Wednesday, December 31, 2008

Dj music

သူငယ်ချင်းများကြည့်လို့ရအောင်လို့ movie လေးတင်ထားပါတယ်




Tuesday, December 30, 2008

ဘလောက်လုပ်ပုံ အဆင့်ဆင့် အပိုင်း(၃)

1.3. Moderate Comments
ဘလော့ဂ်များတွင် ပိုစ့်တစ်ခုချင်းစီကို Comment မှတ်ချက် ပေးလို့ရသည်။ မည်သူမဆို ပေးလို့ရအောင် ခွင့်ပြုနိုင်သလို
ကိုယ်ခွင့်ပြုလိုသူများကိုသာ မှတ်ချက်ပေးနိုင်အောင် သတ်မှတ်ပေးထားလို့လည်း ရသည်။ Blospotက အသင့်ပေးထားသော Comment System ကို အသုံးပြုလို့ ရသလို အခြားကိုယ်နှစ်သက်သော စနစ်ကို အသုံးပြုမည် ဆိုလျှင်လည်း အဆင်ပြေသည်။ ဤနေရာတွင်မူ Blogspot မှအသင့်ပေးထားသော ကွန်မန့် စနစ်အကြောင်းကိုသာ ရှင်းပြသွားပါမည်။


Moderate Comments ဆိုသည်မှာ Comments များကို ထိန်းချုပ်ခြင်းပင် ဖြစ်သည်။ အခြားသူများကို မမြင်စေချင်သော အချို့ သော Comments များကို ခွင့်မပြုသေဲး ဆိုင်းငံ့ထားနိုင်သည်။ ပယ်ဖျက် ပစ်နိုင်သည်။ သို့မဟုတ် ကိုယ့်ဘလော့ဂ်ကို ဖတ်ရှုသော မည်သူကိုမဆို Comments လုပ်ခွင့် ပေးနိုင်သလို၊ Comments ပေးနိုင်ခွင့်ကို သတ်မှတ်ထားသော သူများမှသာ ရရှိရန် သတ်မှတ်ပေးနိုင်သည်။ ယင်းသို့ ထိန်းချုပ်နိုင်ရန်အတွက်မူ မိမိဘလော့ဂ်၏ Comment စနစ်ကို Setting အောက်မှ Comments ကဏ္ဍတွင် သွားရောက် ပြင်ဆင်ပေးရမည် ဖြစ်သည်။ Blogger ၏ အသင့်သုံး မှတ်ချက် စနစ်မှာ လူတိုင်းကို မှတ်ချက်ပေးနိုင်အောင် ခွင့်ပြုထားသည်။ ထို့ကြောင့် ထိုစနစ်ကို သွား၍ မပြင်ဆင်သမျှ မိမိဘလော့ဂ်တွင် လူတိုင်းပေးသော မှတ်ချက်များကို အလိုအလျောက် ဖော်ပြနေမည် ဖြစ်သလို ယခု Posting>Moderate Comment ခလုတ်ကို နှိပ်လျှင်လည်း ဘာမှ မြင်ရမည် မဟုတ်ပေ။ Moderate လုပ်စရာ Comments မရှိဘူး ဟူ၍သာ ပြောပေလိမ့်မည်။
2. Setting
Setting ကဏ္ဍတွင် အပိုင်း (၇)ပိုင်း ရှိသည်။
1. Basic
2. Publishing
3. Formatting
4. Comments
5. Archiving
6. Site Feed
7. Email
8. Permissions စသည်တို့ ဖြစ်သည်။
2.1. Basic
ယင်းကဏ္ဍသည် ဆိုဒ်တစ်ခုလုံး၏ အခြေခံ အဆင့်ဖြစ်သည်။ အဓိက အပိုင်း ကိုးပိုင်း ပါဝင်သည်။ ယင်းတို့မှာ
1. Title (ဘလော့ဂ် ခေါင်းစဉ်)
2. Description (ဘလော့ဂ် အကြောင်းအရာ)
3. Add your blog to our listings? (Blogger.com မှာ ဖော်ပြမှာလား)
4. Let search engines find your blog? (Search Engine တွေကို အလိုအလျောက် ရှာခွင့်ပြုမှာလား)
5. Show quick editing on your blog? (ပိုစ့်တွေကို အလွယ်တကူ ပြင်တဲ့ ခလုတ် တပ်မှာလား)
6. Show email post links? (ပိုစ့်တွေကို အီးမေးလ်နဲ့ ပို့လို့ရတဲ့ လင့်ခ် ထားပေးမှာလား)
7. Show compose mode for all your blogs? (ဘလော့ဂ်တွေမှာ တိုက်ရိုက်ပိုစ့် တင်တဲ့စနစ် ထားမှာလား)
8. Show transliteration button for your posts? (စာရိုက်တဲ့ နေရာမှာ ဘာသာပြန်တဲ့ ခလုတ် ထားမှာလား)
9. Delete your blog? (လုပ်ထားတဲ့ ဘလော့ဂ်ကို ဖျက်မှာလား)



ဖေဖေ့ဧည့်သည်

တစ်ခါတုန်းက ရွာတစ်ရွာမှာ ကိုလှဦး၊ မသင်းနှင့် သူတို့ရဲ့သားလေးတူးတူးနှင့်ဆိုပြီး သားအဖ သုံးယောက်နေထိုင်ကြတယ်တဲ့ ..
တစ်နေ့တော့ ကိုလှဦးရဲ့သူငယ်ချင်းဖြစ်သူ မြို့သားတစ်ယောက်ရောက်လာလည်တယ်တဲ့..
ကိုလှဦး။ ။ ကဲသူငယ်ချင်း ရောက်တုန်းရောက်ခိုက် ရေအရင်ချိုးလိုက်ကွာ ပြီးရင်ထမင်းစားရအောင်တဲ့
ဧည့်သည်။ ။ အေးပါကွာ ပြီးတော့စားကြတာပေါ့။ အခုငါရေချိုးလိုက်ဦးမယ် ဆိုပြီး ရေသွားချိုးဖို့ ထွက်သွားတယ်တဲ့
သား။ ။ ဖေဖေ ဒီနေ့ သားတို့စားဖို့ ငါးက တစ်ကောင်ပ။ဲရှိတယ်နော်။ ဖေဖေ့ဧည့်သည်က ကြည့်ရတာ အစားတော်တော်ကြီးမယ့်ပုံပဲ
တော်ကြာနေ သားသားစားဖို့ ဘာမှမကျန်ပဲနေဦးမယ်နော် ဖေဖေ။
ကိုလှဦး။ ။ သားကို ဖေဖေပြောပြမယ် မှတ်ထားသား။ ကလေးဆိုတာ ဘယ်တော့မှ ဧည့်သည်နဲ့အတူတူ မစားရဘူး။ ဧည့်သည်ဆိုတာ အိနြေ္ဓရှိရတယ်။ သူများအိမ်မှာ ထမင်းစားတယ်ဆိုရင် ဟင်းတွေကို ဘယ်တော့မှ ကုန်အောင်မစားရဘူး။ ဟန်ပြလောက်ပဲစားရတာသားရဲ့ ဥပမာကွာ ငါးဟင်းဆိုပါတော့ ငါးကိုတစ်ဖက်ပဲစား
ရတာသားရ။ နောက်တစ်ဖက်ကို လှန်မစားရဘူး။ ဒါဧည့်သည်စောင့်ထိန်းရမယ့် လူ့မှုစည်းကမ်းပေါ့ သားလေးရယ်။
သားသား။ ။ ဟုတ်ကဲ့ပါဖေဖေ

ဧည့်သည်။ ။သူငယ်ချင်းရေ ရေချိုးပြီးပြီကွာ ရေချိုးရတာကောင်းလိုက်တာကွာ။ ရာသီဥတုက ပူနေတော့ တော်ကိုမတော်ချင်းဘူး အခုမှ ပေါ့ပါးသွားတော့တယ်။
ကိုလှဦး။ ။ ကဲဒါဆို ထမင်းတစ်ခါတည်းစားကြရအောင်ကွာ။ အားလုံးအဆင်သင့်ပဲ။
ဧည့်သည်။ ။ အေးစားရတာပေါ့ သူငယ်ချင်းရယ်ဆိုပြီး ထမင်းလက်ဆုံစားကြတယ်တဲ့။
ဧည့်သည်ကလဲ ထမင်းစားရတာ အတော်ကိုမြိန်တာနဲ့။ ငါးကိုနောက်တစ်ဖက်လှန်လိုက်တယ်ဆိုရင်ပဲ
သား။ ။ဖေဖေရေ ဖေဖေ့ဧည့်သည်ကြီးက သားစားမယ့် ငါးနောက်တစ်ခြမ်းကို လှန်နေပြီလှန်နေပြီ။
ကိုလှဦး။ ။ ဟာသားကလဲ ဦးဦးကို အဲ့လိုမပြောရဘူးလေ။
သားပြောလိုက်ပုံက ...........
သား။ ။ ဟာဖေဖေပဲပြောထားပြီးတော့။ ဧည့်သည်ဆိုတာ ငါးကို တစ်ဖက်ပဲစားရတာ။ နောက်တစ်ဖက်ကို မလှန်ရဘူးဆို။
ဒီဦးဦးက နောက်တစ်ဖက်လှန်ပြီးစားတော့ သားစားဖို့ကျန်တော့ဘူးပေါ့။

Monday, December 29, 2008

ရယ်စရာရှိရင် လက်တို့လိုက်ဆိုလို့

ရယ်သောသူသည် အသက်ရှည်၏တဲ့ဗျာ သူငယ်ချင်းများ ရယ်ချင်ရင်တော့ ဒီကို နှိပ်လိုက်ပါ ..
သီချင်းလုပ်ဆိုထားတဲ့ ဟာသလေးပါ .. အရမ်းရယ်ရလို့ comment ပေးခဲ့ဖို့ပါ မေ့နေကြဦးမယ်ဗျို့ ..

ဒါကတော့ အတော်ကို ရယ်ရတဲ့ဟာသလေးပါ ကိုယ့်ချစ်သူကို ဘယ်လောက်အထိချစ်ကြသလဲ ..
ချစ်သူထိရင် မချိအောင်နာဆိုတဲ့ အတိုင်း ဘယ်လောက်ချစ်ကြောင်းပြလိုက်တဲ့ ဗွီဒီယိုဇာတ်လမ်းလေး
တိုတိုလေးပါ.. လိုချင်ရင်တော့
ဒီကို နှိပ်လိုက်ပါ။

ကြောင်ဟာသလေးပါ
လိုချင်ရင် ဒီကို နှိပ်လိုက်ပါ ..
ဒါက နောက်တစ်ခုပါ
လိုချင်ရင် ဒီကို နှိပ်လိုက်ပါ ....

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကြက်တူရွေး ဟာသလေးပါ ...
လိုချင်ရင် ဒီကို နှိပ်လိုက်ပါ ...

ဘာခေါင်းစဉ်တပ်ရမလဲမသိဘူး. ရယ်ကတော့ အတော်ရယ်ရတယ်
လိုချင်ရင် ဒီကို နှိပ်လိုက်ပါ


ကြည့်လို့အဆင်မပြေရင် ပြောကြပါ. ကျွန်တော် direct link အနေနှင့် ဒေါင်းလော့ကျအောင် ဆိုက်တစ်ခုကနေ ပြန်တင်ပေးပါ့မယ် ..
သူငယ်ချင်းများ ဒီ movie များကို ဒေါင်းလော့လုပ်ချင်ရင် realplayer နဲ့ လုပ်လို့ရပါတယ်ခင်ဗျာ ...


