Showing posts with label Download လုပ်နည်းများ. Show all posts
Showing posts with label Download လုပ်နည်းများ. Show all posts

Monday, November 2, 2009

Mediafire ကနေ Download လုပ်မလဲ (movie ရှင်းပြချက်)

Mediafire ဆိုက်ကနေ Download လုပ်ပုံလုပ်နည်းကို ရှင်းပြပေးထားတာပါ . အားလုံးနားလည်မယ်လို့ မျှော်လင့်ပါတယ် . အဆင်မပြေရင်ပြောပါ . ကျွန်တော် ထပ်ကြိုးစားပြီး ရှင်းပြပေးပါ့မယ် .

mediafire ကနေ ဘယ်လို Download လုပ်မလဲ (movie ရှင်းပြချက်)
Download ifile.itDownload mediafire

rapidshare ကနေ download လုပ်နည်း (movie ရှင်းပြချက်)

ကျွန်တော် ဒီရှေ့လျှောက် ရှင်းပြချက်တွေကို movie ဖိုင်တွေနဲ့ပဲ တင်ပေးပါတော့မယ် . ဘာ့ကြောင့်လဲ ဆိုရင် အချိန်ကုန်သက်သာသလို . လိုက်ပြီး လုပ်တဲ့သူအတွက်လဲ ပိုပြီး နားလည်လွယ်တာက တစ်ကြောင်း၊ ဓါတ်ပုံတွေ တင်ရတဲ့ ဒုက္ခအတွက်က တစ်ကြောင်းကြောင့် ကျွန်တော် movie နဲ့ပဲ ရှင်းပြတော့မှာ ဖြစ်ပါတယ် . အခု ပထမဦးဆုံး rapidshare ကနေ ဘယ်လို Download လုပ်ယူရမလဲဆိုတာကို ရှင်းပြထားတဲ့ ပုံကို အောက်မှာ တင်ပေးထားပါတယ် . Download လုပ်ယူလိုက်ပါ .

