရင်တော့ ဒီကို သွားလိုက်ပါလို့ ညွှန်းလိုက်ပါရစေဗျာ.

Blog Template Logo Icon များ


Blog template logo icon တွေကိုတော့ သိမယ်လို့ထင်ပါတယ်။ ၀ဘ်ဆိုက်တစ်ခုရဲ့ Logo ဟာ ၄င်းဝဘ်ဆိုက်လိပ်စာရဲ့ အရှေ့မှာရှိပါတယ် ... ကျွန်တော် အဆင်သင့်လုပ်ထားပြီးသား logo လေးများကို ရှာပြီးတော့ share ပေးလိုက်ပါတယ် ...
Logo ကို web ပေါ်မတင်ခင် http://www.fileden.com မှာ အကောင့်လုပ်ထားဖို့ တိုက်တွန်းချင်ပါတယ်.
ဖိုတိုရှော့ကတော့ မပါမဖြစ်ဆိုသလို ပါမှာပါ .. အဲ့ဒီ့တော့ Adobe photoshop ကိုလဲ install လုပ်ထားပါလို့တိုက်တွန်းချင်ပါတယ် ..
အောက်မှာ အဆင်သင့်သုံးလို့ရအောင် ကျွန်တော် logo တွေကို ရှယ်ထားပါတယ် .. ifile.it ၊ 4shared နှင့် mediafire ကနေ သုံးနေရာ ခွဲပြီးတင်ပေးထားပါတယ် ... အဆင်ပြေတဲ့လင့်ကနေ download လုပ်ယူနိုင်ပါတယ်။ ဖိုင်က သုံးဖိုင်ပါ ..

Image Hosted by ImageShack.us













ကဲအားလုံး download ချပြီးသွားပြီဆိုရင်တော့ စလုပ်ကြည့်ရအောင်ဗျာ ...
ပုံနှင့်တစ်ဆင့်ချင်းဆီ ပြထားပါတယ် .. photoshop အကြောင်းနားလည်တဲ့သူအတွက် မခက်ပေမယ့် နားမလည်တဲ့သူတွေအတွက် ခက်နေမှာစိုးလို့ တစ်ဆင့်ချင်းပြထားတာပါ. နှာခေါင်းမရှုံ့စေချင်ပါဘူး ..
ကဲ adobe photoshop ကိုဖွင့်လိုက်ပါ ပြီးတာနဲ့ ကို့စိတ်ကြိုက် log ရှိတဲ့ ဖိုင်လေးကို ဖွင့်လိုက်ပါ ... ပြီးတာနဲ့ ပုံထဲက အတိုင်း photoshop က marquee tool (sh Key = m) ကိုနှိပ်ပြီးတာနဲ့ ကိုကြိုက်တဲ့ logo လေးကို ပုံထဲကအတိုင်း ဖိပြီးဆွဲလိုက်ပါ ...
ပြီးရင် ctrl + n (new) ကိုနှိပ်ပါ ပေါ်လာတဲ့အကွက်ထဲမှာ အောက်ပါအတိုင်း ပြောင်းပေးလိုက်ပါ 32 pixels x 32 pixels ဆိုပြီးဖြည့်ပေးလိုက်ပါ ပြီးတာနဲ့ enter ခေါက်လိုက်တာနဲ့ file အသစ်တစ်ခု ပေါ်လာပါလိမ့်မယ်.
ပေါ်လာတဲ့ဖိုင်ထဲကို ကိုကြိုက်တဲ့ icon လေးကို ဆွဲပြီးထည့်လိုက်ပါ ...
ပြီးတာနဲ့ jpeg နဲ့ destktop မှာ save ပေးလိုက်ပါ ...
desktop မှာရောက်နေတဲ့ ဖိုင်လေးကို paint နဲ့ဖွင့်လိုက်ပါ .. ပြီးတာနဲ့ save as လုပ်လိုက်ပါ ပေါ်လာတဲ့ file name နေရာမှာ တစ်ခုခုဖြည့်ပြီး နောက်က .ico နဲ့သိမ်းပေးပါ. (example => nyinaymin.ico) သိမ်းပြီးတာနဲ့ အဲ့ဒီ့ဖိုင်လေးကို http://www.fileden.com/ မှာ သွားပြီး upload လုပ်ရမှာပါ. လုပ်တတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်. မလုပ်တတ်ရင်လဲ ကျွန်တော် နောက်တစ်ခါ ပို့စ်တစ်ပို့စ်ရေးပေးပါဦးမယ်။ ရလာတဲ့လင့်ကို http://ဘာညာသာရကာ/ ဆိုပြီးရှိတဲ့နေရာလေးကိုပဲ copy ကူးမှာပါ.. နောက်က ပါလာတဲ့ ကုတ်တွေကို မကူးပါဘူး။ http://www.fileden.com/files/2008/10/10/2137481/nyinaymin.ico အဲ့ဒီ့လိုလေးရလာမှာပါ . မသေချာဘူးဆိုရင် address bar မှာ ရိုက်ပြီးတော့ကြည့်လိုက်ပါ .. icon ပုံလေးပေါ်နေပါလိမ့်မယ်.
အဲ့ဒီ့လင့်လေးရလာအောင် အောက်ပါပုံအတိုင်း ယူလိုက်ပါ
Free Image Hosting at www.ImageShack.us

