Saturday, December 19, 2009

Vista Icon Pack2

လိုအပ်တဲ့သူများ အောက်မှာ Download လုပ်ယူလိုက်ပါ . ifile.it နဲ့ mediafire ကနေ တင်ထားပေးပါတယ် .

Download ifile.it ၊ Download mediafire

Construction Signs Set icon

Download ကို အောက်မှာ နှစ်နေရာကနေ တင်ထား ပေးပါတယ် . အဆင်ပြေတဲ့ လင့်ကသာ Download လုပ်ကြပါ . ဒါကတော့ ၀ဘ်ဆိုက်တွေ ပြင်နေတဲ့အချိန်မျိုးနဲ့ တစ်ခြား တစ်စုံ တစ်ရာပြင်ဆင်မှု ပြုတဲ့အချိန်မှာ သုံးတဲ့ သင်္ကေတတွေပါ .

Download ifile.it ၊ Download mediafire

Acqua Icons

အောက်မှာ Download လုပ်လိုက်ပါ .

Download ifile.itDownload mediafire

black and white icon set

ဒီနေ့တော့ icon တွေကိုပဲ တင်ပေးလိုက်တယ် . brush တွေကိုလဲ တင်ပေးဖို့ရှိသေးတယ် . တစ်ကယ့်ကို အကောင်းဆုံး brush တွေကို စုထားတယ် . 2009 ခုနှစ် ထွက်သမျှ brush တွေကို . အခုတော့ icon လေးတွေကို Download လုပ်လိုက်ပါဦး .

Download ifile.itDownload mediafire

2009 ရဲ့ လက်ရွေးစင် 3D-icon pack

လာပြန်ပြီလို့ မလုပ်နဲ့ဦး . ဒါက အရင် icon နဲ့မတူဘူး . 3D icon တွေ . 3D ပုံစံကြိုက်သူများအတွက် . သဘောကျတယ်ဆိုရင် ထုံးစံအတိုင်းပေါ့ .

Download ifile.itDownload mediafire

Loading Animated Gif

ကဲ ဒါကတော့ loading time ကြာမြင့်တဲ့အချိန်မှာ ဒီတိုင်း ငုတ်တုတ်ထိုင်နေရတာ ထက်စာရင် animation ပုံစံလေးနဲ့ဆိုတော့ စောင့်ရတာ စိတ်သက်သာတာပေါ့ . အဲ့လို loading ကိုပုံစံအမျိုးမျိုးနှင့် တင်ထားပေးပါတယ် . တစ်ကယ့်ကို special animation တွေပါပဲ .

Download ifile.itDownload mediafire

လက်ရွေးစင် icon များ ပေါင်းစည်းခြင်း

ဘယ်နေရာမှာ သုံးတယ်ဆိုတာတော့ ပြောဖို့ကို မလိုတော့ဘူးလို့ ထင်တာပဲ . လိုတယ်ဆိုလဲ ထပ်ပြောလိုက်ပါတယ် . ဘလောဂ်ရဲ့ မြှားတွေ၊ နဲ့ တစ်ခြား ဒီဇိုင်းတွေမှာ ပုံလှလှလေးတွေ ထည့်ချင်တယ် ဆိုရင် အစားထိုးထည့်လို့ရအောင် အဆင်သင့်လုပ်ထားပြီးသား လက်ရွေးစင် icon တွေကို တင်ပေးလိုက်ပါတယ် . ဘလောဂ်ကို အတော်အသင့် နားလည်တဲ့သူတွေ၊ photoshop ကို အသုံးပြုတတ်တဲ့ သူတွေဆိုရင်တော့ icon ကို ဘယ်နေရာမှာ သုံးရတယ်ဆိုတာ ပြောစရာမလိုလောက်ပါဘူး . အခုဒီထဲမှာ .ico နဲ့ .png နှစ်ခုစလုံး ပေါင်းထည့်ထားတယ် .


Download ifile.itDownload mediafire

Friday, December 18, 2009

Movavi Video Suite 8.0

ဒါကတော့ video editing အတွက် ပါ . အတော်လေး အဆင်ပြေပါတယ် . မြန်လဲမြန်တယ် ပြီးတော့ effect တွေကလဲ အတော်များတယ် .


Download ifile.it ၊ Download mediafireDownload rapidshareDownload megaupload

Total Video Converter 3.5

ကဲဒါကတော့ နောက်ဆုံးထွက် version ပါပဲ . window 7 မှာ အလုပ်လုပ်ပါတယ် . အောက်မှာ Download လုပ်လိုက်ကြပါ .

Download rapidshareDownload ifile.itDownload mediafireDownload megaupload

မိမိ ip address ကို ဖျောက်ပေးမည့် Auto Hide IP 4.6.2.6

ကဲဒါကတော့ သိထားတဲ့အတိုင်း မိမိ ip address ကို ဖမ်းလို့မမိအောင် ip address အစစ်အမှန်ကို ဖျောက်ပေးနိုင်တဲ့ program ပါပဲ . လိုချင်သည့်သူများ အောက်တွင် Download လုပ်ယူနိုင်ပါတယ် . Link ကို နှစ်နေရာကနေ တင်ထားပေးပါတယ် . လိုအပ်ရင် ထပ်ပြီး Download link တွေ ဖြည့်ပေးသွားပါ့မယ် . ip hider တင်ပေးခါမှ ဒီကောင်လေးကို သုံးပြီး လျှောက်ပြီးတော့တော့ ဘလောဂ်တွေကို လိုက်နှောက်ယှက်တဲ့သူများ အဲ့လိုမလုပ်ကြပါနဲ့ . အကျိုးရှိတဲ့နေရာ တွေမှာပဲ သုံးစေချင်တာ ကျွန်တော့်စေတနာပါ .

Download ifile.itDownload mediafire

hp deskjet f300 အတွက် ဖြေရှင်းချက် .

သူသူ "HP Deskjet F300 Series InkJet Printer Resetter လေး လိုချင်ပါတယ်ခင်ဗျာ။ ရရင် တင်ပေးပါဦးနော်။ ကျေးဇူးတင်ပါတယ်။"