ပင့်ကူအများဆုံး ကိုယ်ခန္ဓာပေါ် second 30 ကြာ တင်နိုင်သည့်ကလေး
လိုချင်ရင် ဒီမှာ ပါ

မတော်တဆဖြစ်မှု ဟာသလေးပါ
လိုချင်ရင် ဒီမှာ ပါ

အံ့သြဖွယ်ရာ မတော်တဆဖြစ်မှု
လိုချင်ရင် ဒီမှာ ပါ


Sunday, December 28, 2008

kids kiss photos




စိတ်ထွက်ပေါက်

လောကကြီးထဲကို သောကတစ်ချို့နဲ့ ၀င်လာတတ်တဲ့
လူသားတစ်ချို့အတွက်
တစ်ခါတစ်လေကျတော့လဲ ကိုယ့်စိတ်ချမ်းသာဖို့တစ်ခုအတွက်
ဦးစားပေးစဉ်းစားကြည့်လိုက်စေချင်တယ်


ဘ၀တစ်ခုလုံးကို သံပတ်ပေးပြီး အသက်ရှင်နေရတဲ့ သူသူရေ
စ်ကြိမ်တစ်ခါတော့ မွန်းကြပ်မှုတွေကို လွှင့်ပစ်ပြီး
မင်းနှလုံးသားရဲ့အလိုကို လိုက်လျှောပေးလိုက်စေချင်တယ်
မင်းတန်ဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်ခြင်းမျိုး ရလိမ့်မယ်။

အမြဲတမ်း မွန်းကြပ်နေရမယ့် မင်းဘ၀ထောင်ချောက်တစ်ခုကို
တရှိုက်မက်မက် ဖက်တွယ်မထားပဲ
လွတ်လပ်မှု့ဆိုတာကို ရှာဖေကြည့်လိုက်ပြီး
လူ့ဘ၀ကြီးကို သက်တောင့်သက်တာ
တစ်ကြိမ်လောက် လျှောက်လှမ်းကြည့်လိုက်ပါ
ရယ်မောခြင်းတွေ မင်းကို ထွေးပိုက်ထားလိမ့်မယ် သူသူရေ ..

Tag ဆိုလားဘဲ မသိဘူး ... ဟီဟိ ...

အဲ့ဒီ့မှာ ဇာတ်လမ်းကစတော့တာပဲဗျာ ... တစ်ခါမှလဲ tag ဖူးဘူးလေ.. နေ့အိပ်မက်နဲ့ ၀ှိုက်က လာလာပြီး တဂ်ခိုင်းနေတာနဲ့ Tag ဖြစ်သွားတာ ဖတ်တာအဆင်မပြေ ရင်လဲ ခွင့်လွှတ်ပေးပါ.

ကျွန်တော် ငယ်ငယ်လေးကတည်းက စိတ်ကူးယဉ်တာရှိတယ်။ ပြီးတော့ ငယ်ငယ်လေးကတည်းက လုပ်ချင်တာတစ်ခုဆိုရင် မဖြစ်မနေ ရအောင်လုပ်တတ်တယ်။ ရပြီဆိုတော့မှ ဟင်း... ဆိုသက်ပြင်းချပြီး ကျန်တာကို ဆက်လုပ်တာ။ တစ်ခုတော့ရှိတာပေါ့ ဘယ်လိုနေရာပဲ ရောက်ရောက် ကိုကမှန်တယ်ထင်ရင် ဇွတ်လုပ်တတ်တာမျိုးနဲ့ ကိုယ်ကျင့်တရားကို ထိပါးလာရင် ဘာမှကို မြင်နိုင်စွမ်းမရှိအောင် ဒေါသဖြစ်မိတာကတော့ ကျွန်တော့်ရဲ့အားနည်းချက်တစ်ခုပဲလေ။ ဟိုတစ်ရက်ကဆိုရင် ကျွန်တော်နဲ့ office တစ်ခုတည်းမှာ နေတဲ့ Thailand သူနဲ့ အဲ့ဒီ့ case နဲ့ပဲ ပြသနာဖြစ်ခဲ့ဖူးတယ်။ ကျွန်တော် ရည်မှန်းချက်တစ်ခုထားတယ်ဆိုရင် ဘုရင့်နောင်ဖောင်ဖျက်တဲ့နည်းကို သုံးတယ်။ အဲ့ဒီ့အကြောင်းကိုပြောပြပါ့မယ် သိပြီးသားလဲဖြစ်မယ်လို့ထင်တယ် တစ်ခါတုန်းက ဘုရင့်နောင်ဟာ သူ့ရဲ့ နဲပါးလှတဲ့ စစ်သည်အင်အားလေးနဲ့ ရန်သူ့စခန်းကို သွားသိမ်းတယ်။ အဲ့လိုသိမ်းတဲ့နေရာလေးမှာ သူ့ဘက်က စစ်သည်အင်အားနည်းပါးတာကိုလဲ သူသိတယ်။ ဟိုဘက်က သူ့ထက် စစ်သည်အင်အား ထက်ဝက်ကျော်ပိုများနေတယ်။ လူအင်အားမမျှဘူးပေါ့။ အဲ့ဒါ ဘုရင့်နောင်ရဲ့ တပ်သားတွေက စိတ်ဓါတ်ကျနေတာကို သူကလဲသိတယ်။ အဲ့မ ... တိုက်လို့ကလဲ မဖြစ်ဘူးလေ။ အဲ့ဒါနဲ့ ရန်သူ့စခန်းကို သိမ်းပိုက်ဖို့ ဖောင်တွေနဲ့ချီတက်လာကြတယ်။ ဟိုဘက်ကမ်းလဲရောက်ရော ပါလာတဲ့ဖောင်ကြိုးတွေကို တစ်ခုမကျန် ဓါးနဲ့ဖြတ်ပြီးတော့ မြစ်ထဲမျှောပစ်လိုက်တယ်။ အဲ့ဒီ့တော့ စစ်သည်တွေက အင်းငါတို့မှာ ပြေးဖို့လဲ ဖောင်မရှိတော့ဘူး။ ရန်သူ့နယ်နိမိတ်ထဲကိုလဲရောက်လာပြီ။ ဒိ့တော့ အိမ်ကိုပြန်လို့လဲမဖြစ်တော့ဘူးလို့ တွေးတောမိတာကနေ ပြန်ဖို့အရေးထက် တိုက်ခိုက်ရေးကိုပဲ အမြဲစဉ်းစားနေရတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ရန်သူကို မသတ်နိုင်ရင် ကိုက သေရမှာကို။ ဒီလိုနောက်ဆံတင်းမှုမရှိတော့ စိတ်ဓါတ်က အနိုင်ရရေးကိုပဲ ဦးတည်ထားတယ်လေဒ အဲ့ဒါနဲ့ စိတ်ဓါတ်အင်အားအပြည့်နဲ့တိုက်လိုက်တာ အောင်မြင်သွားတယ်ဗျ။ ဒါဘာလဲဆိုတော့ ကိုလုပ်မယ့်အရာရာတိုင်းကို နောက်ပြန်လှည့်မကြည့်ပဲ ရှေ့ကိုပဲ တစ်စိုက်မတ်မတ် လုပ်သွားကြဖို့တော့လိုတာပေါ့။ ကဲဘုရင့်နောင်အကြောင်းပြောမိတာ တော်တော်လဲရှည်သွားပြီဗျာ။ စပြီး တဂ်တော့မယ် ......

ငါလေ ကျန်စစ်သားနည်းတူ ဘယ်ဘက်က ချစ်သူကိုထွေးပိုက်ပြီး။ ညာဘက်နဲ့ စီးပွားရှာချင်တယ်ချစ်သူ။ ကိုယ့်ကို အသက်နဲ့ထပ်တူချစ်ရတဲ့ချစ်သူမျိုးပေါ့။
လောကကြီးရဲ့အလယ်မှာ ကောင်းမွန်တဲ့ စံပြလူတန်းစားမျိုးထဲမှာ ငါပါကိုပါရမယ်။
လူ့ဘ၀ကြီးကို မွေးဖွားခြင်းမှသည် သေဆုံးခြင်းသို့တိုင် အေးအေးချမ်းချမ်းနဲ့ ပူပင်ကြောင့်ကြမှုတွေကင်းဝေးတဲ့ နေ့တစ်နေ့အဖြစ် ငါပိုင်ဆိုင်ရမယ်။ ငယ်ငယ်တုန်းက ဗရုတ်ကျခဲ့တာလေးတွေကို သူငယ်ချင်းတွေသိအောင် ဟစ်ကြွေးကြည့်ချင်တယ်။
တန်ဖိုးမဖြတ်နိုင်တဲ့ နူးညံ့ခြင်းမျိုးနဲ့ပဲ လူ့လောကကြီးကို ပြုံးပြုံးလေးကြည့်မယ်။ ငယ်ငယ်တုန်းက ဆယ်တန်းစာမေးပွဲ ဖြေတုန်းက စာဖြေခန်းထဲမှာ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ မိန်းကလေးကို ကိုကိုခေါ်ခိုင်းပြီးမှ အင်္ဂလိပ်စာအဖြေကိုပေးခဲ့ဖူးတာကို ပြန်မြင်ပြီးတော့လဲ ပြုံးမိသေးတယ်၊ ကျောင်းက ခေါင်းလောင်းကြီး ဖွက်ခဲ့လို့ ကျောင်းတက်ဖို့ အချက်မပြနိုင်ခဲ့တာလေးကိုလဲ ကြည်နူးမိတယ်။ သမိုင်းဆရာမ အပျိုကြီးပြောတဲ့ 'ငါအခု စာသင်နေတယ်ဆိုတာ နင်တို့ပေးထားတဲ့လစာနဲ့ မဟုတ်ဘူးနော်" " နိုင်ငံတော်ကပေးထားတာ" နင်တို့အဲ့ဒါကိုတော့သိထား" ဆိုတဲ့စကားကိုချည်း အမြဲတမ်း ဂါထာလိုရွတ်နေပြီး ကျောင်းသားတွေကို အကြောင်းမရှိအကြောင်းရှာ အပြစ်ပေးခဲ့တဲ့ ဆရာမထိုင်မယ့်ထိုင်ခုံကို သူငယ်ချင်းအောင်နေစိုး ခွေးလျှေးရားသီးအမှုန့်နဲ့ ဖြူးခဲ့တုန်းက သူငယ်ချင်းသုံးယောက် အရိုက်ခံခဲ့ရတာကိုလဲ တမ်းတတယ်။ ကျောင်းအုပ်ဆရာကြီးဆောင်းတဲ့ ဆံပင်အတုကြီးကို ကော်နဲ့ကပ်ခဲ့ဖူးတာကိုလဲ ပြုံးမိသေးတယ်။ ကျောင်းက ကောင်မလေးတွေရှေ့မှာ ကိုယ့်ကိုယ်ကို သူရဲကောင်းလို့ထင်ပြီး နောက်ဂျွန်းပစ်တုန်းက လက်အဆစ်လွဲခဲ့တာလေးကိုလဲ အခုချိန်ထိ မမေ့သေးဘူး။ ကမ္ဘာကြီးသည် လုံးဝန်းသောပုံသဏာန်ရှိသည်ဆိုတာကို ကျွန်တော်က ၄င်းသည် ပြားချင်လဲပြားမည် လုံးချင်လဲလုံးမည်ဆိုတဲ့ ငြင်းချက်မျိုးနဲ့ ဆရာမကို ငြင်းခဲ့တုန်းက အရိုက်ခံခဲ့ရတာလေးကိုလဲ ပြန်တွေးပြီးရင်ခုန်မိသေးသည်။ အဲ့ဒါကိုလဲ စာဖတ်သူ သူငယ်ချင်းများစဉ်းစားကြည့်ပါ။ ကမ္ဘာကြီးသည် ၂၄ဒိကရိ တိမ်းဆောင်းပြီး သူ့ဝင်ရိုးနဲ့သူလည်နေတယ်တဲ့။ ဟုတ်ပါပြီ ကမ္ဘာကြီးဆိုတာ လုံးလားပြားလားဆိုတာ အတိအကျသိဖို့ ကမ္ဘာထက်ကြီးတဲ့ သက်ရှိတစ်ကောင်ကောင်က ကမ္ဘာကြီးကို သေသေချာချာကိုင်ကြည့်မှ တိတိကျကျသိရမှာလေ။ အဝေးကနေကြည့်ပြီး ဝေဖန်လို့မရဘူးလေလို့ကျွန်တော်ထင်တယ်။ သူငယ်ချင်းတို့ စဉ်းစားကြည့် အခုလို ကမ္ဘာကြီးက လုံးတယ်ဆိုတာ ဂြိုလ်တုကနေဖမ်းလို့ ကျွန်တော်တို့သိရတာလေ။ အပေါ်က အချက်တွေကို ကြည့်ကြည့်။ ကမ္ဘာကြီးက လည်ပတ်နေတယ် ဒီလည်ပတ်နေတာကို ဘေးကနေ တည်ငြိမ်နေတဲ့ ဂြိုလ်တုနဲ့ကြည့်တော့ ကမ္ဘာကြီးက လုံးတယ်ပေါ့။ လုံးနေတဲ့ဘောလုံးတစ်လုံးကို လက်နဲ့အရှိန်ပြင်းပြင်းလှည့်ကြည့်လိုက်ပါ။ လုံးတဲ့ပုံစံကိုပဲ ကျွန်တော်တို့မြင်ရမှာလေ။ ကျွန်တော်တို့ နောက်တစ်ဖက်နဲ့စဉ်းစားကြည့်ရအောင်ဗျာ။ ပြားနေတဲ့ ပိုက်ဆံအကြွေစေ့လေးကို အရှိန်ပြင်းပြင်းလှည့်ပြီး ဘေးကနေ ကြည့်လိုက် အ၀ိုင်းလား အပြားလားလို့၊ ကျွန်တော်ကတော့ အ၀ိုင်းကိုပဲမြင်တယ်။ အဲ့ဒါကို ဆရာမကို ကမ္ဘာကြီးသည် ပြားချင်လဲ ပြားသွားနိုင်သည်ဆိုတာကို ဥပမာထားပြီး သက်သေအပြကောင်းလို့ အဲ့လိုမျိုးမေးခွန်းမေးတဲ့အတွက်ဆိုပြီး အပိုဆု ကြိမ်၂ ချက်အတီးခံရတယ်ဗျာ။ ဖင်ကို အီစလံဝေသွားတာပဲ။