အားလုံးကို တစ်ခုတော့ပြောပြ ချင်ပါတယ် . ကျွန်တော်ဆရာကြီး မဟုတ်သလို၊ ဘ၀င်လဲ မမြင့်တတ်ပါ . တစ်ချို့ အကူအညီတောင်းတာကို ချက်ခြင်း မဖြေပေးနိုင်တာကတော့ လက်ရှိကျွန်တော် အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် အလုပ်ချိန်အတွင်းမှာ ၀ဘ်ဆိုက်ဖက်ကိုချည်းပဲ အတင်းဖိနေရင် ကြာလာရင် အလုပ်ပြုတ်ရကိန်း မြင်ပါတယ် . ဒါပေမယ့် တတ်နိုင်သလောက်တော့ ဆိုက်ဖက်ကို လှည့်နေတာ အခုအချိန်အထိပါပဲ . ကိုယ်ပိုင် အလုပ်လုပ်နေတာမဟုတ်တဲ့ အတွက် ဒါလေးကိုတော့ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် . တစ်ချို့က မေးပါတယ် မင်းကဆရာကြီးလားတဲ့ . အဲ့ဒီ့လိုပြောနေတဲ့သူများကို ကျွန်တော် ပြောပြချင်ပါတယ် . ကျွန်တော်ဆရာကြီးမဟုတ်ပါဘူး . ပညာရှင်လဲမဟုတ်ပါဘူး . နိုင်တဲ့ဖက်ကနေ လုံးဝမသိတဲ့သူတွေကို အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ ဆွဲခေါ်နေတာပါ . ဘာတစ်ပြားတစ်ချပ်မှ မရဘဲနဲ့ စေတနာကို ရှေ့ထားပြီး ကူညီနေတာပါ . ဒါလေးကိုတော့ နားလည်ပေးကြပါ . နောက်ပြီး တစ်ခုထပ်ပြောပြ ချင်ပါသေးတယ် . အခုအချိန်အထိ ၀ဘ်ဆိုက်ရေးလာတာ တစ်နှစ်ခွဲကျော်သွားပါပြီ . ဘယ်မိန်းကလေးတွေ နဲ့မှ အဓိပ္ပါယ်မရှိတဲ့ စကားလုံးတွေ ပြောပြီး chatting မ၀င်ခဲ့ဖူးပါဘူး . ကျွန်တော်နဲ့ စကားပြောဖူးတဲ့သူများ chat ဖူးတဲ့သူများ အသိဆုံးဖြစ်မှာပါ . online ၀င်တိုင်း မေးတာကိုပဲ ဖြေခဲ့တာပါ . အရေမရ အဖတ်မရတွေ အခုအချိန်အထိ မပြောခဲ့သလို . ၀ဘ်ဆိုက်တစ်ခုကို ဘန်းပြပြီး ကျူတတ်တဲ့သူ တစ်ယောက်မဟုတ်ဘူး ဆိုတာကိုလဲ သိစေချင်ပါတယ် . အပင်ပန်း အဆင်းရဲခံ အပြောအဆိုခံပြီး လုပ်ပေးနေတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပါပဲ . မသိတဲ့သူတွေ သိစေချင်တယ်၊ မတတ်တဲ့သူတွေ တတ်စေချင်တယ် . ဒါလေးပါပဲ . တစ်ခါကလဲ ကောင်မလေးတစ်ယောက် လာပြောပါတယ် . သူမေးတာကို ချက်ခြင်းမဖြေလို့ပါ . မေးတာကလဲ အခက်အခဲဖြစ်နေတဲ့ မေးခွန်းမျိုးမဟုတ်ပါဘူး. ကျွန်တော့်ရဲက personal ကိစ္စကိုမေးတာပါ၊ ဘာနဲ့ကျောင်းပြီးတာလဲ၊ အခုလုပ်နေတာ ကိုယ်ပိုင်အလုပ်လား၊ အသက်ဘယ်လောက်ရှိပြီလဲ၊ နာမည်ကကော ဘယ်လိုခေါ်လဲ၊ ဖုန်းနံပါတ်လေးပေးပါလား၊ ဒါတွေချည်းပါပဲ ၊ ချက်ချင်းမပြေပေးလိုက်လို့ သူပြောတဲ့စကားက ဒါမျိုးတွေရိုးနေပြီတဲ့ သိပ်ပြီး ဘ၀င်မြင့်မနေနဲ့တဲ့ ၀ဘ်ဆိုက်ဘန်းပြပြီး ကျူနေတဲ့သူတွေ တစ်ပုံကြီး ငါတွေ့ခဲ့ ဖူးတာပဲတဲ့ သိပ်ပြီးတော့လဲ မြင့်မနေနဲ့တဲ့၊ အဲ့တုန်းကလဲ အတော်လေးကို ကျွန်တော်စိတ်တိုသွားတာပါ . သူတွေ့ဖူးတဲ့သူတွေက အဲ့လိုမျိုးဖြစ်တာနဲ့ပဲ ကျွန်တော့်ကိုပါ ၀ါးလုံးရှည်နဲ့ သိမ်းရိုက်လိုက်တာဗျာ . အခုအချိန်အထိ ကျွန်တော် ဘယ်သူ့ ကိုယ်ရေးကိုယ်တာ ကိုမှ မမေးခဲ့ဖူးပါဘူး . လူအထင်ကြီးခံချင်လို့ ရေးနေတာ မဟုတ်ဘူး ဆိုတာကိုတော့ သိစေချင်ပါတယ် . ကျွန်တော့် ပိုက်ဆံနဲ့ အကုန်အကျခံပြီး hosting ကိုတောင်မှ ၀ယ်ပြီးတော့ တင်ပေးတာပါ . download လုပ်တာ အဆင်ပြေပါစေဆိုပြီးတော့ပါ . ဒါပေမယ့် file download လုပ်တဲ့သူဦးရေက ကျွန်တော်မှန်းထားတာထက် အတော်လေးကို များသွားတဲ့အတွက် hosting server down သွားပါတယ် . ကျွန်တော့်စိတ်ထဲ ဘယ်လိုမှမခံစားရပါဘူး . ဒါပေမယ့် ကျွန်တော်သိမ်းထားတဲ့ ဖိုင်တွေနဲ့ တစ်ချို့ data တွေတော့ link တွေ အလုပ်မလုပ်တော့ပါဘူး . ကျွန်တော့်မှာ အလုပ်လဲများနေတာနဲ့ server down သွားလဲ မထူးတော့ပါဘူး ဆိုပြီးတော့ ပစ်ထားလိုက်တာပါ .