printer ၀ယ်သုံးချင်သူများကို သတိပေးချင်တာကတော့ . ဘယ်တော့မှ all in one series ကို မသုံးပါနဲ့ . ကိုကတော့ all in one ဆိုတာနဲ့ printer တစ်လုံးကို ၀ယ်လိုက်တာနဲ့ scanner, copy, print out စတာတွေအားလုံးကို ရမယ် ဆိုတာနဲ့ ၀ယ်လိုက်ရေ . ၀ယ်တုံးကတော့ all in one ကွ ပေါ့ မကြာပါဘူး ပြဿနာက စပြီ . ဓါတ်ပုံတစ်ပုံကို ဖတ်လိုက်ရင် ၀ါးတားတားဖြစ်ရတာနဲ့ copy ကူးရင် black and white ကိုကူးပါတယ်ဆို အပြာရောင်လိုလိုထွက်လာရတာနဲ့ . မျိုးစုံ တစ်ခုပြီးတစ်ခု ပြဿနာ ဖြစ်လာတတ်ပါတယ် . f-300 ရဲ့ ဒုက္ခပေးမှုလေးကို ပြောပြပါ့မယ် . သူအဓိက ပေးတဲ့ဒုက္ခက auto restetter ပါတဲ့ ink cartridges ကို ၀ယ်ပြီးတော့ ထည့်လဲထည့်လိုက်ရော တစ်ချို့ printer တွေမှာ အဆင်ပြေပေမယ့် . တော်တော်များများက 4 ရောင်ရှိတဲ့အထဲက တစ်ရောင် အမြဲလွတ်နေတတ်တယ် . အိုကေသွားပြီပဲထား ထုတ်လို့ပြုလို့ အဆင်ပြေနေတယ် . နောက်ထပ်တစ်ခု ထပ်လာတယ် ဘာလဲဆိုတော့ ဆေးသိပ်မလိုက်တာ . printer ink တွေရဲ့ 80% မှာ ဆေးရည်အမဲရောင်ဟာ အခဲမြန်တယ်ဗျ . သတိထားမိမလားမသိဘူး . နောက်တစ်ခုက ကိုက printer ဆေးမလိုက်လို့ head cleaning လုပ်လိုက်ပြန်ရင်လဲ ဆေးက nozzle မှာ ဆေးခဲပြီး ပိတ်နေတဲ့အခါ ဆေးရည်က over ဖြစ်ပြီးတော့ printer အတွင်းထဲမှာ ဆေးတွေ လျှံကျသွားရော . အဲ့ဒီ့နေရာမှာတော့ epson က သာတယ် . အခုနောက်ထွက်တွေမှန်သမျှ ink over အတွက် ပိုက်တစ်ခု နောက်မှာပါတယ် . cleaning လုပ်လိုက်လို့ over ဖြစ်သွားရင် အဲ့ဒီ့မင်က ပိုက်ထဲကနေ အပြင်ကိုဆင်းသွားတယ် .အဲ့တော့ ကိုက laserjet ကို မသုံးနိုင်လို့ ink jet ကိုသုံးမယ်ဆိုရင် မင်အမဲရောင်ကို တစ်လတစ်ကြိမ်လောက် စစ်ဆေးပေးပါ . လှုပ်ကြည့်လိုက်ပါ . မင်အမဲရောင်ခဲနေပြီဆိုရင် ဆက်မသုံးပါနဲ့ . လှုပ်လိုက်လို့ အရေက တစ်ခြားဆေးရည်တွေလို လှုပ်လိုက်တာနဲ့ အိုကေတယ်ဆို ဆက်သုံးပါ မင်ခဲတော့မယ်ဆိုတာနဲ့ လှုပ်လိုက်ရင် ကော်ရည်မဖြစ်တဖြစ်လို သိပ်ပြီးတော့ မလှုပ်တော့ပါဘူး . နဲနဲပျစ်သွားတယ် . အဲ့လိုဆိုရင် မင်အမဲကို ဆေးထိုးအပ်စလင်းနဲ့ စုပ်ထုတ်လိုက်ပြီးရေနဲ့ဆေးလိုက်ပါ . ရေကိုအခြောက်ခံပြီး အားလုံးအိုကေပြီဆိုမှ မပျစ်တဲ့ဆေးရည် (ဆေးရည်အကောင်း)ကို စလင်းနဲ့စုပ်ပြီး catridge ထဲကိုထည့်ပါ . ဒါကကြုံတုန်းလေးပြောပြတာပါ . printer ကို ၀ယ်တော့မယ်ဆိုရင် . (ဆေးရည်ဝယ်တော့မယ်ဆိုရင် အမဲရောင်ကို လှုပ်ကြည့်ပါ အရည်က ကျဲနေမှသာဝယ်ပါ . ဆိုင်မှာထားထားလို့ ကြာလာရင် ပျစ်နေရင် မ၀ယ်ပါနဲ့ .. အဲ့တော့ ဆေးရည်ဝယ်မယ်ဆိုရင် မ၀ယ်ခင် နဲနဲလောက်လှုပ်ကြည့်ဖို့ မမေ့ပါနဲ့ .)

  • all in one ကို ဘယ်တော့မှ မ၀ယ်ပါနဲ့
  • One way ကိုပဲသုံးပါ (သဘောက print ထုတ်ဖို့အတွက်ပဲ သီးသန့်ထုတ်ထားတဲ့ printer မျိုးကိုသုံးပါ)
  • scanner ကိုဝယ်တော့မယ်ဆိုရင်လဲ scan ဖတ်ဖို့ တစ်ခုတည်းထုတ်ထားတဲ့ scanner ကိုပဲ ၀ယ်ပါ .
  • all in one က ခဏတဖြုတ်အဆင်ပြေပေမယ့် ရည်ရှည်မှာဆိုရင် သူ့ရဲ့ Out put quality က one way တွေလို မမီပါဘူး .

နောက်ဆုံးပြောပြချင်တာက မသူသူရေ . မသူသူ printer အတွက်တော့ resetter က software ရှာမတွေ့ဘူး . သူ့အတွက် cartridges auto resetter တစ်ခါတည်းပါတဲ့ ဆေးဗူး 4 ဗူးတွဲ ရှိပါတယ် . အဲ့ဒီ့ဆေးဗူးကို ၀ယ်လိုက် . ရန်ကုန်မှာပေါပါတယ် . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .

အကောင်းဆုံး နှင့် သုံးလို့အဆင်ပြေဆုံး printer ကို ညွှန်းပါဆိုရင်တော့ Epson R?? အမျိုးအစားတွေက အကောင်းဆုံးပါပဲ . ရုပ်ထွက် အဆင်ပြေသလို သူ့ရဲ့ error ကို ကိုင်တွယ်ဖြေရှင်းရတာလဲ လွယ်ကူတယ် . နောက်ကြုံမှ printer တစ်လုံးကို ထိန်းသိမ်းနည်းဆိုပြီး ရေးပေးပါဦးမယ် . ရေးပေးချင်တာတွေကများပြီး အချိန်က သိပ်မရဖြစ်နေတာ . တစ်ချို့ကတော့ အကူအညီကတော့ အချိန်တိုင်းတောင်းနေတယ် . ကျွန်တော့်ပို့စ်များကို ကူးယူဖို့အတွက် ကျွန်တော့်ဆီက ခွင့်ပြုချက်မယူလဲ စိတ်မဆိုးပါဘူး . ကျွန်တော့်တို့ မြန်မာတွေမှာ တစ်ခုတော့ကောင်းတယ် . တစ်ယောက်ကသာ ရှေ့ကနေ လမ်းဖောက်ပေးလိုက် အနောက်ကနေ သိပ်မကြာဘူး လိုက်လာကြတယ် . အခုလဲကြည့် မြန်မာ ၀ဘ်ဆိုက်တွေ တစ်ဟုန်ထိုး တိုးတက်လာကြတာ ၀မ်းသာစရာပါ . အဲ့ဒီ့အတွက် ရှေ့ဆုံးကနေ လမ်းပြခဲ့တဲ့ လူတွေကို ရင်ထဲကနေ ကျေးဇူးတင်သင့်တယ် . တစ်ချို့က ဇော်ဂျီဖောင့်က စံမဖြစ်ဘူး . ဘာဖြစ်တယ် ဘာဖြစ်တယ်လုပ်ကြတယ် . ကျွန်တော့်အနေနဲ့ အဲ့လို စံဖြစ်တာ မဖြစ်တာကို ဘေးမှာထားပြီး ကျေးဇူးတင်တာက ဇော်ဂျီနဲ့ ၀ဘ်ဆိုက်တွေစရေးတယ် . ဇော်ဂျီနဲ့အပြိုင် တစ်ခြားဖောင့်တွေပေါ်လာတယ် . အဲ့ဒါဘာ့ကြောင့်လဲ မခံချင်စိတ် အပြင် ရှေ့ကလုပ်တဲ့သူထက် ပိုကောင်းရမယ် ပိုအဆင့်မြင့်ရမယ်ဆိုတဲ့ ခံယူချက်ပဲ. အဲ့ဒါကြောင့်မို့ ပိုပြီးတိုးတက်လာတယ်လို့ ကျွန်တော်တော့ ခံယူတယ် . ဘယ်လိုပဲပြောပြော ကျွန်တော့်အမြင်ကတော့ ၀ဘ်ဆိုက်တွေမှာ ကနဦးစပြီးရေးလို့ရအောင် လမ်းကြောင်းပေးခဲ့တာ ဇော်ဂျီပါ . တစ်ခြားစံဖြစ်တယ် မဖြစ်တယ်ဆိုတာက တစ်ဖြည်းဖြည်းချင်း ပြောင်းလဲယူလို့ရပါတယ် . လူငယ်တွေ ၀ဘ်ဆိုက်တွေ ရေးချင်လာအောင်၊ မြန်မာစာနဲ့ ဖတ်လို့ရလာအောင် စပြီးဆွဲဆောင်ခဲ့တာ ဇော်ဂျီပါ . ကျွန်တော့်ရင်ထဲကနေ နှစ်နှစ်ကာကာကျေးဇူးတင်ပါတယ် .