ဘယ်သူမှ မရှိတဲ့တောနက်တစ်နေရာကိုကျွန်တော်ရောက်သွားခဲ့တယ် .. တစ်ဖြည်းဖြည်းနဲ့ တောကနက်သထက် နက်လာတယ် .. ချမ်းကလဲချမ်းလာတယ် .. ဒီကြားထဲ ခြင်ကလဲ သွေးစုပ်ဖို့ တာဆူနေတဲ့ ဆေးထိုးအပ်တွေကို လက်ကဟန်ပါပါကိုင်ပြီး စောင့်နေတဲ့ ဆရာဝန်တွေနဲ့တူနေတယ်။ သွားရင်းသွားရင်းနဲ့ ဘယ်ဘက်လက်ကောက်ဝတ်တစ်ခု ရုတ်တရက်နာကျင်သွားတာကို ကြည့်လိုက်မိမှ ဘယ်ဘက်လက်ကို အားကိုးတစ်ကြီးဖက်တွယ်ပြီး မျက်နှာငယ်လေးနဲ့ မော့ကြည့်နေတဲ့ ချစ်သူကို သတိထားမိလိုက်တယ်။ ပြီးတော့ မျက်လုံးတွေနဲ့ စကားပြောနေတယ် မောင်ရယ် ကျွန်မအရမ်းပင်ပန်းနေပြီတဲ့။ ကျွန်တော့်ရင်ထဲကို အဆိပ်ပြင်းပြင်းနဲ့ ပြစ်လိုက်တဲ့ မျှားတစ်စင်း လာစိုက်သလိုပါပဲ။ အရမ်းကို နာကျင်သွားတယ်။ ချစ်သူမျက်နှာလေးကိုကြည့်လိုက်တယ် ပြီးတော့ ထုံအီနေတဲ့ အနမ်းတစ်ချို့ပေးလိုက်တယ် ဆိုရင်ပဲ ချစ်သူမျက်နှာ ပြုံးလာတယ်။ မောင်ရယ် "မမောတော့ပါဘူး" တဲ့။ မောင်သွားချင်တဲ့ ခရီးကို ဆက်သွားလို့ရပါပြီတဲ့။ ချစ်သူခြေဖ၀ါးက သွေးစတစ်ချို့ကို တယုတယနဲ့ သုပ်ပေးနေမိတယ်။ စိတ်ထဲမှာတော့ ၀မ်းနည်းခြင်းတစ်ချို့ကို ကိုက်မြိုထားရတယ်။ စိတ်ထဲကတော့ ညည်းတွားလိုက်မိတယ်။ ချစ်သူရယ် ကိုမင်းကို ထမ်းပိုးပြီးခေါ်ချင်ပါတယ်။ ဒါပေမယ့် ရှေ့ဆက်လျှောက်မယ့် ခရီးမှာ အန္တရယ်တွေအများကြီးနဲ့ ရင်ဆိုင်ရဦးမယ်လေ။ ကို အခုမင်းကို ထမ်းပိုးလိုက်ရင် ရှေ့မှာတွေ့ရမယ့် အန္တရယ်တွေကို ရင်ဆိုင်ဖို့ အင်အားမရှိတော့မှာစိုးလို့ပါ။ ကိုက မင်းရဲ့ရှေ့မှာ တံတိုင်းလို မားမားမတ်မတ်ရပ်တည်ထားရမယ်လေ။ မဟုတ်ရင် အန္တရယ်ရဲ့ ၀ါးမြို့မှုကြောင့် ကိုတို့နှစ်ယောက်စလုံး အသက်ဆုံးရှုံးရမယ်လေ။ အဲ့ဒီ့အတွက် တစ်ခဏတာလေးတော့ မင်းအားတင်းထားမှ ဖြစ်မယ်ချစ်သူရယ် လို့ပေါ့။ အဲ့ဒီ့လို သောကတွေကိုမြိုသိပ်ရင်း ခရီးဆက်ခဲ့တာ အန္တရယ်အမျိုးမျိုးကို ချစ်သူရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး ရင်ဆိုင်ခဲ့ရတယ်လေ။ ဒါပေမယ့် မောင် မပင်ပန်းပါဘူး။ ချစ်သူအနားမှာရှိနေတယ်လေ။ အဲတစ်ချိန်ချိန်ကျရင်တော့ ကိုတို့မျှော်မှန်းထားတဲ့ အချစ်ဆိုတဲ့ ရှေးဟောင်းနန်းတော်တစ်ခုကို မောင်တို့ရောက်မှာပဲလေ။ အဲ့ဒီ့အချိန်လေးကျရင် မောင်က ဘုရင်၊ မင်းက မိဘုရားပေါ့။ ဘယ်လို အတ္တမှမရှိတဲ့ ဒီနန်းတော်လေးထဲမှာ တို့ဘ၀တစ်လျှောက်စလုံး ပျော်ရွှင်မှုတွေဝါးမြိုရင်း ခရီးဆက်ချင်လိုက်တာ xxxxxxxxxx

ညီနေမင်း
ထိုင်းနိုင်ငံ



ဘလောက်လုပ်ပုံအဆင့်ဆင့် အပိုင်း(၂)

အားလုံးပြီးသွားပြီဆိုရင်တော့ ဒီလိုမျိုးလေးတွေ့ရမှာပါ။ Dashboard တွင် မိမိဖန်တီးထားသော ဘလော့ဂ်ကို မြင်တွေ့ရမည် ဖြစ်သည်။ ဂူဂယ်လ် အကောင့်တစ်ခုဖြင့် ဘလော့ဂ်အရေအတွက် အကန့်အသတ်မရှိ ဖန်တီးနိုင်သည်။ ယခု Dashboard တွင် မြင်ရသည့် ဘလော့ဂ်များထဲမှ မိမိအသုံးပြုလိုသည် ဘလော့ဂ်ကို ရွေးချယ်ပေးရမည်။ ယခုမှ ပထမစလုပ်သော ဘလော့ဂ်များ အနေနှင့်မူ ယင်းနေရာတွင် ဘလော့ဂ် တစ်ခုတည်းသာ တွေ့နေရမည် ဖြစ်သည်။

ဘလော့ဂ်တစ်ခု တည်ဆောက်ရာတွင် အဓိက အခန်းကဏ္ဍ သုံးခုရှိသည်။ ယင်းတို့မှာ
• Posts
• Setting
•Layouts
စသည်တို့ဖြစ်သည်။ Posts အပိုင်းမှာ စာရိုက်ခြင်း၊ တင်ခြင်းများနှင့် သက်ဆိုင်သည်။ Setting အပိုင်းမှာ ဘလော့ဂ်ကို မည်သို့ ထိန်းချုပ်မည်၊ မည်သို့ တင်ပြမည် စသည်တို့နှင့် သက်ဆိုင်သည်။ Layout အပိုင်းမှာ ဘလော့ဂ်၏ အဆင်အပြင်နှင့် ဖွဲ့စည်းမှု ပုံစံများကို ဖန်တီးယူသော အပိုင်းဖြစ်သည်။

(၁) Posting (စတင်ခြင်း)
ိdashboard မှာမြင်နေဖြစ်ပါတဲ့ Post ဆိုတာလေးကို နှိပ်မယ်ဆိုရင် ကျွန်တော်တို့ဟာ စာရိုက်တဲ့နေရာကို တိုက်ရိုက်ရောက်သွားမှာဖြစ်ပါတယ်။ Posting ခေါင်းစဉ်အောက်က creat, Edit Post, Moderate Commant စသည်ဖြင့် ရှိနေပါတယ်။
Creat က ပို့စ်အသစ်တွေကို ဖန်တီးရေးသားတာ
Edit Post က ပို့စ်တွေကို ပြန်ပြင်တာ
Moderate Commant က သူများ ပေးလာတဲ့ မှတ်ချက်တွေကို ထိန်းချုပ်ထားတာပါ။

ဒီပုံမှာ ပိုစ့်တစ်ခုတင်ခြင်းနှင့် ပတ်သတ်သော အရာအားလုံးကို ပြသထားပါသည်။ ကိုယ်ရိုက်ချင်သော စာသားများကို အပြာရောင် ပြထားသော နေရာတွင် ရိုက်ရပါမည်။ မြန်မာလို စာသားထည့်သွင်းခြင်းများအတွက် ဘလော့ဂါ အများစုက ဇော်ဂျီ ကီးဘုတ်နှင့် ဖောင့်ကို အသုံးပြုကြသည်။ ယင်းအကြောင်းကို နောက်ပိုင်း အခန်းတွင် ဆက်ရှင်းပြပါမည်။ စာရိုက်ပြီးသွားလျှင် မိမိ၏စာနှင့် သက်ဆိုင်သော ခေါင်းစဉ်ကို Title နေရာတွင် တပ်ပေးရပါမည်။ Labels ဆိုသည်မှာ ကိုယ်ရေးထားသော စာနှင့် ကိုက်ညီသော နာမည်တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် ကိုယ်က ခရီးသွားအတွေ့အကြုံတစ်ခု ရေးသားသည်ဆိုလျှင် Travel လိုနာမည်မျိုး ပေးခြင်း ဖြစ်သည်။ ယင်းလေဘယ်လ် ပေးခြင်းသည် နောက်ပိုင်းတွင် မိမိ၏ ပိုစ့်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ခွဲခြားရာတွင် အထူးအရေးပါသည်။ ထို့ကြောင့် စာတစ်ပုဒ် ရေးပြီးတိုင်းတွင် ယင်းစာနှင့် ပတ်သတ်သော လေဘယ်များကို သတိမမေ့စေဘဲ မှတ်မှတ်သားသား ပေးသင့်သည်။ စာသားများကို ဘယ်ကပ်၊ ညာကပ်၊ Text Alignment များပြုလုပ်လိုလျှင်လည်း Text Editor တွင် လွယ်ကူစွာ ပြောင်းလဲနိုင်သည်။ အားလုံး ပြီးသွားသော်လည်း စာကို အင်တာနက်ပေါ်သို့ ချက်ချင်း မတင်ချင်သေးဘူးဆိုလျှင် Save Now ဟူသော ခလုတ်ကို နှိပ်ခြင်းဖြင့် သိမ်းထားနိုင်သည်။ ထိုသို့မဟုတ်ဘဲ ချက်ချင်း အင်တာနက်ပေါ် တိုက်ရိုက် တင်မည်ဆိုလျှင် Publish Post ဆိုသည်ကို နှိပ်လိုက်သည်နှင့် မိမိစာသည် ဘလော့ဂ်ပေါ် တင်ပြီးသား ဖြစ်သွားပေလိမ့်မည်။ ယင်းသို့ စာရိုက်ရာတွင် ပုံများကိုလည်း ပူးတွဲ တင်ပြနိုင်သည်။ ယင်းသို့ ပုံတင်ရာတွင် ၂မျိုးရှိသည်။ မိမိ၏ ဘလော့ဂါ အကောင့်မှ ပုံကို မိမိဘလော့ဂ်တွင် တင်ခြင်းနှင့် ဘလော့ဂါမဟုတ်သော အခြားအကောင့်မှပုံကို မိမိဘလော့ဂ်တွင် တင်ခြင်းဟူ၍ ဖြစ်သည်။

