Showing posts with label password remover. Show all posts
Showing posts with label password remover. Show all posts

Saturday, October 3, 2009

win rar password remover and win zip password remover

ကဲ ထပ်တင်ပေးလိုက်ပါပြီ မနေ့ကက password cracker ဒီနေ့က password remover ကဲအောက်မှာ Download လုပ်လိုက်ပါဦး . တစ်ခါတည်းပါတယ်နော် . ကြိုပြောထားတာ အော်ဆဲခံရမှာစိုးလို့ . ပင်လဲပင်ပန်းသေး အဆဲလဲခံရသေးဆိုရင် ကျွန်တော့်နေရာကိုလဲ ၀င်ကြည့်ကြပါဦး . ပေးတာကို အေးအေးမယူဘူး . ကလော်တုတ် သွားကြသေးတယ် .

Download ifile.itDownload mediafire

Sunday, September 20, 2009

pdf password remover

zaw2aung: ညီရေ pdf password remover fullversion လေးများရှိရင်ပို့ပေးပါဦး

ကျွန်တော်တင်ပေးလိုက်ပါပြီ .. ဒါပေမယ့် တစ်ခုကြိုပြောပါရစေဗျာ . ဒီစကားကလဲ ခဏခဏ ပြောနေရတာပါ . တစ်ချို့ဆိုရင် ကျွန်တော့်ကို အမြင်တောင် ကပ်နေပြီလားမသိပါဘူး . ကျွန်တော်အခု ဖိုင်နဲ့တွဲပြီး Keygen ပါတွဲပြီး တင်ပေးလိုက်တာပါ . အဲ့တော့ Register မလုပ်ခင် ဗိုင်းရပ်စ် program ကို ခဏပိတ်ထားပေးပါ . Virus သတ်တဲ့ ဘယ် Program ပဲဖြစ်ဖြစ် Keygen ကို virus လို့ပဲ သိကြတာပါ . ပြီးတော့မှ ကျွန်တော့်ကို serial no. တောင်းနေတယ်လို့ . လိုင်စင်လုပ်ဖို့တောင်းနေတယ် . ကိုညီနေမင်းက product key အတွက်တော့ ဘာမှမပေးလိုက်ဘူးတို့ . ခဏခဏပြောနေတာ တွေ့ရပါတယ် . ဟိုတစ်ရက်ကဆိုရင် ဗိုင်းရပ်စ်ပါတယ်တောင် လုပ်တာ . ကျွန်တော် keygen ဖိုင်တွဲထည့်ပေးတဲ့ အခါတိုင်း ဒီစကားကို ခဏခဏပြောပါတယ် . အဲ့တော့ ကျွန်တော်တို့ register မလုပ်ခင် ပိတ်ပြီးမှ Keygen ကို run ပါ . ပြီးတော့မှ virus တော့ပါတယ် . လိုင်စင်လုပ်ဖို့တော့ မပါဘူးလို့ မပြောကြပါနဲ့ . ကျွန်တော် ဘယ်တော့မှ အဲ့လိုမျိုး သူများဒုက္ခရောက်အောင် စိတ်အပင်ပန်းလူအပင်ပန်းခံပြီး မလုပ်ပါဘူး . အစ်ကိုရာ ဗိုင်းရပ်စ်တွေပါလာတယ် . အစ်ကိုအဲ့လိုတော့ မလုပ်သင့်ပါဘူး ဆိုတော့ ကိုယ်ကဘဲ လူယုတ်မာလိုလိုဘာလိုလို နဲ့ ပြောပုံက အတော်အခံရခက်တာဗျ . ရေးပြထားတာတွေကိုလဲ အသေအချာ အစအဆုံးမဖတ်ပဲ နင်းကန် အပြစ်တင်တာ အတော်ဆိုးတယ်ဗျာ .. အခမဲ့ သက်သက် မြန်မာပြည်က လူငယ်တွေ နည်းပညာလေ့လာရလွယ်ကူအောင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးရုံသက်သက်ပါ . ကျွန်တော် ဓါတ်ပုံနဲ့ကို လုပ်ပုံလုပ်နည်း ကိုတင်ပေးလိုက်ပါတယ် . register လုပ်တဲ့နေရာမှာ ကိုကြိုက်တဲ့နာမည်နဲ့လုပ်ပါ . အောက်မှာ ပုံနဲ့ပြထားပေးပါတယ် .




Download ifile.itDownload mediafire