ရလာတဲ့ဖိုင်လေးကို http://www.fileden.com မှာတင်လိုက်ပါ .. တင်လိုက်လို့ရလာတဲ့ လင့်လေးကို အောက်က အနီရောင်စာသား နေရာမှာ ဖြည့်ရမှာပါ.


Thursday, February 5, 2009

အကောင်းဆုံး Blog Template များ

ကဲသူငယ်ချင်းများအားလုံးအတွက် အကောင်းဆုံးဘလောက် template များကို ရွေးပြီးတင်ပေးလိုက်ပါတယ်။ ကြိုက်တဲ့သူ ဒေါင်းလော့ချပြီး သုံးနိုင်ကြပါတယ်။ Template အထဲမှာ Eot တော့မလုပ်ရသေးပါဘူး။ နောက်ကျမှပဲ စိတ်ကြိုက်ရွေးပြီး ထပ်တင်ပေးပါ့မယ်။ လင့်ကတော့ ၂ နေရာကနေ တင်ပေးလိုက်ပါ့မယ်။ အဆင်မပြေဘူးဆိုရင်တော့ ကွန်မန့်လေးများရေးပေးခဲ့ ကြပါ။ ကျွန်တော် အဆင်ပြေတဲ့လင့်ကနေ ထပ်ပြီးတင်ပေးပါ့မယ်။

Image Hosted by ImageShack.us



======================================

Download Accelerator Plus (DAP)

အင်တာနက်လိုင်း မကြာခဏလိုင်းပြုတ်ပြုတ်ကျ တတ်တဲ့ ဘယ်လိုနေရာမျိုးမှာ ပဲဖြစ်ဖြစ်၊ မီးပြတ်တာတို့၊ PC Hang တာမျိုးတို့ဖြစ်တတ်တဲ့နေရာမျိုးမှာ download မှ လုပ်တော့မယ်ဆိုရင်တော့ download manager ဒါမှမဟုတ် Download accelator plus တို့လို software တစ်ခုခုမှတစ်ဆင့် download လုပ်ယူတာ ပိုပြီးသင့်တော်ပါတယ်။ ဒီ software တွေကိုခံပြီး download လုပ်ခြင်းအားဖြင့် download လုပ်ပြီးသား data များ ပျောက်ဆုံးခြင်း၊ အစမှပြန် download လုပ်ရခြင်း ဒုက္ခမှ ကင်းဝေးနိုင်သည့်အပြင်၊ လိုင်းကျတတ်တာတို့၊ မီးပျက်သွားတာတို့ဖြစ်ဖြစ်ပေါ့ ကွန်ပျူတာတစ်စုံတစ်ရာကြောင့် download လုပ်နေစဉ်အချိန်အတောအတွင်း ရပ်တန့်ခြင်းဖြစ်ခဲ့လျှင် ပူစရာမလိုပါဘူး။ အစမှပြန်ပြီး download လုပ်စရာမလိုပါဘူး။ပြီးခဲ့တဲ့နေရာကနေ ပြန်ပြီး auto download လုပ်ပေးပါတယ်။ ကျွန်တော်လဲ အခုအချိန်အထိ software လေးကိုပဲ သုံးနေတာပါ။ တော်တော်လေးကို အဆင်ပြေပါတယ်။

ကဲအောက်မှာ download လုပ်လိုက်ပါဦး
Download ifile.it

Install လုပ်ပြီးသွားပြီဆိုရင်တော့ desktop မှာ အောက်ပါပုံအတိုင်း ဖိုင်နှစ်ဖိုင်ရောက်နေမှာပါ။



လိုင်းကျလို့ download လုပ်တာ မပြီးခဲ့လျှင် desktop >> Download Accelerator Plus (DAP) >> Downloads >> Resume ကိုပြန်နှိပ်လိုက်ပါ.မပြီးသေးသည့်နေရာမှ ဆက်လက်ပြီး download လုပ်နေပါလိမ့်မယ်.
အားလုံးပြီးဆုံးသွားပြီဆိုရင်တော့
desktop >> My Completed Downloads ကို သွားလိုက်ပါ .. ကိုလုပ်ခဲ့တဲ့ ဖိုင်တွေကိုမြင်တွေ့ရမှာပါ.