Friday, February 6, 2009

List of photo sharing websites

Image Hosted by ImageShack.us
ကဲသူငယ်ချင်းများအားလုံးအတွက် ကျွန်တော့်ဒီနေ့တွေ့လာတာလေးပေးလိုက်ပါတယ်။ ဗဟုသုတအတွက်ပေါ့။ ကျွန်တော်တို့ ဘလောက်အတွက် ဓါတ်ပုံများနှင့် အခြားသောဖိုင်များကို sharing လုပ်ဖို့အတွက် ဖိုင်များကို sharing websites များမှာ တင်ရပါတယ်။ အခုအဲ့ဒီ့ photo sharing အတွက် Popular ဖြစ်တဲ့ ဆိုက်တော်တော်များများကို စာရင်းပြုစုထားပါတယ်။ ======>>>>

တော်တော်လေးကိုကောင်းပါတယ်။ ကျွန်တော်ဒီလိုပေးရခြင်းရည်ရွယ်ချက်က website တစ်ခုတည်းကိုချည်း လူတွေအများကြီးတင်နေ တာထက်၊ ကောင်းတဲ့ ဆိုက်လေးတွေကို ရွေးပြီး တင်ကြမယ်ဆိုရင်ပိုကောင်းပါတယ်။ ပြီးတော့အခု စာရင်းလုပ်ထားတာဆိုရင် အတော်လေးပြည့်စုံတယ်လို့ပြောချင်ပါတယ်။ ကျွန်တော်သိတဲ့ဆိုက်တော်တော်များများ အကုန်ပါပါတယ်။ လူအယောက်ရေကိုပါ ခန့်မှန်းခြေ၊ ပေးထားတဲ့ အသုံးပြုနိုင်မှုပမာဏ၊ Free user တစ်ယောက်အတွက် အခွင့်အရေးအစရှိသဖြင့် စာရင်းပြုစုထားပါတယ်။ ကိုကြိုက်တဲ့ဆိုက်အကြောင်းကိုလေ့လာပြီး၊ ကိုယ့်နိုင်ငံနဲ့ကိုက်မယ့်ဆိုက်တွေမှာ တင်ကြဖို့အကြံပြုပါရစေလားဗျာ။ ရွေးချယ်ဖို့ ဆိုက်တွေရဲ့အကြောင်းကိုပါ ပြောပြထားတာဖြစ်သည့်အတွက် ကို့အတွက်ရွေးချယ်ဖို့ အခွင့်အရေးများသွားတာပေါ့. ကဲမြန်မြန်နဲ့ကောင်းကောင်းဆိုက်တွေကို ရွေးချယ်ဖို့ ကြည့်ချင်တယ်ဆိုရင်တော့ ဒီကို သွားလိုက်ပါလို့ ညွှန်းလိုက်ပါရစေဗျာ.

Blog Template Logo Icon များ


Blog template logo icon တွေကိုတော့ သိမယ်လို့ထင်ပါတယ်။ ၀ဘ်ဆိုက်တစ်ခုရဲ့ Logo ဟာ ၄င်းဝဘ်ဆိုက်လိပ်စာရဲ့ အရှေ့မှာရှိပါတယ် ... ကျွန်တော် အဆင်သင့်လုပ်ထားပြီးသား logo လေးများကို ရှာပြီးတော့ share ပေးလိုက်ပါတယ် ...
Logo ကို web ပေါ်မတင်ခင် http://www.fileden.com မှာ အကောင့်လုပ်ထားဖို့ တိုက်တွန်းချင်ပါတယ်.
ဖိုတိုရှော့ကတော့ မပါမဖြစ်ဆိုသလို ပါမှာပါ .. အဲ့ဒီ့တော့ Adobe photoshop ကိုလဲ install လုပ်ထားပါလို့တိုက်တွန်းချင်ပါတယ် ..
အောက်မှာ အဆင်သင့်သုံးလို့ရအောင် ကျွန်တော် logo တွေကို ရှယ်ထားပါတယ် .. ifile.it ၊ 4shared နှင့် mediafire ကနေ သုံးနေရာ ခွဲပြီးတင်ပေးထားပါတယ် ... အဆင်ပြေတဲ့လင့်ကနေ download လုပ်ယူနိုင်ပါတယ်။ ဖိုင်က သုံးဖိုင်ပါ ..

