ကဲဘော်ဒါတွေ သင်္ကြန်မှာ ကဲဖို့ ကျွန်တော်တို့ဆီမှာ ၀ယ်ရတဲ့ DJ သီချင်းတွေကို ခိုးပြီးတင်ပေးလိုက်တယ်နော် ... ဟီးဟီး
အားလုံး အဆင်ပြေနိုင်ကြပါစေဗျာ .. သီချင်းတွေကို http://nyinaymin.ning.com မှာ တင်ထားပါတယ် .. လိုချင်တယ်ဆိုရင် real player ကို အရင်ဆုံး download လုပ်ပြီးတော့မှ ယူလိုက်ပါ အားလုံးအဆင်ပြေသွားအောင်လို့ .. ကို မကဲရပေမယ့် ကဲချင်တဲ့ သူငယ်ချင်းတွေအတွက် တစ်ဖက်တစ်လမ်းက ကူညီပေးလိုက်ပါတယ် ... Real player ကို ဘယ်လို download လုပ်မလဲတော့ မမေးကြနဲ့တော့နော် .. ဟိုးအောက်မှာ ကျွန်တော် real player အကြောင်း ပို့စ်တင်ထားပါတယ် .. တစ်ချို့သူငယ်ချင်းတွေက လိုချင်တာတော့ အရမ်းပဲ ... စာဖတ်ရမှာတို့ ရှာရမှာတို့ အတော်ပျင်းတာ .. အဲ့လိုတော့ မလုပ်ကြနဲ့ဗျာနော် .. :P
ပိတောက်မြင်တိုင်း မြန်မာပြည်ကို လွမ်းတယ် ..
ညီနေမင်း
Sunday, April 12, 2009
Friday, April 10, 2009
လူလည် အာရှသား
လူလည် အာရှသား (ရေး၊ဆို အရိုး)
(တချို့လူတွေကို)၂ အားကျပြီး၊ ရှိစုမဲ့ စုတွေရောင်းချပြီး၊
လေယာဉ်ပျံပေါ်တက်နှုတ်ဆက်တော့ ကျွန်တော် ခန့်ခန့်ကြီးဗျ
(အမေ့ကိုမှာမယ်)၂ အမေမှတ်သာထား၊
အမျိုးနဲ့ ရပ်ကွက်ကို ပတ်သာကြွား၊
ကျွန်တော်ဒီနေ့ပဲ ဖောရင်းသွားပြီ ဖလိုက်အသစ်ကြီးနဲ့ ဗျ၊
(ကောင်းကင်ပေါ်တက်)၂ တော့ လန့်အော်တယ်၊
တဖြည်းဖြည်းမြင့်တက်လာ၊ မိုးတိမ်ထဲ ပြတင်းပေါက်ကချောင်း၊
သိကြားမင်းတွေ့ရင် နှုတ်ဆက်မလားပဲ၊
(မိုးပျံနေတဲ့)၂ တိုက်တွေကြား၊ နည်းနည်း ရင်းနှီးတဲ့ မျက်နှာများ၊
ခင်ဗျားတို့သုံးတတ်တဲ့  အခေါ်အဝေါ်တွေနဲ့  ကျွန်တော်နှုတ်ဆက်တယ်၊
chorus 1 : ဘကုန်းလား ယပလက်လား၊ ဖဦးထုတ် ဂငယ်လား၊ ဒါမှမဟုတ် အ ပဲလား မပဲလား၊
အူကြောင်ကြောင်(လူကုံထံ) ရွှေတွေတဲ့ လား၊ ဘယ်သူဘာဖြစ်ဖြစ် အလုပ်အတူသွား၊
နေ၀င်မီးပိတ် ပုရွက်ဆိတ်များ၊ အရုဏ်တက်တိုင်းထ မနက်တိုင်းတက်ကြွ လူလည်အာရှသား၊
(မနက်ဆိုမြည်မယ်)၂ Alarm နာရီ၊ ရည်းစားမှ ဖြောင့်အောင်မလွမ်းနိုင်မီ၊
အရောင်စုံလူတွေကြားထဲ တိုးရဦးမယ်၊ အလုပ်နောက်မကျမီ၊
(အားရင်ထိုင်ရေး)၂ စာမျက်နှာတွေ၊ ဖုန်းခဈေးကြီးလို့ မဆက်နိုင်သရွေ့၊
အဝေးက ဦးချကြ၊ ရွှေတိဂုံမြေ ပြန်မရောက်သေးသရွေ့တော့၊
chorus 2: ဘာဖြစ်ဖြစ်သတိသာထား၊ ငါတို့ရည်းစား သူများနဲ့ ညား၊
အသေသာမှတ်စွဲထား၊ what so ever ပျော်အောင်သာနေကြ၊
မဟာလူတန်းစား အိပ်မက်များ၊ အိမ်ပြန်အခန်းပိတ် ကျိတ်ငိုကြ၊
အရုဏ်တက်တိုင်းထ၊ မနက်တိုင်း တက်ကြွ လူလည် အာရှသား၊
သီချင်းလေးကို နားထောင်ရင်းနဲ့ ရင်ထဲမှာ တစ်မျိုးခံစားရလို့ တင်ပေးလိုက်တယ်ဗျာ ..
သီချင်းလေးကို download လုပ်ချင်ရင် ဒီမှာ ပါ ...