နေ့ကောညကော ကူညီပေးနေတဲ့ ပင်ပန်းမှုတွေကို ဘာမဟုတ်တဲ့ ၀ဘ်ဆိုက်ဘန်းပြပြီး ကျူနေတာပါကွာ ဆိုတဲ့ စကားလုံးတစ်လုံးလေးနဲ့တော့ ဘယ်တော့မှ အလဲအလှယ်မလုပ်ပါဘူး . အဲ့ဒါကိုတော့ သိထားပေးပါ .

Download ifile.itDownload mediafire

Wednesday, September 30, 2009

Torrent file တွေကို ဘယ်လို Download လုပ်မလဲ

မိမိ ဒေါင်းချင်တဲ့ torrent ဖိုင်ကို ပထမဦးဆုံး ကိုသဘောကျတဲ့ Downloader တစ်ခုခုနဲ့ ဒေါင်းလိုက်ပါ . ဒေါင်းလိုက်ရင် ရလာမှာက ကျွန်တော်တို့ လိုချင်တဲ့ ဖိုင်မဟုတ်သေးပါဘူး . ပထမဦးဆုံး link တစ်ခုပဲ ကျလာမှာပါ . အဲ့ဒီ့ဖိုင်ကိုမှ ကျွန်တော်တို့က µTorrent ဆိုတဲ့ Downloader နဲ့ ပြန်ပြီးတော့ ဒေါင်းရပါတယ် . µTorrent နဲ့ ဘာ့ကြောင့်တင်ရတာလဲ ၊ နောက်တစ်ခုက ဘာ့ကြောင့် သုံးကြတာလဲဆိုရင် µTorrent နဲ့ဖိုင်တင်ရင် သူ့မှာ ဖိုင်တစ်ဖိုင်ထဲကို ကိုကြိုက်သလောက် တင်လို့ရပါတယ် . ဥပမာ 1GB ရှိတဲ့ဖိုင်ကို တစ်ခြားဆိုက်တွေမှာ တင်မယ်ဆိုရင် 100 MB (or) 200 MB ဒီလောက်အထိပဲ အတင်ခံပါတယ် . များရင် ခွဲပြီးတော့ တင်ပေါ့ . Torrent အနေနဲ့တင်မယ်ဆိုရင် တစ်ဖိုင်တည်းကိုပဲ 1GB ဆိုလဲ သူက လက်ခံတာပဲ .. ကဲ စမ်းကြည့်လိုက်ပါဦး . အင်တာနက်မှာ Torrent နဲ့တင်ထားတဲ့ ဖိုင်တွေကတော့ အများကြီးပါပဲ . တစ်ခြားလင့်တွေသာ တင်ထားတာ မတွေ့ရမယ် torrent ကတော့ အတော်များပါတယ် . http://www.utorrent.com/ ကနေ နောက်ဆုံးထွက်တဲ့ version ကို ဒေါင်းလိုက်ပါ . သူက Free ပါ ပိုက်ဆံပေးစရာမလိုပါဘူး . အပေါ်က ပထမဦးဆုံး ဒေါင်းလိုက်လို့ရလာတဲ့ဖိုင်ကို ကျွန်တော်တို့က Double click နှိပ်လိုက်တာနဲ့ သူက µTorrent နဲ့ တစ်ခါတည်းကို ဒေါင်းတယ် . Torrent နဲ့တင်ထားတဲ့ဖိုင်ကို µTorrent ကပဲ ဒေါင်းလို့ရပါတယ် . အခုကျွန်တော်တို့ သုံးနေတဲ့ Downloader နဲ့ အဆင်သိပ်မပြေနိုင်ပါဘူး . သဘောပေါက်မယ်လို့ထင်ပါတယ် .
µTorrent တော့ မဒေါင်းခင် တင်ထားဖို့လိုပါတယ် . မဟုတ်ရင် ရလာတဲ့ ပထမဖိုင်ကို Double click နှိပ်ရင်လဲ ဘာမှထူးမှာမဟုတ်ပါဘူး