Image Hosted by ImageShack.us













ကဲအားလုံး download ချပြီးသွားပြီဆိုရင်တော့ စလုပ်ကြည့်ရအောင်ဗျာ ...
ပုံနှင့်တစ်ဆင့်ချင်းဆီ ပြထားပါတယ် .. photoshop အကြောင်းနားလည်တဲ့သူအတွက် မခက်ပေမယ့် နားမလည်တဲ့သူတွေအတွက် ခက်နေမှာစိုးလို့ တစ်ဆင့်ချင်းပြထားတာပါ. နှာခေါင်းမရှုံ့စေချင်ပါဘူး ..
ကဲ adobe photoshop ကိုဖွင့်လိုက်ပါ ပြီးတာနဲ့ ကို့စိတ်ကြိုက် log ရှိတဲ့ ဖိုင်လေးကို ဖွင့်လိုက်ပါ ... ပြီးတာနဲ့ ပုံထဲက အတိုင်း photoshop က marquee tool (sh Key = m) ကိုနှိပ်ပြီးတာနဲ့ ကိုကြိုက်တဲ့ logo လေးကို ပုံထဲကအတိုင်း ဖိပြီးဆွဲလိုက်ပါ ...
ပြီးရင် ctrl + n (new) ကိုနှိပ်ပါ ပေါ်လာတဲ့အကွက်ထဲမှာ အောက်ပါအတိုင်း ပြောင်းပေးလိုက်ပါ 32 pixels x 32 pixels ဆိုပြီးဖြည့်ပေးလိုက်ပါ ပြီးတာနဲ့ enter ခေါက်လိုက်တာနဲ့ file အသစ်တစ်ခု ပေါ်လာပါလိမ့်မယ်.
ပေါ်လာတဲ့ဖိုင်ထဲကို ကိုကြိုက်တဲ့ icon လေးကို ဆွဲပြီးထည့်လိုက်ပါ ...
ပြီးတာနဲ့ jpeg နဲ့ destktop မှာ save ပေးလိုက်ပါ ...
desktop မှာရောက်နေတဲ့ ဖိုင်လေးကို paint နဲ့ဖွင့်လိုက်ပါ .. ပြီးတာနဲ့ save as လုပ်လိုက်ပါ ပေါ်လာတဲ့ file name နေရာမှာ တစ်ခုခုဖြည့်ပြီး နောက်က .ico နဲ့သိမ်းပေးပါ. (example => nyinaymin.ico) သိမ်းပြီးတာနဲ့ အဲ့ဒီ့ဖိုင်လေးကို http://www.fileden.com/ မှာ သွားပြီး upload လုပ်ရမှာပါ. လုပ်တတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်. မလုပ်တတ်ရင်လဲ ကျွန်တော် နောက်တစ်ခါ ပို့စ်တစ်ပို့စ်ရေးပေးပါဦးမယ်။ ရလာတဲ့လင့်ကို http://ဘာညာသာရကာ/ ဆိုပြီးရှိတဲ့နေရာလေးကိုပဲ copy ကူးမှာပါ.. နောက်က ပါလာတဲ့ ကုတ်တွေကို မကူးပါဘူး။ http://www.fileden.com/files/2008/10/10/2137481/nyinaymin.ico အဲ့ဒီ့လိုလေးရလာမှာပါ . မသေချာဘူးဆိုရင် address bar မှာ ရိုက်ပြီးတော့ကြည့်လိုက်ပါ .. icon ပုံလေးပေါ်နေပါလိမ့်မယ်.
အဲ့ဒီ့လင့်လေးရလာအောင် အောက်ပါပုံအတိုင်း ယူလိုက်ပါ
Free Image Hosting at www.ImageShack.us

ရလာတဲ့ဖိုင်လေးကို http://www.fileden.com မှာတင်လိုက်ပါ .. တင်လိုက်လို့ရလာတဲ့ လင့်လေးကို အောက်က အနီရောင်စာသား နေရာမှာ ဖြည့်ရမှာပါ.