Wednesday, December 16, 2009

Photoshop ~~ Frame-9 ~~

အောက်မှာ Download လုပ်ယူလိုက်ပါ . .

Download rapidshare ၊ Download ifile.it ၊ Download mediafire

Photoshop ~~ Frame-8 ~~

ဒါလေးကလဲ ကောင်းတာပဲနော် .. လန်းတာလေးတွေ ပါပဲ . စမ်းကြည့်လိုက်ပါဦး . ထုံးစံအတိုင်း နှစ်နေရာကနေ တင်ပေးထား ပါတယ် . လှလှလေးတွေချည်းပါပဲ .


Download mediafireDownload ifile.it

Photoshop ~~ Frame-7 ~~

ကဲဒါလေးကလဲ လှပါတယ် . Frame လှလှလေးတွေပါပဲ . အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ် . အားလုံးကို မတင်ပေးပဲ ခွဲခွဲပြီးတင် ပေးတာကတော့ Downlaod လုပ်တဲ့သူတွေ အဆင်ပြေစေ ဖို့အတွက်ပါ .


Download ifile.itDownload mediafire

Photoshop ~~ Frame-6 ~~

မှတ်ချက် ။ ။ ဒါက အပိုင်း(၄)ပိုင်း အားလုံး Download လုပ်ပြီးမှ ဖြေရမှာ မဟုတ်ပါဘူး . . တစ်ပိုင်း Download ပြီးတိုင်း တစ်ပိုင်းကို ဖြေလို့ရပါတယ် .

Downlaod mediafireDownload ifile.it

Photoshop ~~ Frame-5 ~~

မှတ်ချက် ။ ။ ဒါက အပိုင်း(၄)ပိုင်း အားလုံး Download လုပ်ပြီးမှ ဖြေရမှာ မဟုတ်ပါဘူး . . တစ်ပိုင်း Download ပြီးတိုင်း တစ်ပိုင်းကို ဖြေလို့ရပါတယ် .


Download mediafireDownload ifile.it

Photoshop ~~ Frame-4 ~~

မှတ်ချက် ။ ။ ဒါက အပိုင်း(၄)ပိုင်း အားလုံး Download လုပ်ပြီးမှ ဖြေရမှာ မဟုတ်ပါဘူး . . တစ်ပိုင်း Download ပြီးတိုင်း တစ်ပိုင်းကို ဖြေလို့ရပါတယ် .

Download ifile.itDownload mediafireDownload rapidshare

Photoshop ~~ Frame-3 ~~

မှတ်ချက် ။ ။ ဒါက အပိုင်း(4)ပိုင်း အားလုံး Download လုပ်ပြီးမှ ဖြေရမှာ မဟုတ်ပါဘူး . . တစ်ပိုင်း Download ပြီးတိုင်း တစ်ပိုင်းကို ဖြေလို့ရပါတယ် .


Download rapidshareDownload ifile.itDownload mediafire

Photoshop ~~ Frame-2 ~~

မှတ်ချက် ။ ။ ဒါက အပိုင်း(၄)ပိုင်း အားလုံး Download လုပ်ပြီးမှ ဖြေရမှာ မဟုတ်ပါဘူး . . တစ်ပိုင်း Download ပြီးတိုင်း တစ်ပိုင်းကို ဖြေလို့ရပါတယ် .


Download rapidshareDownload ifile.itDownload mediafire

Photoshop ~~ Frame-1~~

ဒါကတော့ photoshop ဓါတ်ပုံကို ဘောင်ကွပ်ဖို့ အတွက် Frame လှလှလေးတွေပါ . နံပါတ်စဉ်အလိုက် စုစည်း ပေးထားပါတယ် .

မှတ်ချက် ။ ။ ဒါက အပိုင်း(၃)ပိုင်း အားလုံး Download လုပ်ပြီးမှ ဖြေရမှာ မဟုတ်ပါဘူး . . တစ်ပိုင်း Download ပြီးတိုင်း တစ်ပိုင်းကို ဖြေလို့ရပါတယ် .

Download rapidshareDownload ifile.itDownload mediafire


System Mechanic 9.5

ဒါကတော့ နောက်ဆုံးထွက် version 9.5 ပါ . အဆင်ပြေ ကြမယ်လို့ မျှော်လင့်ပါတယ် . လိုချင်တဲ့သူများ error နှင့် မကင်းကြသူများ အောက်မှာ Download လုပ်ယူနိုင် ကြပါတယ် .

Download rapidshareDownload mediafireDownload multiupload

Abstract Bursh

ဒီလို photoshop effect မျိုးကို microsoft ရဲ့ နောက်ထွက်တဲ့ OS တွေမှာ အသုံးများပါတယ် . မြင်ဖူးပြီးသား မျက်စိယဉ်ပြီးသား ဖြစ်မှာပါ . window xp, vista, 7 မှာဆိုရင် ဒီလို ဒီဇိုင်းမျိုးတွေ အတော် သုံးထားပါတယ် . စိတ်ဝင်စားတယ် ဆိုရင်တော့ အောက်မှာ ထုံးစံအတိုင်း Download လုပ်လိုက်ပါ .

Download ifile.itDownload mediafire

Fractal Lite Photoshop Brushes for Photoshop

ဒီ brush လေးကလဲ အတော် သဘောကျစရာ ကောင်းပါတယ် . အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ် . အောက်မှာ Download လုပ်ကြပါ .

