
Memory stick တွေကို အကောင်းဆုံးက အင်္ဂလိပ်လိုပေးတာ အကောင်းဆုံးပါ . မြန်မာလို ပေးထားတဲ့ memory stick ထဲမှာရှိတဲ့ pdf ဖိုင်ပဲဖြစ်ဖြစ် . တစ်ခြားဖိုင်ပဲဖြစ်ဖြစ် ဖွင့်တဲ့အခါမှာ တစ်ခုမဟုတ်တစ်ခု ပြဿနာဖြစ်တတ်ပါတယ် .. မြန်မာလိုပေးထားတဲ့ stick ထဲက pdf ဖိုင်တစ်ဖိုင်ကို ဖွင့်လိုက်ရင် တစ်ခါတစ်ရံ error တက်လာပါတယ် . မဖွင့်ပေးပါဘူး . Flash Drive နာမည်ကို ဘယ်တော့မှ မြန်မာလို နာမည် မပေးမိပါ စေနဲ့ . အင်္ဂလိပ်လိုပေးလိုက်ပါ . Virus ကြောင့် format ချမရတဲ့ Flash drive ကို (မြန်မာလို နာမည်ပေးထားရင်အင်္ဂလိပ်လိုနာမည်ပြန်ပေးလိုက်ပါ) . ပြီးရင် တစ်ခြားကွန်ပျူတာတစ်လုံးမှာ သွားထိုး . AutoPlay တက်လာရင် Cancel ပေးလိုက် . ပြီးတာနဲ့ format ချလိုက် . အိုကေသွားပါလိမ့်မယ် . ဗိုင်းရပ်စ်ကြောင့်တစ်ခါတစ်ရံ အဲ့လိုဖြစ်တတ်ပါသေးတယ် . ဒီဖက်က ကွန်ပျူတာမှာ virus ကြောင့် format ချမရရင် တစ်ခြားကွန်ပျူတာနဲ့ သွားချ . ဒါပေမယ့် တစ်ခုသတိထားရမှာက AutoPlay တက်လာတာနဲ့ cancel ပေးဖို့လိုပါတယ် . မဟုတ်ရင် အဲ့ဒီ့ကွန်ပျူတာကိုပါ Virus ၀င်သွားပြီး format ချ မရဖြစ်တတ်ပါတယ် .
No comments:
Post a Comment