Thursday, February 5, 2009

အကောင်းဆုံး Blog Template များ

ကဲသူငယ်ချင်းများအားလုံးအတွက် အကောင်းဆုံးဘလောက် template များကို ရွေးပြီးတင်ပေးလိုက်ပါတယ်။ ကြိုက်တဲ့သူ ဒေါင်းလော့ချပြီး သုံးနိုင်ကြပါတယ်။ Template အထဲမှာ Eot တော့မလုပ်ရသေးပါဘူး။ နောက်ကျမှပဲ စိတ်ကြိုက်ရွေးပြီး ထပ်တင်ပေးပါ့မယ်။ လင့်ကတော့ ၂ နေရာကနေ တင်ပေးလိုက်ပါ့မယ်။ အဆင်မပြေဘူးဆိုရင်တော့ ကွန်မန့်လေးများရေးပေးခဲ့ ကြပါ။ ကျွန်တော် အဆင်ပြေတဲ့လင့်ကနေ ထပ်ပြီးတင်ပေးပါ့မယ်။

Image Hosted by ImageShack.us



======================================

Download Accelerator Plus (DAP)

အင်တာနက်လိုင်း မကြာခဏလိုင်းပြုတ်ပြုတ်ကျ တတ်တဲ့ ဘယ်လိုနေရာမျိုးမှာ ပဲဖြစ်ဖြစ်၊ မီးပြတ်တာတို့၊ PC Hang တာမျိုးတို့ဖြစ်တတ်တဲ့နေရာမျိုးမှာ download မှ လုပ်တော့မယ်ဆိုရင်တော့ download manager ဒါမှမဟုတ် Download accelator plus တို့လို software တစ်ခုခုမှတစ်ဆင့် download လုပ်ယူတာ ပိုပြီးသင့်တော်ပါတယ်။ ဒီ software တွေကိုခံပြီး download လုပ်ခြင်းအားဖြင့် download လုပ်ပြီးသား data များ ပျောက်ဆုံးခြင်း၊ အစမှပြန် download လုပ်ရခြင်း ဒုက္ခမှ ကင်းဝေးနိုင်သည့်အပြင်၊ လိုင်းကျတတ်တာတို့၊ မီးပျက်သွားတာတို့ဖြစ်ဖြစ်ပေါ့ ကွန်ပျူတာတစ်စုံတစ်ရာကြောင့် download လုပ်နေစဉ်အချိန်အတောအတွင်း ရပ်တန့်ခြင်းဖြစ်ခဲ့လျှင် ပူစရာမလိုပါဘူး။ အစမှပြန်ပြီး download လုပ်စရာမလိုပါဘူး။ပြီးခဲ့တဲ့နေရာကနေ ပြန်ပြီး auto download လုပ်ပေးပါတယ်။ ကျွန်တော်လဲ အခုအချိန်အထိ software လေးကိုပဲ သုံးနေတာပါ။ တော်တော်လေးကို အဆင်ပြေပါတယ်။

ကဲအောက်မှာ download လုပ်လိုက်ပါဦး
Download ifile.it ၊

Install လုပ်ပြီးသွားပြီဆိုရင်တော့ desktop မှာ အောက်ပါပုံအတိုင်း ဖိုင်နှစ်ဖိုင်ရောက်နေမှာပါ။



လိုင်းကျလို့ download လုပ်တာ မပြီးခဲ့လျှင် desktop >> Download Accelerator Plus (DAP) >> Downloads >> Resume ကိုပြန်နှိပ်လိုက်ပါ.မပြီးသေးသည့်နေရာမှ ဆက်လက်ပြီး download လုပ်နေပါလိမ့်မယ်.
အားလုံးပြီးဆုံးသွားပြီဆိုရင်တော့
desktop >> My Completed Downloads ကို သွားလိုက်ပါ .. ကိုလုပ်ခဲ့တဲ့ ဖိုင်တွေကိုမြင်တွေ့ရမှာပါ.

Monday, February 2, 2009

ဟန်းဖုန်းတစ်လုံးရဲ့ အသုံးဝင်မှု

(၁) အရေးပေါ် အတွက်
keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။
(၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လား
သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ.. စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာ ပျော်စရာပဲ မဟုတ်လား။ ကျွန်မတို့ စမ်းကြည့်တာ အောင်မြင်တယ်ရှင့်။ အိမ်ကလူက လာပေးစာ မလိုတော့ဘူးပေါ့။ အကွာအဝေးက အရေး မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။

(၃) ဖွက်ထားတဲ့ အပို ဘက္ထရီ
သင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။

(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။
သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။