Download ifile.itDownload mediafire

Birds Brushes (NEW)

ဒါကတော့ ငှက်နဲ့ ပတ်သက်တဲ့ brush တွေကို ပေါင်းထားတာပါ . နောက်ပိုင်းကျွန်တော် ဓါတ်ပုံတွေနဲ့ အခြားအရာတွေကို photoshop brush ရလာအောင် ဘယ်လို လုပ်ရတယ်ဆိုတဲ့ ပို့စ်ကို ရေးပေးပါဦးမယ် . အခုတော့ နေသိပ်မကောင်း သေးလို့ တစ်အားကြီး အားမစိုက်နိုင်သေး လို့ပါ .

Download ifile.itDownload mediafire

Photoshop စိတ္တဇ ပန်းချီလို့လဲခေါ်လို့ရတဲ့ ဗရုတ်သုတ်ခ Brushes များ

ကဲ စိတ္တဇ ဖြစ်ချင်သူများ ဗရုတ်သုခ ဒီဇိုင်းများကိုမှ သဘောကျ ပါတယ်ဆိုရင်တော့ အောက်မှာ Download လုပ်လိုက်ပါ . အောက်မှာ တင်ပေးလိုက်ပါပြီ .

Download mediafireDownload ifile.it

Photoshop အတွက် Lightning Effects Brushes

ဒါကတော့ အလင်းရောင် ဖြာထွက်တာကို ပုံစံဒီဇိုင်း အမျိုးမျိုးနဲ့ ဖန်တီးယူဖို့ အတွက် Lightning Effects Brushes ပါ . ကျွန်တော်ကတော့ သဘောကျတယ် ဒီ brush လေးကို . လိုချင်ရင် အောက်မှာ Download လုပ်ယူလိုက်ပါ . အလကားရတာပဲဟာ Download လုပ်သာ လုပ်ထားကြပါ . ပြီးတော့ DVD နဲ့ burn ထားပေါ့ . လိုအပ်လာတော့ သူများဆီကနေ လိုက်ပြီး မရှာရ မ၀ယ်ရတော့ ဘူးပေါ့ .


Download rapidshare
၊ Download ifile.it ၊ Download mediafire

Photoshop Fire Brushes များ

ဒါကတော့ မီးခိုးပုံစံ၊ မီးတောက်ပုံစံ တွေနဲ့ ပတ်သက်တဲ့ ဒီဇိုင်းများကို ဖန်တီး ချင်သူများအတွက် fire brush တွေပါ . စိတ်ဝင်စားသူများ အောက်မှာ Download လုပ်ယူနိုင်ပါတယ် .


Download ifile.itDownload mediafire

Photoshop အတွက် Water Brushes

ကဲဒါကတော့ Water Brush တွေပါ . ရေစက်ပုံစံ လေးများ နှင့်အခြားရေနဲ့ ပတ်သက်တာ တွေကို ပုံစံအမျိုးမျိုး ဒီဇိုင်းဖန်တီး ချင်သူများ အတွက် တင်ပေးလိုက်တာပါ . Photoshop မှာ ကိုယ်ကိုယ်တိုင် ဖန်တီးလို့ရတယ် ဆိုပေမယ့် Brush တွေနဲ့ ဖန်တီးယူတဲ့ ဒီဇိုင်းဟာ ကြည်လင်ပြတ်သားတဲ့ အပြင် အနားတွေမှာ ဖွာတာတာ ဖြစ်တာတို့ မရှိတော့ပါဘူး . ကျွန်တော့်မှာ ရှိတဲ့ Brush တွေကို အားလုံးပြန်ပြီး share လုပ်ပေးပါ့မယ် . အားလုံး အဆင်ပြေကြပါစေ .


Download ifile.itDownload mediafire

Tuesday, December 15, 2009

Photoshop ကနုတ် Brushes များ

ဒါကတော့ 2009 ခုနှစ်ထုတ် photoshop ပန်းကနုတ် brushes တွေပါ ကနုတ်များကို ဆွဲချင်သူများ . ကနုတ်အတွက် အခက်အခဲ ရှိသူများ အခုတင်ပေးလိုက်တဲ့ ကနုတ် brush များကို သုံးကြည့်လိုက်ပါ . အတော်လေးကို ကောင်းပါတယ် . ကျွန်တော် အကောင်းဆုံး photoshop brush များကို ထပ်ပြီး စုစည်းတင်ပေး ပါ့မယ် . အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ် .


Download ifile.itDownload mediafire

ink cartridges တစ်ခုကို resetter မသုံးဘဲ အချိန်အကြာကြီး သုံးလို့ရအောင်

ညီငယ်တစ်ယောက် မေးထားတာပါ . ကျွန်တော်လဲ အတတ်နိုင်ဆုံးတော့ လက်လှမ်းမီသလောက် လေးတွေကို လိုက်ဖြေပေးနေပါတယ် . ဒီမေးခွန်းကို မေးလာတဲ့ ညီငယ်အတွက်တင် ရည်ရွယ်တာ မဟုတ်ပါဘူး . printer သုံးတဲ့ သူတိုင်းအတွက် ရွယ်ရွယ်တာပါ . ink cartridges တစ်ခုကို အချိန်အကြာကြီး အသုံးခံအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ နှစ်နည်းရှိပါတယ် .

  • (1) ink resetter ကိုသုံးရင်သုံး မသုံးရင်
  • (2) InkSaver လို program မျိုးကိုလဲ သုံးလို့ရပါတယ် .
သူကဘာတွေကို လုပ်ဆောင်ပေးလဲဆိုရင် မလိုအပ်ဘဲ ink over နဲ့ head cleaning တွေကို ထိန်းချုပ်ပြုပြင် ပေးတဲ့အပြင် ink level ကန့်သတ်ချက်ကိုလဲ အကောင်းဆုံး ထိန်းချုပ်ပေးထားပါတယ် . ကဲအောက်မှာ စမ်းသုံးလိုက်ပါဦး . ဒါက ink jet printer တွေအတွက် အလုပ်ဖြစ်ပေမယ့် laser jet တွေအတွက်တော့ သိပ်အလုပ်မဖြစ်ပါဘူး . ink jet printer သမားများအတွက် တင်ပေးလိုက်တာပါ . မြန်မာပြည်ရဲ့ 85% ဟာ ink jet ကိုပဲ အသုံးများပါတယ် . ဘာလို့လဲဆိုရင် ရှင်းပါတယ် . ဈေးသက်သာလို့ . ဟုတ်တယ်မလား .