မိမိ၏ ဘလော့ဂ် အကောင့်တွင် တိုက်ရိုက်တင်ခြင်း
ပထမ ကိုယ်တင်ချင်တဲ့ ပုံကို စက်ထဲကနေ ရွေးပေးပါ။ တစ်ပုံထက် ပိုတယ်ဆိုရင် Add Another Image ဆိုတာလေးကို နှိပ်ရပါမယ်။ ပုံကို ဘလော့ဂ်ပေါ်မှာ ဘယ်လို ပေါ်စေချင်သလဲ ဆိုတာကိုတော့ ဒုတိယ အဆင့် အနေနဲ့ ရွေးပေးရပါတယ်။ ဘယ်ဘက်မှာလား၊ ညာဘက်မှာလား စသည်ဖြင့်။ နောက်ဆုံးကတော့ Image Size ရွေးပေးရတာပါ။ စမ်းသပ်ချက်များအရ Medium ကအကောင်းဆုံးပါ။ အားလုံး ပြီးသွားရင် အောက်ဆုံးက Upload Image ဆိုတာကို နှိပ်ပေးလိုက်ပါ။

နှိပ်ပေးလိုက်ပါ။အထက်ပါကဲ့သို့ ပုံတင်ပြီးသွားပြီဖြစ်ကြောင်း အကြောင်းကြားစာ ပေါ်လာလျှင် Done ကိုနှိပ်ပြီး အတည်ပြုပေးလိုက်ပါ။ ပြီးလျှင် ယခင်အဆင့်တွင် ပြထားသကဲ့သို့ စာကို ပုံနှင့်တကွ မိမိဘလော့ဂ်ပေါ်သို့ Publish ကိုနှိပ်ပြီး တိုက်ရိုက် တင်နိုင်ပြီ ဖြစ်သည်။

Edit Posts
ယခု အပိုင်းမှာ ယခင် ရေးသွင်းထားပြီးသား ပိုစ့်များတွင် တစ်ခုခု အမှားအယွင်း ရှိလျှင်သော်လည်းကောင်း၊ အခြား အကြောင်းအမျိုးမျိုး ကြောင့်သော်လည်းကောင်း ပြင်ဆင် တည်းဖြတ်မှု ပြန်လည် ပြုလုပ်လိုလျှင် အသုံးပြုရသည်။

Edit Posts ကဏ္ဍအောက်တွင် ရှိနေသော ပိုစ့် သုံးခုကို တွေ့ရမည် ဖြစ်သည်။ ယင်းပိုစ့်များထဲမှ တစ်ခုခုကို ပြင်ချင်လျှင် သက်ဆိုင်ရာပိုစ့်၏ ဘေးတွင် ရှိနေသော Edit ဆိုသည့် ခလုတ်ကို နှိပ်ပေးရန်သာ ဖြစ်သည်။ ထိုအခါ ယခင် တင်ခဲ့သော ပြင်ဆင်လိုသည့် ပိုစ့်သည် Create အဆင့်မှာကဲ့သို့ ပြန်ပေါ်လာမည် ဖြစ်သည်။ ထိုအချိန်တွင်မှ ပုံအသစ်များ၊ စာသားအသစ်များ ထည့်သွင်းမည် ဆိုလျှင်လည်း ရသည်။ တင်ထားပြီးသား စာများ ပိုစ့်များကို ဖျက်မည်ဆိုလျှင်လည်း ရသည်။ ယင်းကဏ္ဍထဲတွင် ပိုစ့်များနှင့် သက်ဆိုင်သော Labels များကိုလည်း တွေ့နိုင်သည်။

ဘလောက်လုပ်ပုံအဆင့်ဆင့် အပိုင်း(၁)

ကျွန်တော် ကိုညီလင်းဆက်ဆီကနေ သိလာတာလေးကို လေ့လာသူများအနေနှင့် အကျိုးရှိမယ်ထင်လို့ ပို့စ်အဖြစ်တင်လိုက်ပါတယ် ..
သာမန် ဘလော့ဂ်တစ်ခု တည်ဆောက်ခြင်း

အဆင့် (၁)
Create Google Account

ဘလော့ဂ်တစ်ခု တည်ဆောက်ရန်အတွက် သင့်ထံတွင် Google Account သို့မဟုတ် Gmail Account တစ်ခု ရှိရန် လိုအပ်ပါသည်။ Google Account ကို ဒီနေရာမှာ ရယူနိုင်သည်။

အဆင့် (၂)
First Step to Blog

www.blogger.com ကိုသွားပါ။ သင်၏ Google Account နှင့် စကားဝှက်ကို ထည့်သွင်းပါ။




အဆင့် (၃)
Name Your Blog

သင်၏ ဘလော့ဂ်အတွက် နာမည် (Blog Title)၊ လိပ်စာ (Blog Address) စသည်တို့ကို ထည့်သွင်းပါ။ ဘလော့ဂ် နာမည်မှာ ထိုဘလော့ဂ်ကို ကိုယ်စားပြုသော နာမည်ဖြစ်လျှင် ပိုကောင်းပါသည်။ လိပ်စာကိုတော့ အရှည်ကြီး ပေးမည့်အစား ခပ်တိုတိုပေးခြင်းက ပိုပြီး အဆင်ပြေစေပါသည်။ (ထိုအရာများမှာ အချိန်မရွေး ကိုယ်နှစ်သက်သလို ပြောင်းလဲနိုင်သည်ကို နောက်ပိုင်း သက်ဆိုင်ရာ အခန်းတွင် ရှင်းပြသွားပါမည်)

သင့်ဘလော့ဂ် လိပ်စာကို ပေးပြီးပါက အဆိုပါ လိပ်စာမှာ အသုံးပြု၍ ရနိုင်မရနိုင်ကို အနီရောင်ဖြင့် ပြထားသော Check Availability ဆိုသည်ကို နှိပ်ပြီး စစ်ဆေးနိုင်ပါသည်။ ထို့နောက် အပြာကွင်းပြထားသော နေရာတွင် အလိုအလျောက် ပေါ်လာသော စာလုံးများကို မလွဲအောင် ပြန်ရိုက်ပေးရပါမည်။ အားလုံးပြီးဆုံးလျှင် Continue ကိုနှိပ်ရပါမည်။

အဆင့် (၄)
Choose Template

ထိုအဆင့်တွင် ကိုယ့်ဘလော့ဂ်၏ အသွင်အပြင် ပုံသဏ္ဍာန် Template ကိုရွေးချယ်ပေးရမည် ဖြစ်သည်။ ကိုယ်နှစ်သက်သော နောက်ခံအရောင်၊ စာသား အထားအသို စသည်တို့နှင့် ကိုက်ညီသော Template တစ်ခုကို ရွေးချယ်ပြီး အနီရောင် အဝိုင်းပြထားသော နေရာတွင် Mark လုပ်ပေးရမည် ဖြစ်သည်။ ရွေးချယ်ပြီးလျှင် Continue ကိုနှိပ်ပါ။ ထိုအခါ အောက်ဖော်ပြပါ ပုံတွင် တွေ့ရသကဲ့သို့ သင့်တွင် ဘလော့ဂ်တစ်ခု ဖန်တီးပြီးဖြစ်ကြောင်း အသိပေးမည် ဖြစ်သည်။ စာစတင် ရိုက်သွင်းရန်အတွက် အောက်ခြေမှ Start Posting ဆိုသည်ကို နှိပ်ပေးရန် လိုအပ်ပါသည်။


အမှန်စစ်စစ် အဆင့်လေးတွင် ယေဘုယျ ဘလော့ဂ်တစ်ခု ဖန်တီးခြင်းလုပ်ငန်း ပြီးဆုံးပြီဖြစ်သည်။ သို့ရာတွင် အဆိုပါ Start Posting ကိုနှိပ်လိုက်ပါက အောက်ပါ စာမျက်နှာကို မြင်ရမည် ဖြစ်သည်။ တဆက်တည်း မြင်သာထင်ရှားစေရန် ပထမဆုံး စာမူတစ်ခုကို စမ်းသပ် တင်ကြည့်ပါ။ စာရိုက်တဲ့နေရာမှာ Edit Html အကွက်ထဲမှာပဲ စာကိုရိုက်ရမှာပါ.. compose မှာ စာမရိုက်ရပါဘူး။ တော်တော်များများဟာ compose မှာပဲ ရိုက်ကြတာပါ။ ပို့စ်မပေါ်ဘူးလားလို့မေးစရာရှိပါတယ်။ ပေါ်ပါတယ် ဒါပေမယ့် ကုတ်တွေထည့်ချင်တယ်ဆိုတာမျိုး တစ်ခုခု html ကုတ်တစ်ခုခု တင်မယ်ဆိုရင် အဲ့ဒီ့မှာ ကုတ်တွေများတော့ ရှုပ်ကုန်ရောပေါ့။ compose ဆိုတာ တစ်ကယ်တော့ ကာလာထည့်မှာတို့ကို စာလုံးညှိတာတို့ကို လုပ်ပေးပါတယ်။ ဆိုလိုတာက ပို့စ်တွေကို ဘယ်ညှိလား၊ ညာညှိလား၊ အလယ်ညှိလား၊ နှစ်ဖက်ညီလား၊ ဒါမျိုးတွေကို ညှိပေးတာကို အဓိကထားလုပ်ပါတယ်။ အဲ့ဒီ့တော့ ကျွန်တော်တို့ ပို့စ်တွေကို Edit Html နဲ့ပဲရေးကြရအောင်ဗျာ။ ကုတ်တွေရောမရောသိချင်ရင် ကျွန်တော်တို့ compose နဲ့ရိုက်ပြီးရင် html နဲ့ပြန်ကြည့်ပါ ကုတ်တွေထွက်ကျလာပါလိမ့်မယ်။ html နဲ့ရိုက်ရင်တော့ ဘာကုတ်မှ ပေါ်မှာမဟုတ်ပါဘူး။ အဲ စာအားလုံးရိုက်ပြီးပြီဆိုရင်တော့ publish post ဆိုတာလေးကို နှိပ်ဖို့မမေ့ပါနဲ့ဗျာ။ ဘာဖြစ်လို့လဲဆိုရင် Publish ကိုမနှိပ်ရင် စာဖတ်သူ တင်တဲ့ပို့စ်ကို သူက ပေါ်ပေးမှာမဟုတ်ပါဘူး။