Sunday, February 1, 2009

Photoshop အကြောင်းသိကောင်းစရာ

Photoshop ကတော့ ဒီဇိုင်းလုပ်တာပဲဖြစ်ဖြစ်၊ Website တစ်ခုကိုမိမိလိုချင်တဲ့ ဒီဇိုင်း မျိုးဖန်တီးတာပဲဖြစ်ဖြစ်ပေါ့ မရှိမဖြစ် လိုအပ်ပါတယ် ...ကျွန်တော်တို့ ဥပမာဗျာ ဘလောက်မှာပဲဆိုကြပါစို့ .. သူတို့တွေဖန်တီးပေးထားတဲ့(မိမိကြိုက်နှစ်သက်ရာဝ template html ပုံစံကိုရွေး၊ သူတို့တင်ပေးထားတဲ့ template ကို html ကုတ်တွေကို ဒီအတိုင်းထားပြီး မိမိကိုယ်တိုင် photoshopနှင့်ပြင်၊ link တစ်ခုမှာ ချိတ်ပြီး သုံးကြည့်လိုက်ပါ .. အများလိုပဲ ကိုလိုချင်တဲ့ ဆိုက်လေးတစ်ခု ဖြစ်လာမှာပါ ...အဲ့လိုပြင်တာကို ကျွန်တော့်အမြင်ကတော့ html code အကြောင်းကို သေချာနားမလည်ပဲ ဦးနှောက်ဖောက်စားတယ်လို့ ခေါ်ချင်တယ်ဗျာ ... html code အကြောင်းကိုမသိပဲ သူများ Blog template များနည်းတူ မိမိ blog template လေးကို ပြင်တာပါ။ အဲ့ဒီ့ပြင်တဲ့နည်းဟာ ကလေးဆန် ပေမယ့် အတော်လေးထိရောက်ပါတယ်။ ကျွန်တော်နဲနဲလေးအားတာနဲ့ ဘယ်လိုမျိုး ဖိုတိုရှော့နဲ့ပြင်တယ် ဘယ်လိုတင်ရမယ်ဆိုတာကို အသေးစိတ်ဓါတ်ပုံနှင့်တစ်ကွ တင်ပေးပါ့မယ်။ နည်းပညာဆိုတာ မသိသေးခင်တော့ ခက်ပေမယ့် သိသွားတော့လဲ။ အော်ဒါလေးများ ငါလဲသိတာပေါ့။ လွယ်လွယ်လေးပါဆိုတာမျိုး ဖြစ်တတ်ပါတယ် .. အရင်ဆုံး ကိုလိုချင်တဲ့ ဆိုက်တစ်ခုရဖို့အတွက် photoshop အကြောင်းကို နဲနဲပါးပါးလေ့လာလိုက်ပါဦးဗျာ ...

Photoshop အကြောင်း မြန်မာလိုလေ့လာချင်သူများအတွက် စာအုပ်လေး တင်ပေးလိုက် ပါတယ်။download လုပ်ချင်သူများ ဒီမှာ ပါ။
နောက်တစ်နေရာကနေ ထပ်တင်ပေးလိုက်ပါတယ် ဒီမှာ ပါ။
link တွေသေသွားရင် ကျွန်တော့်ကို အသိပေးစေချင်ပါတယ် ..

Movies site များ

အင်္ဂလိပ် ၀ိဥာဉ်နှင့်သက်ဆိုင်နဲ့ကားများ အများဆုံးတင်တဲ့ဆိုက်က ဒီမှာ ပါ။
အင်္ဂလိပ် ဟာသနှင့်သက်ဆိုင်တဲ့ကားများ အများဆုံးတင်တဲ့ဆိုက်က ဒီမှာ ပါ။
ထူးထူးဆန်းဆန်းကားလေးများ (အင်္ဂလိပ်) ဒီမှာ ပါ
ရိုးရိုး movies များ ကတော့ ဒီမှာ ပါ
မြန်မာ ဗွီဒီယို ဇာတ်ကားများတင်တဲ့ဆိုက်က (Download)ဆိုက်က ဒီမှာ ပါ။
(တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်)

မြန်မာ movies download sites က တော့ ဒီမှာ ပါ
နောက်တစ်ခုက (မြန်မာ) ဒီမှာ ပါ။
နောက်တစ်ခု (မြန်မာ) ဒီမှာ ပါ။