Download ifile.itDownload mediafire

ဘာ့ကြောင့် resetter ကို သုံးကြရတာလဲ

ဒီမေးခွန်းအတွက် ကတော့ လွယ်ပါတယ် . printer တွေမှာ ဘယ် printer ကို မဆို original ဆေးဗူးတွေ မှန်သမျှဟာ စာရွက်အရွက်ရေနဲ့ သတ်မှတ်ပါတယ် . ဆေးဗူးတစ်ဗူးဆို စာရွက်ဘယ်နှစ်ရွက် ဆိုတာမျိုးပေါ့ . တစ်ခါတစ်လေ ဆေးဗူးထဲမှာ ဆေးကျန်နေသေးတယ် ဒါပေမယ့် သူသတ်မှတ်ထားတဲ့ စာရွက်အရွက်ရေ ပြည့်သွားပြီဆိုရင် printer က ဆေးဗူးထဲမှာ ဆေးမရှိတော့ဘူးလို့ပဲ သတ်မှတ်လိုက်တာပါ . အဲ့ဒီ့အခါမှာ ဆက်ပြီးတော့ စာရွက်ထုတ်လို့ မရတော့ပါဘူး . ကိုက ဆေးဗူးအသစ်လဲ မ၀ယ်ချင်ဘူး . မူရင်းဆေးဗူးအဟောင်း ကိုပဲ ဆေးထည့်ပြီး ပြန်သုံးချင်တယ် . ဘယ်လိုလုပ်မလဲ printer service လုပ်တဲ့ program တွေကို အသုံးချပြီး printer က ကုန်သွားပြီလို့ သတ်မှတ်ထားတဲ့ ဆေးဗူးကို ပြန်ပြီး reset လုပ်လိုက်တာနဲ့ ဆေးဗူးနောက်က ဆားကစ်ပြားမှာ မှတ်ထားတဲ့ memory ဟာ ပျက်သွားပါတယ် . သဘောက "0" ကို ပြန်ရောက်သွားတယ် ပေါ့ဗျာ . အဲ့ဒီ့လို ပြန်ပြီး reset လုပ်လိုက်ရင် ဆေးဗူးထဲမှာတော့ ဆေးတစ်စက်မှ မရှိလဲ reset လုပ်ထားတဲ့ ဆေးဗူးဟာ ကြည့်လိုက်ရင် ဆေးပြည့်နေတာကို တွေ့ရမှာပါ . ink jet ပဲဖြစ်ဖြစ် laser jet ပဲဖြစ်ဖြစ် ဆေးဗူးအဟောင်းကို ပြန်သုံးချင်တယ်ဆိုရင်တော့ resetter ကို အားကိုးကြရပါတယ် .

Laser jet ဆိုတာ ဘာလဲဆိုရင် ဆေးမှုန့်ပါတဲ့ ဆေးဗူးတွေကို အသုံးပြုပြီး စာရွက်ထုတ်ပေးတဲ့ colour (or) balck & white printer ကိုခေါ်ပါတယ် . သူက ဆေးမှုန့်နဲ့ အလုပ်လုပ်ပါတယ် . သူကဈေးကြီးတယ် . ဘာ့ကြောင့်ကြီးလဲဆိုရင် laser jet က ထွက်လာတဲ့ စာရွက်ကို ရေနဲ့ဆေးတာတောင် ဆေးက ကွာမကျဘူး . (တင်စားတာနော် တစ်ကယ် သွားမဆေးနဲ့ဦး)

Ink Jet ဆိုတာဘာလဲဆိုရင် ဆေးအရည်ပါတဲ့ ဆေးဗူးတွေကို အသုံးပြုပြီး စာရွက်ထုတ်ပေးတဲ့ colour printer ကိုခေါ်ပါတယ် . သူက ဆေးအရည်နဲ့ အလုပ်လုပ်ပါတယ် . ဈေးပေါတယ် . အပေါ်က laser jet လိုမျိုးတော့ ရေသွားဆေးဖို့မပြောနဲ့ ဟက်ချိုးဆိုပြီး နှာချေလို့ တွံ့တွေး စင်ရင်တောင် စာရွက်ပေါ်က ဆေးရည်က ပျံ့သွားပါတယ် . ရေအထိမခံပါဘူး .

Monday, December 14, 2009

HP Laserjet 1160 / 1320 Printer Service Manual

HP Laserjet 1160 /1320 အတွက် Service Manual ကို တင်ပေးလိုက်ပါတယ် . အဆင်ပြေတဲ့နေရာ ကနေသာ Download လုပ်ကြပါ . အဆင်ပြေ မယ်လို့ မျှော်လင့်ပါတယ် . နဲနဲသက်သာလာလို့ ဆိုက်ဖက်ကို ပြန်လှည့်လိုက်တာ . လာဖတ်တဲ့ သူတွေကိုလဲ အဟောင်းတွေချည်းပဲ နေ့တိုင်း တွေ့နေရရင် ငြီးငွေ့မှာ စိုးလို့ . အသစ်လေးတွေ တင်ပေးလိုက်ပါတယ် . အားလုံးကို ကျေးဇူးတင်ပါတယ် .


Download ifile.itDownload mediafire

HP LaserJet 4000 - 4050 (service)

Service လုပ်ဖို့အတွက် ebook တင်ပေးထားပါတယ် . ကျွန်တော် service လုပ်တုန်းကဆို သူများဆီက အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်ကို ခဏငှားပြီး မိတ္တူကူးရတာပါ . ကျွန်တော် အရင်က မိတ္တူကူးစက်တွေကို ပြင်လိုက်သေးတယ် . canon 3050, 3025 တွေကို အများဆုံးကိုင်တယ် . ဟိုစပ်စပ် ဒီစပ်စပ်တော့ မဟုတ်ဘူး . ဆိုင်ဖွင့်တယ်ဆိုတော့ တစ်ခါပျက်တိုင်း service ကို သွားသွားခေါ်နေရတာ စားရိတ်စားခနဲ့ မကာမိဘူး . နောက်ပိုင်း ကိုယ့်ဟာကိုပြင်တယ် . လိုအပ်တဲ့ Drum, Brake, Golden wire, Sliver wire, cleaner roller တို့နဲ့ တစ်ခြား ဟာတွေကိုတော့ အပိုဝယ်ထားတယ် . မိတ္တူကူးစက် ၀ယ်ချင်သူများ အကောင်းဆုံးကတော့ အပေါ်က canon 3050, 3025 တွေကိုသာ ရှာဝယ်ဗျာ သူတို့က အပိုပစ္စည်း လဲရတာ သက်သာတဲ့အပြင် ဆေးဖိုးကလဲ နဲနဲပဲကုန်တာ ဆေးတစ်ထုတ်ကို 5000 ရန်ကုန်မှာ ဘယ်လောက်မှမရှိဘူး . ပိုက်ဆံရှိလို့ ဈေးကြီးကြီး ကောင်ကြီးတွေဝယ်ပြီးတော့ ပစ္စည်းလဲတဲ့အခါတို့ ဆေးဝယ်ပြီးတော့ ထည့်တဲ့အခါတွေမှာဆိုရင် ထိုင်ပါငိုချင်သွားလိမ့်မယ် . နောက်ပိုင်း ကျွန်တော်အားမှ မိတ္တူကူးစက် အကြောင်းနဲ့ မိတ္တူကူးစက်မှာ ပေါ်တဲ့ error အကြောင်းတွေကို အသေးစိတ်ရေးပေးပါဦးမယ် . မိတ္တူကူးစက်တစ်လုံးကို ပြုပြင်ထိန်းသိမ်းဖို့အတွက် ဘယ်လို လုပ်ဆောင် ရမယ်ဆိုတာမျိုးတွေက အစပေါ့ . တစ်ခြားဘယ်သူမှတော့ မရေးကြသေးဘူး . ရေးချင်တာကတော့ အများကြီးပဲ . ကဲအောက်မှာ စာအုပ်ကို Download လုပ်လိုက်ပါဦး .