ဒေါင်းလော့လုပ်နည်း
  • (၁) ပထမဦးဆုံး ကိုဒေါင်းချင်တဲ့ ဖိုင်ကို ကြိုက်တဲ့ Downloader နဲ့ဒေါင်းပါ . ဖိုင်တစ်ဖိုင် ကျလာပါလိမ့်မယ် .
  • (၂) ရလာတဲ့ဖိုင်ဟာ kb သာသာပဲ ရှိပါတယ် . အဲ့ဒီ့ရလာတဲ့ ဖိုင်ကို Double click နှိပ်လိုက်ပါ .
  • (၃) အခု µTorrent ထဲကို တစ်ခါတည်း သူသွားပြီး အဲ့ဒီ့ link ကို µTorrent က သိတာနဲ့ တစ်ခါတည်း Download အလုပ်ကို စလုပ်နေပါလိမ့်မယ်

မီးပျက်လဲ ကိစ္စမရှိပါ . ပြီးတဲ့နေရာကနေ ပြန်ဒေါင်းပါလိမ့်မယ် .
သူ့မှာ အခွင့်အရေးဘာရှိလဲဆိုရင် . ကိုဒေါင်းမယ့် Torrent ဖိုင်ရဲ့ speed ပါပဲ . ဖိုင်တိုင်းဖိုင်တိုင်းမှာ speed ချင်း မတူပါဘူး . speed နိမ့်တဲ့ ဖိုင်ကို ဒေါင်းရင် ကြာမယ် . speed မြင့်မြင့် ရှိတဲ့ဖိုင်ကို ဒေါင်းရင် မြန်မယ် . ကိုသဘောကျတဲ့ Link တိုင်းမှာ speed တစ်ခါတည်း ပါပြီးသားပါ . ပြီးတော့ ရှိပါသေးတယ် . အဓိကက ကိုသတိထားရမှာပေါ့ . ကို့အရင် ဘယ်နှစ်ဦးက ဒေါင်းထားပြီးပြီလဲ ဆိုတာကို လိုက်ရှာပြီးတော့ အများဆုံး ဒေါင်းတဲ့ link ကိုပဲ ဒေါင်းကြပါ . ဘာ့ကြောင့်လဲဆိုရင် လူများများဒေါင်းတဲ့လင့်ကသာ အဆင်ပြေနိုင်မယ့်အပြင် virus ကိုလဲ စိတ်ချရပါတယ် . ကျွန်တော်တို့ကသာ virus ပါပါ မပါပါ စိတ်မ၀င်စားပေမယ့် . နိုင်ငံခြားသားတွေကတော့ ဖိုင်တစ်ဖိုင်ကို ဒေါင်းမယ်ဆိုရင်သေချာမှ ဒေါင်းတာပါ . အဲ့ဒါကြောင့် သူတို့တွေ လူများများ ဒေါင်းတဲ့ဖိုင်ဆိုရင် အဆင်ပြေတာပေါ့ . တစ်ချို့ဖိုင်တွေက ဒေါင်းသာဒေါင်းတာ ဖိုင်က တစ်ဝက်နဲ့ ပျက်ကျတာနဲ့ ၊ အဆင်မပြေတာနဲ့နဲ့ တွေ့ရာလင့် တစ်ခုကို ဒေါင်းလိုက်ပြီးမှ အဆင်မပြေရင် ပင်ပန်းရကြိုးမနပ်ပါဘူး .