ဘောလုံးပွဲကြည့်ချင်သူများအတွက်ပါ

ကျွန်တော်ကတော့ ဘော့လုံးပွဲ သိပ်ပြီး ၀ါသနာမပါလှပါဘူး .. ဒါပေမယ့် ကျွန်တော့်ဘလောက်လေးမှာ စုံသွားအောင်လို့တင်လိုက်တာပါ ကျွန်တော့်သူငယ်ချင်း နိုင်ငံခြားသားတော်တော်များများကို ကောင်းနိုးရာရာများကို မေးပြီးတင်ထားပေးပါ့မယ် ..
အခုတော့ ဒီ ဆိုက်လေးကို သွားကြည့်လိုက်ပါဦး

Saturday, December 27, 2008

ဒဏ်ရာ

ဒဏ်ရာတွေ ဗလပွနဲ့ မချိမဆန့်
နာကျင်ငြီးတွားနေရပေမယ့်
အားရှိသလောက်လေး
မင်းအတွက် ငါပြုံးကြည့်ချင်သေးတယ်

ချစ်တယ်ဆိုတာ တစ်ကယ်တော့ အပြောလွယ်သလောက်
ခံစားရတာက မချိမဆန့်ရယ်ပါ

သောကတွေအပေါ်က အပြုံးတုတွေနဲ့ပဲ
အခါတလဲလဲ မလုံ့တလုံဖုံးဖိနေရတာ
ကြာလာတော့ အချစ်ဆိုတာကို စိတ်ကုန်လာတယ်

ဗလောင်ဆူနေတဲ့ ရင်ခွင်တစ်ခုလုံးကို
သွန်လိုသွန်မှောက်လိုမှောက်လို့
မင်းလက်ထဲ အပြီးအပ်လိုက်ချင်မိခါမှ
မင်းက လူသတ်သမားအပြုံးမျိုးနဲ့
ခပ်ယဲ့ယဲ့ ပြန်ပြုံးပြလိုက်တာကို
မြင်လိုက်တဲ့ တစ်ခဏလေးမှာ
ငါမှင်တက်မိသွားတဲ့ ယုန်တစ်ကောင်လို
ယောင်လည်လည်နဲ့ အတိတ်မေ့ချင်သွားတယ် ..

နာကျင်နေပေမယ့် ငါ မငြီးတွားချင်ဘူး
လူကြားကောင်းအောင် အော်ဟစ်ငြီးတွားနေမယ့်အစား
ငြိမ်ငြိမ်လေးနဲ့ ကြိတ်မှိတ်နာကျင်နေရတာကို
ငါပိုခုံမင်တယ် ....

ငါမင်းအတွက် အဖိုးမဖြတ်နိုင်တဲ့
အချစ်တွေနဲ့ပြည့်နေတဲ့ ငါ့ဘ၀တစ်ခုလုံးကို
ပေးလိုက်ရပေမယ့်
ရလိုက်တာက ယိုင်နဲ့နေတဲ့အပြုံးတစ်ခုလေ
ဒါပေမယ့် ငါကြေနပ်ပါတယ်
ဒီလို ဒသနဆန်တဲ့ ဒဏ်ရာတစ်ချို့
မင်းဆီကနေ ရလိုက်မိလို့ပေါ.

ယောင်တောင်ပေါင်တောင်နဲ့
အချစ်နယ်ပယ် တစ်စွန်းတစ်စကို
စပြီးခြေလှမ်းလိုက်တာနဲ့တောင်
ဒီလောက်အထိ မွန်းကြပ်မှုတွေနဲ့
ပြွတ်သိပ်နေရင်
ကြာလာရင် လမ်းပျောက်မှုတွေနဲ့ငါလမ်းမှောက်တော့မယ် ထင်တယ် ....

Thursday, December 25, 2008

ဖြစ်မှဖြစ်ရလေ

ကျွန်တော်ငယ်ငယ်ကတည်းက ဟာသလေးတွေဆိုရင် အရမ်းကြိုက်ပါတယ်.. ဘာဖြစ်လို့လဲဆိုရင်ဟာသဆိုတာ အသက်မဲ့ပေမယ့် လူတွေကိုပျော်ရွှင်အောင် လုပ်နိုင်တယ်လေ .. စိတ်သောကတွေကို လွှင့်ပစ်လိုက်နိုင်တဲ့ စွမ်းအားရှိတယ်.. ကျွန်တော် မှတ်မိတဲ့ ဟာသလေးတစ်ခုရှိတယ်သိလား. သူငယ်ချင်းတွေအတွက်ပါ...

တစ်ခါတုန်းက မြို့လယ်ခေါင်က ဈေးကြီးတစ်ခုရဲ့ လူစီကားရာတစ်နေရာမှာပေါ့ တောသားလေးတစ်ယောက် မျက်နှာငယ်လေးနဲ့ အော်အော်ပြီးရောင်းနေတာတွေ့တယ် ..
တောသား ... ဟုတ်ကဲ့ ကျွန်တော်အိမ်မှာ စီးပွားရေးအခြေအနေသိပ်မကောင်းပါဘူးခင်ဗျာ။ အတော်လေးကို အခက်အခဲဖြစ်နေပါတယ်။ အခုဆိုရင် စားဝတ်နေရေးအဆင်မပြေတာနဲ့ ကျွန်တော့်ရဲ့ နွားအိုလေးကို ထုတ်ရောင်းရတာပါ။ ကျွန်တော့် နွားလေးက အိုနေပေမယ့် ခိုင်းလို့တော့ရပါသေးတယ် .. ကျွန်တော့်ကို ကူညီမှုလေးပေးတဲ့အနေနဲ့ နွားလေးကို (၅၀၀)ပဲပေးပါ။ (၅၀၀)ဆိုတာ အတော်နဲတဲ့ငွေကြေးလေးပါ ..
အဲ့လိုလေး အော်ရောင်းနေတာ ပထမရက်ကျော်လို့ ဒုတိယရက်ကိုတောင် ရောက်လာပါပြီ ဒါပေမယ့် ကိုတောသားအော်ရောင်းနေတုန်းပါ.နွားလေးကလဲ အနားမှာ ဟိုကြည့်ဒီကြည့်နဲ့ပေါ့..လာကြပါခင်ဗျာ လာကြပါ .. အစ်ကိုတို့အစ်မတို့ (၅၀၀)နဲ့ပဲယူကြပါခင်ဗျာနဲ့ပေါ့ ..
ဒါပေမယ့် ဘယ်သူမှ သူ့ဆီကို လာမမေးကြ၊ လာမ၀ယ်ကြပါဘူး.. လာဝယ်ဖို့နေနေသာသာ လှည့်တောင် မကြည့်ပါဘူးဗျာ..
အဲ့သိပ်မကြာပါဘူး အ၀တ်အစားသန့်သန့်ပြန့်ပြန့်နဲ့ လူငယ်တစ်ယောက် ရောက်လာပါတယ် .. ပြီးတော့ ကိုတောသား နွားရောင်းတာကို ကြည့်လဲကြည့်။ ပြီးတော့ ပြုံးလဲပြုံးပေါ့။ သနားလဲသနားသွားတယ် ထင်ပါတယ် .. ဒါနဲ့ ကိုတောသားနားကိုသွားပြီးတော့ ခပ်တိုးတိုးလေး ပြောလိုက်တယ် ..
မြို့သား ...... အစ်ကိုဈေးရောင်းနေတာ ၂ ရက်တောင်ရှိပြီနော် .. မနေ့ကလဲ တွေ့တယ်
တောသား .... ဟုတ်ပါတယ် ညီလေးရာ။ ကံမကောင်းတာနဲ့တူပါတယ်။ ကံကိုကဆိုးလွန်းပါတယ် ညီရာ ..
မြို့သား ...... ကဲ အစ်ကို ကျွန်တော်ရောင်းပေးမယ်ဗျာ . ဒါပေမယ့် ကတိတစ်ခုတော့ပေး ကျွန်တော်ရောင်းနေတုန်း အစ်ကို ၀င်မပြောနဲ့ ။ ဘေးနားလေးမှာပဲထိုင်ပြီးကြည့်နေနော်။ ကျွန်တော်ရောင်း ပေးတဲ့အတွက် တစ်ပြားမှလဲပေးစရာ မလိုပါဘူး အစ်ကို။ စေတနာနဲ့ကူညီပေးတာပါ။ အစ်ကို အရင် က ရောင်းဈေး ဘယ်လောက်နဲ့ ခေါ်ထားတာလဲ။
တောသား..... ၅၀၀ နဲ့ ညီလေး
မြို့သား ....... ကျွန်တော် ၆၀၀ နဲ့ရောင်းပေးမယ်။ ကဲကဲ ကျွန်တော်ရောင်းတော့မယ်။ စိတ်ချ ဒီနွားရောင်းကို ရောင်းရစေမယ် စိတ်ချဆိုပြီး ဟန်ပါပါနဲ့ ဈေးဝယ်များဖက်လှည့်ပြီး အော်လိုက်တာက ..
ကဲကဲလာကြနော် ဒီနွားလေးကိုကြည့်ရင် ပိန်တယ်လို့ဆိုပေမယ့်.. တစ်ကယ်ဆိုရင် တစ်ကယ်ကိုသန်တာနော် ..
သူ့မျိုးကိုက ကြည့်ပါလား။ မျိုးကောင်းမျိုးသန့်ကိုဗျ။ ဟိုတစ်ခါကဆိုရင် နွားလားဥသဖလားတောင် အောက်မေ့ရတယ်။ သူများနွားတွေက နွားလှည်းဆို နွားနှစ်ကောင်နဲ့မှ ရုန်းနိုင်တာနော်။ ဒီကောင်က ဒီလိုမဟုတ်ဘူး ၂ ကောင်တွဲပေးရင် မဆွဲတော့ဘူးဗျာ။ တစ်ကောင်တည်း တပ်ပေးမှ ဆွဲတာ .. တော်တော်ဆိုး တဲ့ကောင်ကြီးဗျာ .. လိမ်လဲလိမ်မာတယ် .. သန်တာလဲ တစ်ခါကဆို လှည်းတစ်စီး နွံထဲနစ်နေလို့ ဆွဲလိုက်တာ တစ်ချက်တည်းပဲ အဲ့ဒီ့နေ့ကဆို လည်း ၂ စီးလုံးမှာ ကုန်အပြည့်နဲ့ ဒီကောင်ကြီးတစ်ကောင်တည်း ဆွဲတာပေါ့။ တစ်ခြားမကြည့်နဲ့ဦး သူ့အဖေ နွားနီကိုကြည့် သေခါနားနီးတောင် ဘာလုပ်ပေးရဦးမလဲဟင် လို့မေးပြီး သေသွားရှာတာ။ အခုကျွန်တော် ဒီကောင်ကြီးကိုရောင်းရတာလဲ ကျွန်တော် တစ်ခြားမြို့ကို ပြောင်းတော့ မယ်လေ.. ဒါ့ကြောင့်ရောင်းရမှာပါ။ တစ်ကယ်ဆို မရောင်းချင်ပါဘူးဗျာ။ လာဝယ်ကြနော် ၆၀၀ တည်းပါ မများ ပါဘူး. နောက်နောင် ဒီလိုနွားမျိုးသန့်မျိုး ရဖို့ဆိုတာ အိပ်မက်တောင် မက်လို့ရမှာမဟုတ်ဘူးနော်.. ကဲကဲလာကြ လာကြ.