Download ifile.itDownload mediafire

Epson R390 Resetter

loikawsnow "အစ်ကိုရေ Epson R390 error တက်နေလို့"

ကျွန်တော် အသေးစိတ် မရေးပေးတော့ပါဘူး . အောက်က အဆင့်အတိုင်း လုပ်လိုက်ပါ . နောက်ပိုင်းမှ မြန်မာလို ပြန်ရေးပေးပါ့မယ် . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .

  1. Turn on the printer
  2. Set the date to 1 January 2007 Computer
  3. Adjprog.exe run from the extract of a folder (or locate the file or application. Exe and run it)
  4. Click accept
  5. Click on the particular mode adjustment
  6. Go to interview Then select waste ink pad counter then click ok
  7. Click "button box" until it is done then click "initialization" button and then click "finish button"
  8. Turn off the printer for 5secs then turn again
  9. Set the date today.

Download ifile.itDownload mediafire

Winamp 5.57 Pro With Key

ကဲ version အသစ်ထပ်ပြီး ထွက်လာလို့ တင်ပေးလိုက်ပါပြီ . အရင်က ပေးထားတာက v5.56 ပါ အခုက player အမျိုးအစားပါ . အောက်မှာ Download လုပ်လိုက်ပါ keygen ပါထည့်ပေးထားပါတယ် .

Download ifile.itDownload mediafire

Sunday, December 13, 2009

မွေးနေ့ကို ဘာ့ကြောင့် လုပ်ကြသလဲ

ဒီနေ့ ကျွန်တော့်မွေးနေ့ဆိုတော့ မွေးနေ့နဲ့ ပက်သတ်တဲ့ စကားလေးတစ်ခွန်းတော့ ပြေပြချင်ပါတယ် . မွေးနေ့ကို ဘာလို့ လူတွေက နှစ်တိုင်းလုပ်သလဲဆိုရင် အချက်နှစ်ချက် ရှိပါတယ် .

  • (၁) မိမိသေရမည့် ရက်နီးလာတာကို အမှတ်ရစေဖို့
  • (၂) မိမိကို မွေးဖွားပေးခဲ့သည့် မိခင် အသက်နဲ့ရင်းပြီး မွေးခဲ့တဲ့ ရက်ကို အမှတ်ရစေဖို့ အတွက်ပါ .

ဒီလိုနေ့တွေမှာ မိဘနားမှာနေပြီး မိဘစိတ်ချမ်းသာအောင်ထားသင့်ပါတယ် . တစ်ချို့က မွေးနေ့ဆိုတာကို ပျော်ပွဲရွှင်ပွဲ သဘောမျိုး ထားကြတာ မှားပါတယ် . မိဘကို သတိမရဘဲ ဘီယာသောက် အရက်သောက် မူးပြီး အိပ်၊ အဲ့လိုမျိုး မဖြစ်သင့်ပါဘူး . အားလုံးပဲ မိဘနဲ့ နီးနီးကပ်ကပ်နေရ တဲ့သူများ မိဘတန်ဖိုးကို သိတတ်ပါစေ နားလည်ပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ် . မိဘရင်ခွင်ထဲမှာ နေချင်ပေမယ့် ဘ၀တိုက်ပွဲအတွက် တစ်ခြားနိုင်ငံတစ်ခုမှာ သွားရောက်ပြီး လုပ်ကိုင်နေရပေမယ့် အချိန်တိုင်း မိဘနှစ်ပါးကို သတိရနေတာပါ .

WinZip 14 Pro

ကျွန်တော် win rar ကို လိုင်စင် version အတွက် အရင်က တင်ပေးထား ပြီးသားပါ . အခုတစ်ခါ win zip ကို လိုင်စင် version နဲ့ ထပ်ပြီးတော့ တင်ပေးလိုက်ပါတယ် . အဆင်ပြေကြပါစေဗျာ . ဒီနေ့ ကျွန်တော့် အမေက ကျွန်တော့်ကို မွေးတာ 26 နှစ်ပြည့်တဲ့ နေ့ပါ . လူ့လောက ကြီးထဲကို ရောက်လာအောင် မွေးထုတ်ပေးလိုက်တဲ့ ကျွန်တော့အမေကို ရောက်လေရာ နေရာတိုင်းမှာ ကျွန်တော် အမြဲ လက်အုပ်ချီပြီး ဆုတောင်းပေး နေတာပါ . မိဘနဲ့ နီးနေသူများ ကိုယ့်မိဘကို တန်ဖိုးထားတတ် ကြပါစေဗျာ . မိဘနဲ့ဝေးမှ မတမ်းတ၊ မိဘများ မျက်စိမှိတ်သွားမှ လွမ်းဆွတ် မကြေကွဲ ကြပါနဲ့ . မိဘဆိုတာ ဆုံးရှုံးသွားရင် ပြန်ပြီး အစားထိုး ရတတ်တဲ့ အရာ မဟုတ်ပါဘူး . မိဘဖက်က ကိုယ့်ကို မိဘ၀တ္တရားကြေခဲ့ရင် သားသမီးဖက်ကလဲ ပေးဆပ်ဖို့အတွက် လက်မတွန့်ကြပါနဲ့ . မိမိက မိဘအပေါ်ကို သားသမီး ၀တ္တရားကြေမှသာ ကိုမွေးတဲ့သားသမီးကလဲ ကိုယ့်ကို သားသမီးတာဝန် ကြေကြမှာပါ . အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေ လို့ ဆုတောင်းပေး လိုက်ပါတယ် . အထဲမှာ serial number အပြင် keygen ပါ ထည့်ပေးထားပါတယ် ..


Download ifile.itDownload mediafire

Friday, December 11, 2009

Printer canon iP1980 Ink Resetter

Canon iP1980 printer အတွက် ink resetter ပါ .. အောက်မှာ Download လုပ်လိုက်ပါ . အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် . တစ်ခြား printer အမျိုးအစားတွေရဲ့ ink Resetter တွေကိုလဲ ထပ်ပြီး ပို့စ်အသစ်တင်ပေးပါ့မယ် . စုံအောင်တော့ အတတ်နိုင်ဆုံး တင်ပေးပါ့မယ် .

Download mediafireDownload multiuploadDownload ifile.it

Pamela For Skype Pro 4.6

ကဲဒါကတော့ skype (pro) ပါ .. skype(free) ထက်ဘာတွေ သာလဲလို့မေးရင်တော့ free user မှာ မရနိုင်တဲ့ features တွေ အများကြီးရှိပါတယ် . ဥပမာ .. skype နဲ့ စကားပြောနေစဉ် အသံသွင်းထားနိုင်မယ် . တစ်ဖက်လူကို audio music (သီချင်း) ဖွင့်ပြလို့ရမယ် စတဲ့ အချက်တွေ အများကြီး ပါပါတယ် . pro ဆိုကတည်းက free ထက်တော့ အများကြီး အားသာချက်တွေ ရှိတယ်ဆိုတာ မဆန်းပါဘူး . Multiupload က Direct link ကိုပါ ထပ်ပြီး ဖြည့်ထည့်ထား ပေးပါတယ် .

