ဆရာဟူသည်
တပည့်မရှား
တစ်ပြားမရှိ
ပီတိကိုစား
အားရှိပါသည် တဲ့ ဟဲဟဲ
အဲလိုပဲဗျ ဘလောက်မှာ ရေးတဲ့သူတိုင်းဟာလဲ စာဖတ်သူဆီက တုန့်ပြန်မှုတစ်စုံတစ်ရာကို မလိုချင်ဘူးဆိုပေမယ့် စိတ်ထဲမှာတော့ လိုချင်ကြတာပေါ့ဗျာ။ စာဖတ်သူတွေဘယ်လောက်များများကို့ဘလောက်ကို အားပေးနေတယ်ဆိုတာကိုပေါ့။ နေ့တိုင်းဘယ်သူတွေ ကွန်မန့် ဘာတွေရေးခဲ့လဲဆိုတာကို ကြည့်ကြည့်ပြီးတော့ ပီတိဖြစ်ကြရတာလဲ ဘလောက်ဂါတွေရဲ့ ပင်ပန်းမှုကို နှစ်သိမ့်ရတဲ့ အားဆေးတစ်မျိုးပဲပေါ့...
လုပ်နည်းလေးကတော့ ပထမဦးဆုံး
web >> go to address >> www.google.com ကိုနှိပ်လိုက်ပြီး google ကိုသွားပါ ...
ပြီးတာနဲ့ google search မှာ mobile myanmar ဆိုပြီး ရိုက်ထည့်လိုက်ပါ. အောက်ပုံဆိုက်လိပ်စာလေးကိုတွေ့ရမှာပါ သေသေချာချာ ရှာစေချင်ပါတယ် ..

အဲ့ဆိုက်လေးကို အရင် သွားလိုက်ပါ သွားလိုက်တာနဲ့ အောက်ကဆိုက်လေးထဲကိုရောက်သွားပါလိမ့်မယ်။

အဲ့ဒီ့မှာ ကျွန်တော်တို့ အပေါ်ဆုံး Bar လေးမှာ download ဆိုတာလေးကို ထပ်နှိပ်လိုက်ပါ ..
အောက်ဆိုက်လေးထဲကိုရောက်သွားပါလိမ့်မယ်

စာလုံးအနီနဲ့ရေးထားတာက သိအောင်ကျွန်တော်ရေးထားတာပါ ဆိုက်မှာပေါ်နေမှာက အဲ့ဒီ့စာလုံးအနီနဲ့ဟာ ပျောက်နေမှာပါ.
မြန်မာလို phone message ပို့ချင်တယ်ဆိုရင် အပေါ်ဆုံးက Messx ဆိုတာလေးကို ကလစ်နှိပ်ပြီး download လုပ်ပါ.
အဲ့ အင်္ဂလိပ်မြန်မာ dictionary ကိုလိုချင်ရင်တော့ အောက်ဆုံးက defined:mobile က download full ဆိုတာလေးကို ကလစ်နှိပ်ပြီး download လုပ်ပါ။
ကွန်ပျူတာဖြင့် download လုပ်ချင်ရင်တော့ ဒီဆိုက်ကို သွားပါ ..
ကိုလိုချင်တာ download လုပ်ပြီးရင်တော့ install ပေါ့နော်.. ဒါကတော့ပြောစရာ မလိုလောက်တော့လို့ပြောတော့ပါဘူးဗျာ ..
ကျွန်တော့်ဘလောက်လေးကိုလာလည်ကြတဲ့သူငယ်ချင်းများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ...
ကိုနေရေ ဖတ်လိုက် ဒေါင်းလိုက်လုပ်ကြည့်နေတယ်၊မရရင်တော့ အော်ခေါ်မယ်နော်၊ညံ့လွန်းလွန်းလို့ပါ၊
ReplyDeleteကိုနေ အားရှိအောင် ရေးခဲ့တယ်နော်
အဟင့်... ရှာရုံးပေါင်းဂျီးမှားနေတယ်ချင့်... တပည့်မရှား၊ တစ်ပြားမရှိ ဟုတ်ဘူးရားရို့... တပည့်မ“ခြား”ဆို... “ရှိ”နဲ့တွဲလို့ ရတော့ဝူးလေ..
ReplyDeleteအကို ကိုနေမင်းကို ကျေးဇူးအများကြီးတင်ပါတယ်နော်
ReplyDeleteတကယ်....တကယ် ပါ..။ ၀ယ်ရမယ်ဆိုရင်တော့ ၀ယ်တော့ဝူး အဟိဟိ..။ သုံးရက်စာ ကို ခန ခန ဒေါင်းလော့ချပြီး သုံးမှာပေါ့ ဟုတ်ဖူးလား အဟီး..ကပ်စီးနဲလို့ ဟုတ်ပါဝူး..အသုံးနဲ့ အဖြုန်းနဲ့ ကို နားလည်တာပါ ဟိဟိ။ ဘာပဲပြောပြော ပါ အခုလို မသိတဲ့သူတွေ အပေါ်မှာ စိတ်ရှည်ရှည်နဲ့ စေတနာ ထားပြီး အလုပ်တွေကြားထဲက နေ ရှင်းပြပေးတဲ့ အတွက် တနေ့ အကို့ ကို စေတနာ အကျိုးပေးမှာပါနော်၊ နောင်လဲ ဆက်ပြီး အများရဲ့ အခက်အခဲတွေကိုပြောပြရှင်းလင်းပေးနိုင်ပြီးတော့....ဒီထက်ပိုပြီး တိုးတက်ပါစေလို့ .................
နေ့ အိမ်မက် ရေ မမှားပါဘူး ကိုနေမင်း ရေးထားတာ မှန်ပါတယ်...နေ့ အိမ်မက်ထင်သလို့ တပည့်မခြား မဟုတ်ဖူးလေ..ဆရာတွေ သုံးနေကျ စကားလေးပါ
ReplyDeleteတပည့်မရှား ...ဆိုလိုတာက တပည့်တွေပေါပါတယ်တဲ့
တပြားမရှိ ဆိုတာက ပိုက်ဆံကတော့ မရှိဘူးပေါ့..မှားနေတယ်ထင်နေမှာစိုးလို့ နော်....
မယုံဘူးဆို ဆရာတွေ ကိုလိုက်မေးကြည့်ပေါ့...