ဒီလိုနဲ့ ကိုမြို့သားက စီကာပတ်ကုံးနဲ့ပြောလိုက်တာ လူတွေတောင် ၀ိုင်းလာတယ် .. အဲ့ဒီ့အချိန် ကိုတောသားက ဗြုန်းဆို ကိုမြို့သားရှေ့
ကိုရောက်လာပြီးတော့ ..
တောသား..... တော်ပြီ ညီလေး အစ်ကို့နွားကို အစ်ကိုမရောင်းတော့ဘူး.. ကို့နွားမျိုးသန့်ကြီးကို ဘယ်တော့မှလဲ မရောင်းတော့ဘူး..
ညီလေးပြောမှ ကို့နွားဒီလောက်တော်မှန်းခုမှသိတယ်ဗျာ.. ဒီလောက်တောင်တော်တဲ့ ကို့ဒီနွားလေးကို ကိုယ်ကိုယ်တိုင်ပဲ ခိုင်းတော့မယ် .. ကဲကဲ ကိုပြန်ပြီညီလေး

ဆိုပြီး နွားကို ဆွဲပြီးတော့ တောကိုပြန်သွားတယ်ဗျာ
ကိုမြို့သားလဲ ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့တာပေါ့ဗျာ .. စိတ်ထဲမှာတော့ တွေးလိုက်ပါတယ် .. ဖြစ်ရလေ ကိုတောသားရယ်တဲ့

Wednesday, December 24, 2008

လက်နက်မဲ့တိုက်ပွဲ

မင်းရဲ့နှလုံးသားနယ်ပယ်တစ်ခုလုံးကို
သိမ်းပိုက်ဖို့အတွက်
ခံစစ်မဲ့ ဗလာဟင်းလင်းဖြစ်နေတဲ့
ဟော့ဒီ့ ရင်ဘတ်ကြီးကို
ဒိုင်းတစ်ခုလို ကာရင်းနဲ့ပဲ
အနိုင်တိုက်ဖို့ ကြိုးစားလိုက်မိတယ် ..
ကိုယ့်မှာ ခုခံဖို့ ဘာလက်နက်မှ
ယူမလာမိဘူး မိန်းကလေးရယ်

မင်းလေးရဲ့ ချွန်မြတဲ့ စကားလုံးတွေနဲ့
ထိုးနှက်ဖို့ ကြိုးစားလိုက်တိုင်း
ထိုးလိုက်စမ်းပါမိန်းကလေးရယ်လို့ ပြောလိုက်ရပေမယ့်
တစ်ကယ်တမ်း ကိုကြောက်နေမိတယ်

Tuesday, December 23, 2008

post မှာ code view အနေနဲ့ပေါ်အောင်

ကျွန်တော့်သူငယ်ချင်း ကိုဖြိုးရဲ့ ပို့စ်လေးကို ကိုးကားထားပါတယ် ...
blogger help တွေ ရေးနေတဲ့ ဘလော့ဂ် တွေ အတွက် အောက်မှာ မြင်ရတဲ့ အတိုင်း မိမိ ပေးချင်တဲ့ CODE တွေ ကို သတ်သတ်မှတ်မှတ် နဲ့ ထင်ထင်ရှားရှား ရှိလို့ စာဖတ်သူတွေ အနေနဲ့ အဆင်ပြေပါတယ်။ ကြည့်ကြည့်လိုက်ပါဦး ...


.codeview {
margin : 15px 35px 15px 15px;
padding : 10px;
clear : both;
list-style-type : none;
background : #f9f9f9 url(http://i263.photobucket.com/albums/ii150/mohamedrias/cv-1.gif) no-repeat right bottom;
border-top : 1px solid #eeeeee;
border-right : 2px solid #cccccc;
border-bottom : 2px solid #cccccc;
border-left : 1px solid #eeeeee;
}
.codeview li {
font-size : 13px;
line-height : 24px;
font-family : "Courier New", "MS Sans Serif", sans-serif, serif;
color : #333333;
font-weight : normal;
margin : 0;
padding : 0;
}

အပေါ် box ထဲက စာသားတွေ ကို ကူးပြီး Layout - Edit HTML မှာ ]]> ကို ရှာပြီး သူ့ရဲ့ အပေါ်မှာ ကူးလာတဲ့ စာသားကို ထည့်လိုက်ပါ။

ဟော့ဒီလိုလေးရေးရမှာနော် -


Sunday, December 21, 2008

Cbox ထည့်နည်းလေးပါ ..


ကဲဒီတစ်ခါ cbox ထည့်နည်းလေးပြောပါ့မယ် ..
ပထမဦးဆုံး ဒီကို သွားပါ ..
ပြီးလျှင် sign up လုပ်ပါ ... ပြီးသွားတာနဲ့ ရလာတဲ့ html ကုတ်တွေကို Publish! ကို နှိပ်လိုက်တာနဲ့ သူက Html ကုတ်ပေးပါလိမ့်မယ် .. အဲ့ဒီ့ကုတ်ကို www.blogger.com >> sign in >> layout >> Page element >>Add a Gadget ကိုနှိပ်ပါ ပေါ်လာတဲ့ အထဲက Html/javascript ကို နှိပ်လိုက်ပါ .. ပြီးရင်တော့ ကိုရထားတဲ့ html codes တွေကို ထည့်လိုက်ပေါ့ .. ပြီးရင်အိုကေပေါ့ ..

ပြီးတော့ ကိုမကြိုက်တဲ့သူကို report spam လုပ်တာတို့ Ban တာတို့လဲ လုပ်လို့ရပါသေးတယ် .. Ban တယ်ဆိုတာ သူသုံးနေတဲ့ အိုင်ပီကို ပိတ်လိုက်တာပါ .. အဲ့ဒီ့အတွက်ကြောင့် cbox မှာ သူသုံးနေတဲ့ အိုင်ပီနဲ့ ရေးလို့မရတော့ဘူးပေါ့ .. Ban တယ်ဆိုတာ တန်ဖိုးမရှိတဲ့စကားလုံးတွေ၊ ညစ်ညမ်းတဲ့စာတွေလာရေးတဲ့သူတွေအတွက်ပါ .. ပြီးတော့ ရေးထားတဲ့စာတွေထပ်နေတာပဲဖြစ်ဖြစ် ကိုမလိုချင်တဲ့ message ကိုပဲဖြစ်ဖြစ် ဖျက်ချင်ရင်တော့ cbox >> messေge >> messages ကိုသွားပါ လာရေးထားတဲ့ သူတွေရဲ့ messages တွေတွေ့ရပါလိမ့်မယ် အဲ့ဒီ့အထဲက ညာဘက်အပေါ်နားမှာ ban,delete,report spam ဆိုပြီးတွေ့ရပါလိမ့်မယ် .. အောက်မှာတော့ လာရေးတဲ့သူတွေရဲ့ ip address တွေကို တွေ့ရမှာပါ ... ကျွန်တော်ရှင်းပြတာ ကလေးတစ်ယောက်ကို ရှင်းပြနေသလိုဖြစ်နေရင်တော့ ခွင့်လွှတ်ပေးကြပါ .. မသိသေးတဲ့သူများအတွက် ရည်ရွယ်ပါတယ် ခင်ဗျာ ..

Saturday, December 20, 2008

html အကြောင်းတွေ သင်ပေးနေတယ်နော်


တော်တော်လေးကို ကောင်းတဲ့ ၀ဘ်ဆိုက် လေးပါပဲ။ ကိုယ်သိချင်တဲ့ အပိုင်း အားလုံးလိုလို အဲ့ဒီ့ဆိုက်လေးမှာရှိပါတယ်။ htmlနဲ့ပတ်သက်တာလေး တွေပါပဲ .. html အကြောင်းကိုပဲ အဓိက ထားတင်ပေး နေရတာလဲဆိုတော့ web တစ်ခုအတွက် html အကြောင်းကတော်တော် လေးကိုအရေးပါလို့ပါပဲ ။ မသိတာလေးတွေရှိနေသေးတယ်ဆိုရင် ကျွန်တော်ဘာသာပြန်ပြီး ပြန်တင် ပေးထားပါ့မယ် ... သိပြီးသားသူငယ်ချင်းတွေဆိုရင်တော့ ကျော်ဖတ်သွားကြပါခင်ဗျာ ..
အဲ့ဒီ့ဝဘ်ဆိုက်လေးကို သွားချင်ရင်တော့ ဒီမှာ ပါ ..

Friday, December 19, 2008

ဘလောက်အတွက် နာရီလေးတွေထည့်ရအောင်







ကျွန်တော့်သူငယ်ချင်းတွေက နာရီလှလှလေးတွေလိုချင်တယ်ဆိုလို့ ကျွန်တော် နာရီလှလှလေးတွေရှိတဲ့ ဆိုက်ကို တင်ပေးလိုက်ပါတယ် .. အဲ့ဒီ့ဆိုက်လေးကိုသွားချင်ရင်တော့ ဒီကို နှိပ်ပါ







လွင့်မျောခြင်း

တစ်ကျီကျီနဲ့ ဆီမထိုးရသေးတဲ့
လှည်းတစ်စင်းလေ
ရင်မောစရာ သံစဉ်တစ်ချို့သယ်ပိုးပြီး
ဖိတ်စင်ကျနေတဲ့ ကဗျာစာသားတွေကို
တတွတ်တွတ် ညဉ်းတွားနေရင်း
သံသရာ ဘ၀တစ်လျှောက်
နိုးတစ်ဝက်အိတ်တစ်ဝက်နှင့်
တအိအိ ခရီးဆက်နေခဲ့မိတာ
အခုဆို အချိန်တောင် အတော်လင့်သွားပြီ ...

တစ်ခါတစ်ခါ ရယ်စရာတွေတွေးလိုက်
တစ်ခါတစ်ခါ ၀မ်းနည်းစရာတွေ မြင်ယောင်လိုက်နဲ့
အနာဂတ် ပုဝါးပါးပါးလေးကို ခြုံရင်း
တစ်ခါတစ်ခါ ငါပြုံးလိုက်မိသေးတယ် ..

ဝိညာဉ်တစ်ချို့ရဲ့
အကြောင်းမဲ့ ညဉ်းတွားသံတွေကြား
အသက်ရှုသံပြင်းပြင်းနဲ့
တစ်ခါတစ်လေ ငါစိတ်ရှုပ်ရှားလိုက်မိသေးတယ် ..

ုမွန်းကြပ်မှုတွေများလွန်းလို့
တစ်ခါတစ်လေ ငါမူးမိုက်ကြည့်ချင်လိုက်တာ


လှည့်စားမှုအောက်

ရင်ခွင်ထဲမိုး
ထစ်ချုန်းလို့လား
အငြိုးနဲ့ရွာတာမဟုတ်ပါ

သောကမုန်တိုင်း
ရင်လှိုင်းခတ်ပြင်း
စိတ်လိုက်မာန်တင်းလို့
နာကျဉ်းခြင်းလဲ မဟုတ်ပါ ...

ဟန်ဆောင်အပြုံးတစ်ပွင့်
အဖုံးဖွင့်မျက်နှာ
ရင်မှာနာကျဉ်းလို့
အုံပုံးညဉ်းတွား
အမုန်းများလည်း မရှိပါ.

Thursday, December 18, 2008

Magic photo editor Serials No(1)

ဝှိုက်: magic photo editor ရဲ့ serial လေးရချင်လို့ ညီ ကျေးဇူးပဲနော် အလုပ်ရှုပ်မိပြီ
ဝှိုက်ရေ တစ်ခုနဲ့မကိုက်ရင် တစ်ခုနဲ့ပြောင်းထည့်ကြည့်ပါ ..
နောက်တစ်ကြိမ်တောင်းချင်တယ်ဆိုရင်တော့ သူရဲ့ virsion ကိုပါ ထည့်ပေးစေချင်ပါတယ် ...