Download ifile.itDownload mediafire Download Multiupload

photoshop frame (၁)

photoshop frame လေးတွေကို ကျွန်တော် စုပြီးတော့ တင်ပေးပါ့မယ် . frame တွေကိုတော့ သိကြမယ်လို့ ထင်ပါတယ် . မိမိရဲ့ ဓါတ်ပုံကို ခေါင်းလေးကို အစားထိုး လိုက်တာလေ . သိတယ်မဟုတ်လား . သူက အဆင်သင့် လုပ်ထားပြီးသား frame ကို မိမိရဲ့ ပုံအပေါ်ကနေ တင်လိုက်တာနဲ့ လှလှပပလေး ဖြစ်သွားတာမျိုးပါ . ဒီနေ့တော့ လာဖတ်တဲ့သူတွေကိုလဲ အသစ်မရှိ မဖြစ်ရလေအောင် တင်ပေး လိုက်ပါတယ် . နောက်ထပ်လဲ အများကြီး တင်ပေးဖို့ ရှိပါသေးတယ် . နေမကောင်း သေးလို့ ခဏသီးခံကြပါဦး . နောက်ပိုင်း မင်္ဂလာဆောင် ပုံတွေကိုပါ ရှာပြီးတင်ပေးမယ် . အရင်ကတော့ ရှိတယ် အခုတော့ ဘယ်နားထား မိမှန်း မသိတော့ဘူး . မင်္ဂလာဆောင်ဆိုရင် သတို့သားနဲ့ သတို့သမီးကို မျက်နှာကိုပဲ ရိုက်ပြီး လုပ်ထားပြီးသား frame ထဲကို မျက်နှာအစားသွင်း လိုက်တာနဲ့ မင်္ဂလာဆောင်ပြီးသား ဖြစ်သွားရော .

Download ifile.itDownload mediafire

Wednesday, December 9, 2009

phone ring tone အတွက် Audacity

pp.virus "ringtone လုပ်တဲ့softwareရှိရင်ပေးပါလားရှင့်"

http://audacity.sourceforge.net/ ကိုသွားပြီး software ကို Download လုပ်လိုက်ပါ . မိမိအသံကိုက အစ ring tone လုပ်လို့ရပါတယ် . mp3 ကိုလဲ လုပ်လို့ရပါတယ် . ကျန်တာတွေကတော့ ကိုယ့်ဟာကိုပဲ လုပ်လိုက်ပါ . ကျွန်တော်လဲ နေမကောင်းတော့ လုပ်ပုံလုပ်နည်းတွေကို နောက်မှပဲ တင်ပေးပါတော့မယ် .

Avira Premium key (until 12-16-2010)

notwo "အကိုရေ Avira Premium ရဲ့ key ရှိရင်ပြောပါအုံးဗျာ ဒီမှာ Jan ဆိုကုန်တော့မှာမို့လို့ပါ ကျေးဇူးတင်ပါတယ်"

ငါ့ညီရေ တင်ပေးလိုက်ပါပြီ .


Download ifile.it ၊ Download mediafireDownload hotfile

Aiprosoft Total Video Converter v4.0.02

သူကလဲ total video converter အမျိုးအစားပါပဲ . version ကတော့ 4.0.02 ပါ အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ် . အသေးစိတ်တော့ မရေးပေးတော့ပါဘူး . အကြမ်းဖျင်း သိအောင်ပြေပြရရင် ဘာ့ကြောင့် convert လုပ်လဲလို့ မေးရင် ကျွန်တော်တို့ VCD player system နဲ့ mp4 player system တို့ဟာ ဖွဲ့စည်းပုံ ချင်းမတူညီကြပါဘူး . VCD player မှာ ဖွင့်လို့ရတဲ့ .mpeg တို့ .avi တို့ စတဲ့ format တွေကို mp4 player က မဖွင့်နိုင်တဲ့အတွက် ဖွင့်နိုင်အောင် mp4 player ဖတ်နိုင်တဲ့ .mp4 format ကို ပြောင်းပေးရတာပါ . သဘောပေါက်မယ်လို့ ထင်ပါတယ် . DVD အခွေကို VCD (မြန်မာအခေါ် အောက်စက်) ကနေ ဖွင့်ကြည့်လို့ရအောင် DVD format ကနေ Convet လုပ်ပြီး CD နဲ့ ပြန်ပြီးတော့ Burn လိုက်ရင် DVD အခွေကို VCD player နဲ့ ဖွင့်လို့ရသွားပါပြီ . အဲ့ဒါ converter ရဲ့ စွမ်းဆောင်ချက်ပါ .


Download ifile.itDownload mediafire

Aiseesoft Total Video Converter v4.0.06

ဘယ်သူ တောင်းထားတာ လဲတော့ မသိဘူး . chat box မှာ တောင်းထားတာကို သတိရလို့ တင်ပေးလိုက်တာပါ . ကျွန်တော်လဲ ဖျားနေတဲ့အတွက် အားလုံးကို အသေးစိတ် မကူညီနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး . သူ့ရဲ့ feature ကိုတော့ အသေးစိတ် မရေးပေးတော့ဘူး . သူလုပ်ပေးနိုင်တာကတော့ အတော်ကို များပါတယ် . အောက်မှာ လုပ်ပေးနိုင်တဲ့ တစ်ချို့ format တွေကို ရေးပေးလိုက်ပါတယ် . ဘယ် video format ကနေ မဆို MP4, H.264, AVI, MP3, WMV, WMA, FLV, MKV, MPEG-1, MPEG-2, 3GP, 3GPP, VOB, DivX, Mov, RM, RMVB, M4A, AAC, WAV နဲ့ အခြားသော format များကို convert လုပ်ပေးနိုင်ပါတယ် .

Download mediafireDownload ifile.it

matlab 2009

Guest : do u have matlab r2009b?

Mediafire link ပေးလိုက်ပါတယ် .. စုစုပေါင်း 81 ပိုင်းရှိပါတယ် . တစ်ပိုင်းစီကို 50 MB စီရှိပါတယ် . အောက်မှာ Download လုပ်လိုက်ပါ .

Download mediafire

Auto Power-on and Shut-down 2.04

ဒါကတော့ မိမိကွန်ပျူတာကို ဘယ်အချိန် ပိတ်မယ် . ဘယ်အချိန် ပြန်ဖွင့်မယ်ဆိုတာမျိုး . Auto timer ပေးလို့ရတဲ့ program ပါ . တစ်ခါတစ်လေ movie ကြည့်နေရင်း အိပ်ပျော်တတ်တဲ့ သူများအတွက်ပါ .


Download ifile.itDownload mediafire

Tuesday, December 8, 2009

YoutubeGet 5.2

Youtube ဆိုက်ဟာဆိုရင် အထင်ကရ video free hosting ဆိုက်တစ်ခု ဟာသ movie တွေနဲ့ သီချင်းတွေကိုလဲ လိုက်ရှာလို့ လွယ်ကူ ပါတယ် . နောက် tutorial movie တွေနဲ့ လေ့ကျင့်ခန်း တွေကိုလဲ လိုက်ရှာပြီး ကြည့်လို့ရပါတယ် . တစ်ချို့ လိုင်းသိပ် မကောင်းတဲ့ နေရာတွေမှာ ဆိုရင် Youtube ဆိုက်က movie တွေကို Download လုပ်ပြီး convert ပြန်လုပ်ပြီးမှ ကြည့်ကြတာ များပါတယ် . အဲ့လိုမျိုး youtube ဆိုက်က movie တွေကို convert လုပ်ဖို့ အတွက် ဒီ program က MP4, 3GP, AVI, WMV, MOV စတဲ့ format တွေကို Output အနေနဲ့ ထွက်ပေးပါတယ် . အထဲမှာ crack ကော keygen ပါ ထည့်ပေး ထားပါတယ် . အဆင်ပြေတာ နဲ့သာ လုပ်ပါ .