အားလုံးအဆင်ပြေကြပါစေဗျာ ..

Tuesday, July 7, 2009

rapidshare ဖြင့် download လုပ်နည်း


http://rapidshare.com/files/132506476/ConvDocPDFWordv350-smforum.net.rar.html အဲ့လိုမျိုး လင့်ကဆိုရင် rapidshare.com က ဒေါင်းရမှာပါ ...


(၁) အဲ့ဒီ့လင့်ကို address box ထဲမှာ ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ ..
(၂) ပုံ-၁ မှာ ပြထားသလို free user ကို ရွေးပါ ..
(၃) ပြီးလျှင် ခဏစောင့်လိုက်ပါ ... Download ချဖို့ လင့်ကျလာပါလိမ့်မယ် .. လွယ်ပါတယ် ..


ဖိုင်ဆိုက် 100 အထက်ရှိတဲ့ဖိုင်တွေကို ဘယ်လို upload တင်မလဲ ..

အခုပြောပြချင်တဲ့အဓိကကတော့ fileflyer ဆိုက်လေးကို ကြောငြာပေးချင်တာပါ .. ဒီဆိုက်လေးက 1 GB အထိ ပို့ဖို့ လက်ခံထားပါတယ် .. မြန်မာပြည်မှာက နေရာတော်တော်များများမှာ ဖိုင်တင်ဖို့ခက်ခဲကြရတယ် .. gmail ကနေ ပို့ဖို့ဆိုတာကလဲ ဖိုင်ဆိုက် နဲနဲကြီးသွားရင် မရတော့ပြန်ဘူး ... အဲ့ဒီ့တော့ ကျွန်တော်တို့အနေနဲ့ မေးလ်သဘောမျိုးလဲ ဖြစ်သွားအောင် . ကိုတင်ပြီးသား ဖိုင်ရဲ့ download လင့်ကိုလဲ ပေးစရာမလိုအောင် ဘယ်လိုလုပ်မလဲဆိုရင် www.fileflyer.com ကနေ ဖိုင်ကို တင်ပြီးတစ်ခါတည်း ပို့ပေးလို့ရပါတယ် .. လုပ်နည်းကိုပြောပြပါ့မယ် ..

ပုံ(၁) ပုံ(၂)

ပုံ(၃) ပုံ(၄)



(၁) http://www.fileflyer.com ကို သွားလိုက်ပါ ..
(၂) ပုံ-၁ အတိုင်း လိုအပ်တာတွေကို ဖြည့်လိုက်ပါ ..
(၃) send ကို နှိပ်ပါ .. အားလုံးပြီးသွားရင် ပုံ-၂ အတိုင်း ဖိုင်ကို တင်နေတာတွေ့ရမှာပါ ..
(၄) ပုံ-၃ လို လင့်တစ်ခုရလာပါလိမ့်မယ် .. အဲ့ဒီ့ရလာတဲ့ လင့်လေးကို နှိပ်လိုက်ပါ ...
(၅) ပုံ-၄ လိုမျိုး download လုပ်လို့ရတဲ့ အခြေအနေကို မြင်တွေ့ရပါလိမ့်မယ် ..