Magic photo editor .................. ff5bfc868d (or) D864FC87CC
Magic Photo Editor v3.5 .................. Company: www.serials.ws name: Bill Gates serial = ]647)kdxwG
Magic Photo Editor v3[1].52.01 ............ 25280C87EC
MagicEffect Photo Editor 2007.1.35 .......... s2A35CP2003S3W
MagicEffect Photo Editor 2008 ................. 2A3GC0YKHW3W (or) 000014-Z4Q25J-ZH8NWH-9M2PDH-6GA1TX-Y0RFU1-4U8NAR-T5W3BR-5BTK1X-1KC8PD



အိုဗာစီးကောခေါ်ကြရအောင်တဲ့

ကဲကျွန်တော်လဲ သိပ်မသိသေးဘူး ..သူငယ်ချင်းတစ်ယောက်ပေးလို့သိတာပါ ... ဖုန်းပြောတဲ့ဆိုက်လို့ပြောတာပဲ ..
ဖရီးလား .. ပိုက်ဆံသွင်းရလားတော့မသိသေးဘူး .. စမ်းကြည့်စေချင်ပါတယ် ..
http://www.bamartalk.com/ တဲ့ ၀ဘ်ဆိုက်နာမည်က ...
ကျေးဇူးအထူးတင်လျှက်
ညီနေမင်း (ထိုင်း)

Wednesday, December 17, 2008

တောင်းပန်ခြင်း

သူငယ်ချင်းများအားလုံးကိုတောင်းပန်ပါတယ် ... ကျွန်တော့ဘလောက် template ကို စိတ်ကြိုက်မဖြစ်တာနဲ့ပဲ ခဏခဏပြောင်းမိနေတယ်ဗျာ ... စာဖတ်ရတာ ကသိကအောင့်ဖြစ်တယ်ဆိုရင်တော့ ကြိုပြီးတော့တောင်းပန်ပါတယ် ..

အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတဲ့
ညီနေမင်း

Tuesday, December 16, 2008

ကိုဇော်ပြောတဲ့ marquee ဆိုတာ

This is marquee
marquee ကို ဘယ်မှညာကို သွားစေချင်ရင်တော့

ဟုရေးသားပေးရပါမယ်။အပေါ်မှအောက်၊ အောက်မှ အပေါ်သွားစေချင်ရင်

direction="up"
direction="down" ဟုရေးသားနိုင်ပါသည်။

marquee မှာ အသုံးပြုတဲ့ attributes တွေရှိပါသည်။အဲဒါတွေကတော့

တို့ဖြစ်ပါသည်။


behavior သည် မိမိလှုပ်ရှားစေလိုသော စာကြောင်းရဲ့လှုပ်ရှားမှုကို ရည်ညွှန်းပါသည်။

behavior="alternate" သည် စာသားများကို bouncing လုပ်ရန်ဖြစ်သည်။ behavior="slide" သည် စာသားများအား အစွန်းတစ်ဖက်တွင် ရပ်နေစေမည်ဖြစ်သည်။

မိမိ၏ marquee အတွင်းတွင် နောက်ခံအရောင်ထည့်လိုပါက..ဖြင့်ရေးသားနိုင်ပါသည်။ marquee ၏ အလျားနှင့် အနံကို ပြင်လိုပါက

ဟုရေးသားနိင်ပါသည်။

mouse ရွေှ့ရင် စာလုံးများရပ်သွားစေရန်အတွက် onmouseover="this.stop( )" onmouseout="this.start ( )" ကိုအသုံးပြုရမည်ဖြစ်သည်။
ဥပမာ




Monday, December 15, 2008

ဘ၀တစ်ခုကို တူးဆွကြည့်ခြင်း

ဘ၀ရဲ့ အစနဲ့အဆုံးကြား
နှုတ်ဆက်ခြင်းဆိုတာ
ခွဲခွာခြင်းလား
တွေ့ဆုံခြင်းလား ......

ဘောင်ခတ်ထားတဲ့
စည်းမျဉ်းတွေကြားမှာ
ငိုသံတွေကရော
လူ့ဘ၀ရဲ့
စတင်ခြင်းလား
အဆုံးသတ်ခြင်းလား .....

တစ်ကယ်ဆိုရင်
အတောင်ပံခတ်သံကြားတိုင်း
လွတ်လပ်မှုမရှိပါ
ရောင်ပြန်ဟပ်မှုတိုင်းလဲ
မေတ္တာတရားမဟုတ် ....

လေပြည်ရဲ့ဟားတိုက်သံကြားက
မိုးမှုန်စက်တွေတိုင်းလည်း
ဝမ်းနည်းခြင်းသာ
ဖြစ်မည်ဆိုရင်
ရွက်ကြွေထဲ နင်းဖြတ်တဲ့
ခြေသံတွေဟာ
နာကျင်ညဉ်းတွားမှုလား

ရူးသွပ်သူတွေရဲ့
လွတ်လပ်မှုတိုင်းကို
အကျဉ်းသားတွေရဲ့
လွတ်မြောက်ရက်နဲ့
နှိုင်းယှဉ်ကြည့်ရင်
ငါဟာလည်း xxxxxxxxxxxx

Sunday, December 14, 2008

blogspot.com မှ co.cc (domain name) ပြောင်းခြင်း

ပထမဦးဆုံး http://www.co.cc မှာ အရင် account (sing up)ဖွင့်ရပါမယ် ... account မလုပ်ခင် ကိုလိုချင်တဲ့ url name လေးကို available ဖြစ်လားမဖြစ်လားဆိုတာ အရင်မေးပြီးမှ လုပ်ရပါမယ် ... available မဖြစ်ရင်တော့ နောက်တစ်ခုထပ်ချိန်းပေါ့ဗျာ ...
လုပ်တဲ့နေရာမှာ www.yourname.co.cc (ဆိုတဲ့နေရာမှာ ကိုလိုချင်တဲ့ နာမည်ကို yourname နေရာမှာ ဖြည့်ပြီးမေးရမှာပါ)
အားလုံးပြီးပြီဆိုရင်တော့ set up အပိုင်းကိုသွားပါမယ် ဒါကလည်း လွယ်ပါတယ် ...
  • (၁) setup မှာ ဒီအတိုင်းလေးသွားပါမယ် setup >> Manage Domain ကိုသွားပါ ...
  • (၂) ပြီးရင် manage DNS/Zone Record/URL forwarding စတာတွေထဲက Zone Record တစ်ခုတည်းကိုပဲ ရွေးပါ ...

ပြီးရင် ကျွန်တော်ပေးထားတဲ့ အဆင့်အတိုင်း(၄)ဆင့်လုပ်လိုက်ပါ ...
အပိုင်း(၁)
- Host ဆိုတဲ့ ကွက်လပ်မှာ ကိုယ်ရွေးထားတဲ့ Domain ကိုထည့်မယ်
- TTL ဆိုတဲ့ ကွက်လပ်မှာ 1D
- Type ဆိုတဲ့မှာ CNAME ကိုရွေး
- Value ဆိုတဲ့ကွက်လပ်မှာတော့ ghs.google.com ကို ရိုက်ထည့်ပါ
- ပြီးရင်တော့ Setup ကိုနှိပ်ပါ
မှတ်ချက်။ www.yourname.co.cc မှာ (yourname ရဲ့ရှေ့မှာ www.) ပါပါစေ ..



အပိုင်း(၂)
- Host ဆိုတဲ့ ကွက်လပ်မှာ ကိုယ်ရွေးထားတဲ့ Domain ကိုထည့်မယ်
- TTL ဆိုတဲ့ ကွက်လပ်မှာ 1D
- Type ဆိုတဲ့မှာ A ကိုရွေး
- Value ဆိုတဲ့ကွက်လပ်မှာတော့ 64.233.179.121 ကို ရိုက်ထည့်ပါ
- ပြီးရင်တော့ Setup ကိုနှိပ်ပါ .



အပိုင်း(၃)
- Host ဆိုတဲ့ ကွက်လပ်မှာ ကိုယ်ရွေးထားတဲ့ Domain ကိုထည့်မယ်
- TTL ဆိုတဲ့ ကွက်လပ်မှာ 1D
- Type ဆိုတဲ့မှာ A ကိုရွေး
- Value ဆိုတဲ့ကွက်လပ်မှာတော့ 66.249.81.212 ကို ရိုက်ထည့်ပါ
- ပြီးရင်တော့ Setup ကိုနှိပ်ပါ .



အပိုင်း(၄)
- Host ဆိုတဲ့ ကွက်လပ်မှာ ကိုယ်ရွေးထားတဲ့ Domain ကိုထည့်မယ်
- TTL ဆိုတဲ့ ကွက်လပ်မှာ 1D
- Type ဆိုတဲ့မှာ A ကိုရွေး
- Value ဆိုတဲ့ကွက်လပ်မှာတော့ 72.14.207.121 ကို ရိုက်ထည့်ပါ
- ပြီးရင်တော့ Setup ကိုနှိပ်ပါ .



အားလုံးပြီးသွားရင်တော့ ဒီလိုမျိုးလေးမြင်ရမှာပါ



ဒါဟာ co.cc အပိုင်းပြီးသွားပါပြီ . နောက်တစ်ပိုင်းက ကျွန်တော်တို့ ရထားပြီးသား domain name ကို ဘလောက်မှာ သွားထည့်ပြီး ချိတ်ဖို့တစ်ခုပဲ ကျန်ပါတော့တယ် .. blogspot.com အစား co.cc ပြောင်းခြင်းကိုဆိုလိုတာပါ ..
ကျွန်တော်ရှင်းပြတာ တစ်ခါတစ်လေ ကလေးတစ်ယောက်ကို ရှင်းပြတာနဲ့တူနေရင်တော့ နားလည်ပေးစေချင်ပါတယ် ..
အခုမှ စပြီးလေ့လာတဲ့သူတွေအတွက် ရည်စူးပြီး ဒီပို့စ်ကိုတင်ထားတာပါ ...

ဒုတိယအပိုင်း ..
http://blogger.com ကို ၀င်ပြီ dashboard က setting >> publishing >> ကိုနှိပ်ပါ ..
ပြီးရင် switch to:Custom Domane >> Already own a domain? Switch to advanced setting ကို နှိပ်လိုက်ပါ ..
ပြီးရင် တော့ ပေါ်လာတဲ့အကွက်ထဲမှာ yourname.co.cc (မိမိ ရပြီးသား co.cc ရဲ့ domain name) ကို ရိုက်ထည့်ပြီးလျှင်
Save setting ကို နောက်ဆုံးနှိပ်လိုက်ပါ ..
ကဲ co.cc အကောင့် ပြုလုပ်ခြင်းပြီးသွားပါပြီဗျာ .. :P

Saturday, December 13, 2008

blogspot.com မှ co.cc ပြောင်းရခြင်းအကြောင်း

ကျွန်တော့်ဘလောက်လေးကို မြန်မာပြည်ကသူငယ်ချင်းများလဲ အရမ်းကြည့်ချင်တယ် လို့ဆိုတာနဲ့ ကျွန်တော် blogspot.com မှ co.cc ကို ပြောင်းလိုက်ပါတယ်။ အခုဆိုရင် မြန်မာပြည်က သူငယ်ချင်းများအားလုံး ကျွန်တော့်ဘလောက် လေးကို ကြည့်လို့ရသွားပါပြီ။ ကျွန်တော်အရမ်းကို ၀မ်းသာပါတယ်။ ကျွန်တော်ဟာ ကျွမ်းကျင်တဲ့ ကျွမ်းကျင်တဲ့ ဘလောက်ကာ တစ်ယောက်မဟုတ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်သိသလောက် လေးများကို ပြောပြချင်ပါတယ်။ ကျွန်တော် အချိန်တွေကုန်ပြီး လိုက်ရှာလိုက်ဖတ်ရင်းနဲ့ အချိန်တွေကုန် ဘာသာပြန်ရင်းနဲ့ အိပ်ငိုက်၊ ပင်ပင်ပန်းပန်းနဲ့ လေ့လာထားတာလေးတွေကို အချိန်တိုတိုလေးနဲ့ နားလည်သွား ပြီး လုပ်တတ်သွားအောင် ပို့စ်တင်ဖို့ကို ကျွန်တော် ကြိုးစားနေပါတယ်။ စာရေးလိုက် မကြိုက်ရင် ပြန်ပြင်လိုက်နဲ့ဆိုတော့ နဲနဲချင်းလေးပဲ တစ်ဖြည်းဖြည်းတင်သွားမှာပါ။ အခုတစ်လော အလုပ်တွေက အရမ်းများနေတာနဲ့ ပြီးတော့ ကဗျာလေးတွေရေးဖို့ စိတ်ပါလာတာနဲ့ ကဗျာလေးတွေချည်းပဲတင်နေတာကို အပြစ်မတင်ပဲနှင့် ကျွန်တော့်ရင်ထဲက ကဗျာလေးတွေကို ကူညီပြီးခံစားပေးစေချင်ပါတယ်။ တစ်ခါတစ်လေ ကျွန်တော်သိတာ လေးတွေဟာ စာဖတ်သူ သူငယ်ချင်းများ သိပြီးသားဆိုရင်လဲ ကျော်ပြီးဖတ်ဖို့ တိုက်တွန်းလိုပါတယ်။ မသိသေးတဲ့ ဘလောက်စလုပ်တဲ့ သူငယ်ချင်းများအတွက် ဆိုတဲ့အသိလေးနဲ့ နားလည်ပေးစေချင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို လွတ်လွတ်လပ်လပ် အကြံဥာဏ်များပေးပြီး လွတ်လွတ်လပ်လပ်ခင်လို့ရပါတယ်။ ကျွန်တော့် အီးမေလ်လိပ်စာလေးကတော့ naymin123@gmail.com ပါ ..