Download ifile.itDownload multiupload

Sunday, December 6, 2009

Nero v9.4.26 + New Keygen

ကျွန်တော် keygen ပါရလို့ တစ်ခါတည်း တင်ပေး လိုက်ပါတယ် . အဆင်ပြေမယ် လို့မျှော်လင့် ပါတယ် .

Download ifile.it >>> Part(1)Part(2)Part(3)Part(4)Part(5)

Download mediafire
>>> Part(1)Part(2)Part(3)Part(4)Part(5)

Advanced SystemCare Pro v3.4.1

system error များအတွက် ပြုပြင်ပေးနိုင်ပါတယ် . ဟိုတစ်နေ့က 3.3 တင်ပေး လိုက်ပါတယ် . အခုက latest version ပါ . နောက်ဆုံးထွက် version ရလို့ ထပ်တင် ပေးလိုက်ပါတယ် . တစ်ခု ကြိုပြီး သတိပေး လိုက်ပါ့မယ် . အထဲမှာ keygen ပါပါတယ် . လိုင်စင်ကို Register လုပ်တဲ့အခါမှာ ကီးထည့်ချိန်မှာ အင်တာနက်ကို ခဏ offline ပေးထားပြီးမှ ထည့်ပါ . မဟုတ်ရင် အဆင်မပြေပါဘူး . Generate တည့်တည့်က အကွက်မှာ မိမိ နာမည် ရိုက်ထည့်လိုက်ပါ . ပြီးတော့မှ Generate ကို နှိပ် အဲ့မယ် လိုင်စင်နံပါတ် ကျလာလိမ့်မယ် . အဲ့ဒီ့ နံပါတ်နဲ့ မိမိအမည်ကို သူတောင်းနေတဲ့ activated key နေရာမှာ ဖြည့်ထည့်လိုက် . အသုံးပြုရတာ keygen က အလွယ်ဆုံးပါ . အောက်မှာ တင်ပေး လိုက်ပါတယ် . Downlaod လုပ်ယူလိုက်ပါ .


Download ifile.it ၊ Download multiupload

win rar ကို Pro version အနေနဲ့ သုံးကြရအောင်

lkaunglay "အကိုရေ ဖိုင်ဖြေတဲ့ winrar ကို fullversion တင်ပေး ပါအုံးဗျာ ကျေးဇူးပြု၍ လိုအပ်နေ လို့ပါ။"

အောက်မှာ တင်ပေးလိုက်ပါပြီ။ သူ့ရဲ့ patch သုံးနည်းကို စာနဲ့ရိုက်ပြီး ပြောပြရင် နားမလည်မှာ စိုးလို့ တစ်ခါတည်း patch ဖြေနည်းကို movie နဲ့ ရှင်းပြပေးထားပါတယ် . မဟုတ်ရင် ပြန်ပြန်ပြီး တစ်ချို့က မေးတတ်လွန်းလို့ နှစ်ခါ မပင်ပမ်းအောင် တစ်ခါတည်း program ကော movie ရှင်းပြချက် ကိုကော တင်ပေးလိုက်ပါတယ် . version 3.6 နဲ့ version 3.9 နှစ်မျိုးစလုံး ကို ပေါင်းပြီး ထည့်ထား ပေးပါတယ် . အဆင်ပြေတာနဲ့သာ သုံးကြဗျာ .


Download ifile.itDownload mediafireDownload multiupload

Saturday, December 5, 2009

Scribd Uploader 1.0

ကျွန်တော် uploader များကို လက်လှမ်း မီသလောက် စုစည်းပြီး တင်ပေးပါ့မယ် . ဘာ့ကြောင့် uploader များကို တင်ပေးရလဲဆိုရင် ကျွန်တော်တို့ ဓါတ်ပုံပဲတင်တင် ဖိုင်ပဲတင်တင် သူ့မူရင်းဝဘ်ဆိုက်က web uploader မှာ ဖိုင်တင်တာနဲ့ uploader tools ကို အသုံးပြုပြီး ဖိုင်တစ်ဖိုင်ကို တင်တာနဲ့က အချိန်က သုံးဆလောက်ကို ကွာပါတယ် . အခုတင်ပေးမယ့် scribt uploader tool အကြောင်းကို မပြောခင် http://www.scribd.com အကြောင်းကို ပြောပြပါ့မယ် . ဒီဆိုက်က ဘာwebsite လဲဆိုရင် ကျွန်တော်တို့ ကျွန်တော်တို့ ကွန်ပျူတာမှာ adobe pdf reader မရှိရင် online က pdf ဖိုင်တွေကို ဖတ်လို့မရပါဘူး . အခု ဒီဆိုက်ကလေးက အဲ့ဒီ့အခက်အခဲကို ဖြေရှင်းပေးပါတယ် . မိမိက ၀ဘ်ဆိုက်တစ်ခု လုပ်ပြီး မိမိဆီမှာရှိတဲ့ pdf ebooks တွေကို သူငယ်ချင်းတွေကို ပေးဖတ်စေချင်တယ် . ဆိုရင် အခု ဒီဆိုက်ကလေးကိုသွားပြီး အကောင့်လုပ်၊ ပြီးတော့ pdf စာအုပ်တွေကို တင်လိုက်တာနဲ့ link ကျလာပါလိမ့်မယ် . အဲ့ဒီ့ link ကို နှိပ်လိုက်တာနဲ့ မိမိတင်ထားတဲ့ pdf စာအုပ်တွေကို Reader မရှိဘဲနဲ့ အလွယ်တကူ ဖတ်လို့ရသွားပါပြီ . အဲ့လို မိမိစာအုပ်တွေကို တင်တဲ့အချိန်မှာ အချိန်တိုလေးအတွင်းမှာ ခဏလေးနဲ့ ဖိုင်တင်တာကို ပြီးဆုံးချင်တယ်ဆိုရင်တော့ အခုတင်ပေးလိုက်တဲ့ uploader tools ကို အသုံးပြုပြီး မိမိလုပ်ထားတဲ့ အကောင့်နဲ့ pdf ebooks တွေ တင်ကြည့်လိုက်ပါ . သူ့မူရင်းဆိုက်က web uploader ကနေ တင်တာထက် အချိန်သက်သာ စေပါတယ် . ကဲလိုချင်သူများ အောက်မှာ Download လုပ်ယူလိုက်ပါ ..

Download ifile.itDownload mediafireDownload Direct link

Spyware Doctor 2010 with patch

ဒါကတော့ Anti virus program ပါပဲ . လိုချင်တဲ့သူများရှိရင် အဆင်သင့် ဖြစ်အောင် ၊ antivirus program တွေ စုံသွားရအောင် နှင့် 2010 latest version ဖြစ်တာက တစ်ကြောင့်ကြောင့် တင်ပေးလိုက်တာပါ . အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ် .

Download ifile.itDownload multiuploadDownload mediafire