Megaupload မှ download လုပ်နည်း

~~
~~

http://www.megaupload.com/?d=DQW67I4U အခုလို လိပ်စာတစ်ခုရလာပြီဆိုရင်တော့ megaupload ကနေ download လုပ်ရတော့မှာ အသေအချာပါပဲ .. လုပ်နည်းက လွယ်ပါတယ် .. ရလာတဲ့ လိပ်စာကို Address box မှာ ရိုက်ထည့်လိုက်ပြီး enter ခေါက်လိုက်ပါ .. ပုံလေးတွေနဲ့ ပြထားပေးပါတယ် .. ပြီးတာနဲ့ download ကျလာဖို့ ပုံ(၃)လို နဲနဲတော့စောင့်ရမှာဖြစ်ပါတယ် . ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့က ၀ယ်သုံးတာမဟုတ်ဘဲ အကောင့်ကို ဖရီးသုံးတယ် . Free အနေနဲ့ သုံးတာဆိုတော့ သူတို့သတ်မှတ်ထားတဲ့အချိန်ကိုတော့ စောင့်မှရမယ်လေ .. ပုံ(၄) ကတော့ နောက်ဆုံးပုံပါ .. regular download ကို နှိပ်လိုက်တာနဲ့ download ကျလာပါလိမ့်မယ် ..

zshare ဖြင့် download လုပ်နည်း

ဒါက တော့ zshare ဆိုက်ကနေ download လုပ်နည်းပါ .. ပုံလေးတွေနဲ့ပြထားပါတယ် . လုံးဝကို download လုပ်တယ်ဆိုတာကို မသိတဲ့သူများအတွက် လုပ်ထားပေးတာပါ ..


4shared download လုပ်နည်း


4shared ဟာလဲ ဖိုင်တွေကို share ပေးဖို့အတွက် download ထုတ်ပေးတဲ့ file hosting ဆိုက်တစ်ခုပါပဲ .. သူနဲ့ဘယ်လို download လုပ်မလဲဆိုရင် အောက်မှာပုံနှင့်ပြထားပါတယ် .. တတိယအဆင့်ကိုနှိပ်ပြီးတာနဲ့ download လုပ်နေတာကို တွေ့ရပါလိမ့်မယ် .



Monday, July 6, 2009

Mediafire မှ Download လုပ်နည်း

Mediafire မှာ file တွေကို တင်ချင်လို့ပဲဖြစ်ဖြစ် .. တင်ပြီးသားဖိုင်တွေကို download လုပ်ချင်လို့ပဲဖြစ်ဖြစ် .. သိရအောင်လို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ .. အခု ကျွန်တော် download လုပ်နည်းကိုပြောပြပါ့မယ် . လွယ်ပါတယ် . ဒါပေမယ့် စုံသွားအောင်လို့ ရေးလိုက်တာပါ .. share ခွဲပေးထားတဲ့ download link တွေဟာ အောက်က ဥပမာပုံစံလိုမျိုး dl link ထုတ်ပေးပါတယ် .
http://www.mediafire.com/?1zjhmztjzjj

အဲ့လိုလင့်လေးကနေ ပြန်ပြီးတော့ download လုပ်ယူမယ်ဆိုရင် လင့်လေးကို copy ကူးပြီး address box မှာ ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ .. ပုံလေးကိုကြည့်လိုက်ပါ ..

Monday, February 9, 2009

ifile.it နှင့် ဘယ်လို download လုပ်မလဲ

သိပြီးသားလူတွေအတွက် မရည်ရွယ်ပါဘူးဗျာ . တစ်ချို့ကမေးမေးနေလို့ တင်လိုက်တာပါ.
အခုမြင်နေရတဲ့ပုံအတိုင်း Request Download Ticket ဆိုတာလေးကို နှိပ်လိုက်ပါ ...
Image Hosted by ImageShack.us

ဒုတိယအကြိမ် ပေါ်လာတဲ့ Download ဆိုတာလေးကို နှိပ်လိုက်ရင်တော့ download ကျလာပါပြီဗျာ.
Image Hosted by ImageShack.us