Monday, April 6, 2009
yola ၀ဘ်ဆိုက်ရေးနည်းလမ်းညွှန်
ကျွန်တော်ဒီနေ့တော့ ဒီ ပို့စ်လေးကိုရေးဖြစ်သွားပါတယ် .. ဆိုက်လေးကိုလဲ စမ်းသုံးရင်းပေါ့ .. နောက်တစ်နေ့တွေမှာလဲ အဲ့ဒီ့နေရာလေးကို လာလည်ပေးပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ် . ကျွန်တော် http://naymin.synthasite.com/yola-website.php မှာ (yala website အသုံးပြုနည်း)ကို သေချာရှင်းပြထားပါတယ် .. Menu Bar လုပ်နည်းလေးပါ . လွယ်လဲလွယ်ပါတယ် .. သူငယ်ချင်းတို့လဲ စမ်းသုံးကြည့်ပေးပါဦး . နောက်နေ့လဲ အဲ့ဒီ့ဆိုက်လေးမှာပဲ သူနဲ့ သက်ဆိုက်တာတွေကို သွားရေးပါ့မယ် .. ဟိုသွားဒီသွားမို့ စိတ်မညစ်ပါနဲ့လို့ ကြိုပြီးတောင်းပန်လိုက်ပါတယ် ..
အားလုံးပဲ ပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါရစေ ..
ညီနေမင်း
အားလုံးပဲ ပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါရစေ ..
ညီနေမင်း
Sunday, April 5, 2009
Website တစ်ခု တည်ဆောက်ခြင်း (၁)

ကဲအောက်မှာကြည့်လိုက်ဗျာ ပုံတွေနဲ့ရှင်းပြထားတယ် ..
အားရင် အားသလို တင်သွားပေးပါ့မယ် ... ဆိုက်တွေကတော့ လိုက်လိုက်ပြီးလုပ်ထားတာကို တော်တော်များနေပြီ အကြိုက်မတွေ့သေးလို့ .. အခုတော့တွေ့သွားပါပြီ ..
http://www.nyinaymin.co.cc, http://www.thurain.co.cc, http://grou.ps/nyinaymin, http://nyinaymin.page.tl
http://nyinaymin.webs.com, အခုနောက်ဆုံးတွေ့လိုက်တဲ့ http://naymin.synthasite.com တဲ့ ဒီဇိုင်းတွေကတော့ ဖရီးပေးထားတာ လန်ထွက်နေတာပဲ ... ပြီးတော့ သူက အကောင့်တစ်ခုတည်းရှိရုံနဲ့ web ပုံစံရော blog ပုံစံရော နှစ်မျိုးလုံးနဲ့ ရေးလို့ရတယ် .. ပြီးတော့ ကျွန်တော်တို့ html code တွေကိုလဲ ခေါင်းစားစရာမလိုဘူး .. blog မှာဆိုရင် လိုက်ပြီး template ရှာရ .. ရှာလို့တွေ့တော့လဲ . column မပါလို့ စိတ်ညစ်ရ .. ပါတော့လဲ ကော်လံကို ၂ ခုလောက်ထားချင်တာတို့လိုမျိုးပေါ့ ... အဲ ဆိုက်လေးက ကိုထားချင်တဲ့ ပုံစံမျိုးသူ ကော်လံအမျိုးအများကြီးပေးထားတယ် ဆိုက်ကိုလဲ ကိုရှိထားတဲ့ ဒီဇိုင်းကို ပုံစံအမျိုးမျိုး ဖန်တီးလို့ရတယ် .. ရောလို့ရတယ် .. ကဲပါ ကျွန်တော် တစ်ဖြည်းဖြည်းချင်းစီ ရေးသွားပေးမယ် .. နဲနဲတော့စိတ်ရှည်ပါ .. နားလည်တဲ့သူတွေအတွက်တော့ သုံးတတ်လိမ့်မယ်လို့ထင်ပါတယ် ... အဲ့ဒီ့ website လေးကိုသွားချင်ရင် (http://www.yola.com/) ပါ .. ကဲကံကောင်းနိုင်ကြပါစေဗျာ ..
ကျွန်တော် မနက်ဖြန်ကျမှ ပုံတွေနဲ့ သေချာ ရှင်းပေးပါ့မယ် .. သူငယ်ချင်းတို့ စမ်းသုံးကြည့်ကြပါဦး ..
Friday, April 3, 2009
CO.CC (FREE) မရတော့လို့ စိတ်ညစ်နေတဲ့ ဘော်ဘော်များအတွက် CO.NR တဲ့

အဆင့်(၁) .... http://www.freedomain.co.nr/ ကိုသွားပါ ..
အောက်ကပေးထားတဲ့ပုံလေးတွေအတိုင်း တဆင့်ဆီလုပ်သွားလိုက်ပါ ..
ပုံများကို အကြီးချဲ့ပြီးကြည့်ချင်လျှင် ကလစ်တစ်ချက်နှိပ်လိုက်ပါ ...
Wednesday, April 1, 2009
RealPlayer11GOLD.exe

realplayer11gold ကို download လုပ်ချင်ရင်တော့ ဒီမှာ download လုပ်နိုင်ပါတယ်ဗျာ ... install လုပ်တာကတော့ လွယ်ပါတယ် အဆင်ပြေမယ်လို့ ထင်လို့ ကျွန်တော် မရှင်းပြတော့ပါဘူး ...
Subscribe to:
Posts (Atom)