ကျွန်တော့်အတွက် ဘလောက်လေးမှ မွေးနေ့ဆုတောင်းရေးပေးတဲ့ သူငယ်ချင်းများကို ကျွန်တော် ဒီပို့စ်လေးနဲ့ ကျေးဇူးတင်စကားပြောလိုက်ပါတယ်။ လူကိုယ်တိုင် ပါးစပ်နှင့်မပြောလိုက် ရတဲ့အတွက် ကျွန်တော့်ကို နားလည်ပေးစေ လိုပါတယ်။ သူငယ်ချင်းများအားလုံး ကျွမ်းကျင်တဲ့ blogger များဖြစ်ကြပါစေလို့ ကျွန်တော်ဆုတောင်း လိုက်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ မြန်မာတွေဟာ အင်တာနက်ရဲ့ စာမျက်နှာတွေမှာ မြန်မာစာတွေနှင့် ဖော်ပြခွင့်ရလိုက်တာဟာ အရမ်းပျော်စရာကောင်းပါတယ်.. ဟိုးအရင်ကတည်းက မြန်မာစာနှင့်ဖော်ပြချင်ပေမယ့် မရခဲ့ပါဘူး။ အင်္ဂလိပ်လိုပဲ သူများဘာသာနှင့် ဖြေသိမ့်နေရတာကနေ အခုဆိုရင် မြန်မာဘာသာနှင့်ပါ ဖော်ပြနိုင်တာဟာ ကျွန်တော်တို့ရဲ့ ကြိုးစားမှုနှင့် လေ့လာလိုက်စားမှုတွေကြောင့်ဆိုရင် မှားမယ်မထင်ပါဘူး။ တစ်ကယ်လို့သာ ကျွန်တော်တို့နိုင်ငံမှာ လွတ်လွတ်လပ်လပ်လေ့လာခွင့်နှင့် ပိတ်ပင်တားဆီးမှုတွေမရှိဘူးဆိုရင်တော့ အမြန်ဆုံးနှင့် အကောင်းဆုံး တွေဖြစ်လာနိုင်ပါတယ်။ အခုဆိုရင် ကိုယ်တိုင် ၀ဘ်ဆိုက်လေးတွေ ဖန်တီးခွင့်ရသွားကြတာဟာ အရမ်း ပျော်စရာကောင်းပါတယ်။ ဒါဟာ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ လက်ဆင့်ကမ်း ပညာဆင့်ပွား သင်ပေးကြခြင်းရဲ့ အကျိုးကျေးဇူးတွေပါ..

Friday, December 12, 2008

မင်းပေးတဲ့အပိုဆု

နာကျင်စွာနဲ့ ကြင်နာမိတဲ့အခါ
မှန်ရာကိုပဲ ဆိုပါရစေ .. ငါကြာကြာမညာနိုင်တော့လို့ပါ
ဒဏ်ရာဆိုတာ အမြဲနာကျင်စရာမဟုတ်ဘူးလေ

ကြင်နာတယ်ဆိုတာ နာကျင်တာတွေကို ဖြေသိပ်ဖို့
အဆုံးတစ်ဖက်မှာ ထည့်ပေးလိုက်တဲ့
အပိုဆုလေးတစ်ခုရယ်ပါ

ဆေးချက်မထင်တဲ့ပန်းချီကားကို
စုတ်ချက်တင်ဖို့
ငါအကြိမ်ကြိမ်ကြိုးစားခဲ့တယ်
ကောင်မလေးရေ
မင်းကိုသတိရမိတဲ့ညတိုင်းမှာ
မင်းကိုပိုချစ်လာတာကလွဲလို့
ဘာမှမပြောင်းလဲခဲ့ပါဘူး
ကော်ဖီခါးခါးတစ်ခွက်ကြောင့်ထက်
မင်းအကြောင်းတွေးမိတဲ့ အတွေးတွေကြောင့်
ငါ့အတွက်အိပ်ပျက်ညတွေဖြစ်လာတာပါ

ငါ့ကို အကြင်နာတွေပေးပြီးမှ
နာကျင်တာတွေထပ်မပေးပါနဲ့
နာကျင်ခြင်းတွေကို ထားဖို့နေရာတွေ
ငါ့နှလုံးသားမှာ နေရာလွတ်မရှိတော့လို့ပါ ...

အခုတော့လဲ ငါ့နှလုံးသားက နာကျင်မှုတွေကိုခံစားဖို့
မောဟိုက်နေပြီလေ
ဘာဖြစ်လို့လဲဆိုတော့ ဝေဆာနေတဲ့
အချစ်ပန်းခင်းတစ်နေရာကို
ရောက်လိုက်လို့လေ ...

ကျွန်တော့်မွေးနေ့ပွဲ

မနက်ဖြန် (13.12.2008) ဟာ ကျွန်တော့်မွေးနေ့ပွဲဖြစ်ပါတယ် . ကျွန်တော့်ကို ချစ်ခင်ကြတဲ့ သူငယ်ချင်းများအားလုံး ဒီပို့စ်လေးအောက်မှာပဲ မွေးနေ့ပွဲ ဆုတောင်းများ ရေးပေးစေ လိုပါတယ် . ဒီကျွန်တော့်အတွက် အမှတ်တရ ဖြစ်သွားတာပေါ့တစ်ကယ်တော့ မွေးနေ့ဆိုတာ ကိုသေမယ့်ရက်ကို တစ်နှစ်ပိုနီးလာပြီဆိုတာ အသိပေးခြင်းသက်သက်ပါ ... ကျွန်တော်လည်း တစ်ရက်တစ်ရက် အလုပ်တွေများ၊ ဦးနှောက်တွေစားနေတာနဲ့ မွေးနေ့ပွဲဆိုတာကို တစ်ခါတစ်ခါ မေ့နေတတ်တယ်ဗျာ ..ကျွန်တော်ရဲ့ မွေးဖွားခြင်းမှသည် သေဆုံးခြင်းသို့တိုင် လျှောက်လှမ်းနေဆဲကာလသည် တစ်ဖြည်းဖြည်းနဲ့ တိုသွားပါပြီဗျာ ... ကျွန်တော့် မိဘနှစ်ပါးစလုံးကို ဒီနေရာမှ ဒီပို့စ်လေးနဲ့ပဲ လက်အုပ်ချီပြီး ကန်တော့လိုက်ပါတယ် .. သားဒီစာလေးကိုရေးနေတာ မျက်ရည်တွေနဲ့ပါ အမေ .. သူများတိုင်းပြည်ကို အလုပ်သွားလုပ်ကြခြင်းဟာ ဘယ်လောက်ပဲ ပြီးပြည့်စုံမှုတွေပေးပေး အေးမြတဲ့မိဘအရိပ်အာဝါသကိုတော့ ဘယ်လိုမှမရနိုင်ပါဘူး ....

သူငယ်ချင်းများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ .....

Thursday, December 11, 2008

အိုအေစစ်

တစ်ချိန်က
မွန်းကြပ်တဲ့မီးလောင်တိုက်အတွင်းကိုလည်း
ငါခဏဆင်းခဲ့ဖူးတယ်

ပြောမပြတတ်တဲ့ သောကအစုံကိုလည်း
ငါခံစားခဲ့ရဖူးတယ်

ဦးတည်ရာမဲ့တဲ့ လှေတစ်စင်းကိုလဲ
ငါတစ်ရှိုက်မက်မက် လှော်ခတ်ခဲ့ဖူးတယ်

တန်ဖိုးရှိတဲ့အချိန်တွေကိုလည်း
ငါဖြုန်းတီးပြစ်ခဲ့ဖူးတယ်

လောကကြီးကို အပေါ်စီးကနေလည်း
ပေစောင်းစောင်း ငါကြည့်ခဲ့ဖူးတယ်

ငါ့ရဲ့နူးညံ့တဲ့ လက်အစုံနဲ့
ဘ၀ဆိုတဲ့ ပန်းပုတစ်စုံကိုလည်း
ငါထုဆစ်ခဲ့ဖူးတယ်

လမ်းပျောက်ကြယ်တစ်ပွင့်လည်း
ငါဖြစ်ခဲ့ဖူးတယ်

ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့်
ဒဏ်ရာရကျားတစ်ကောင်လည်း
ငါဖြစ်ခဲ့ဖူးတယ်

တစ်ခါတစ်ခါ ဘ၀ဆိုတာကြီးကို ပြန်စဉ်းစားကြည့်
ဟာတာတာနဲ့ အဓိပ္ပါယ်မဲ့နေသလိုပဲ

အခုတော့ ငါ့ဘ၀လေးဟာ
သဲကန္တာရတစ်နေရာကိုရောက်နေတဲ့လူတစ်ယောက်
အေးမြတဲ့ အိုအေစစ်ဆိုတဲ့နေရာလေးတစ်ခုကို
တွေ့ရာကနေ အာသာငမ်းငမ်း
သောက်သုံးလိုက်ရတဲ့ ရေတစ်ခွက်လိုပါပဲ ...
ရင်ထဲကို ဖော်မပြတတ်တဲ့ အင်အားတွေ
သွေးကြောတွေကနေတစ်ဆင့် စီးဆင်းသွားသလိုမျိုး
ငါခံစားလိုက်ရတယ် ...

တစ်ကယ်ဆိုဒါဟာ အချစ်ဆိုတဲ့အရာလားလို့
ငါဝေခွဲရင်းနဲ့ပဲ ငါ့သွေးတွေ
ကာရံမဲ့အလွမ်းတွေနှင့် အဖော်ပြုနေခဲ့မိတယ် ..

Wednesday, December 10, 2008

ကာရံမဲ့အချစ်

ငါ့ရင်ထဲက အငွေ့အသက်လောက်ပဲ
ကျန်နေတဲ့ အချစ်ဆိုတဲ့
မီးစာကုန်လုနီးနီး
မီးတောက်ကလေးကို
လောင်စာဖြည့်ပြီး
ပြန်ထွန်းညှိနှိုင်တဲ့ မင်းရဲ့အချစ်တွေကိုတော့
ထာဝရ ကို့ရင်ခွင်ရဲ့
နှလုံးသားတစ်နေရာမှာ
ထာဝရ သိမ်းဆည်းထားလိုက်ပြီလေ ...

နူးညံ့မှုအချစ်ဆိုတာ
ကြားဖူးပေမယ့်
မခံစားခဲ့ရတဲ့ ကိုယ့်ဘ၀တစ်ခုလုံးအတွက်
နက်နက်ရှိုင်းရှိုင်း ရူးသွပ်သွားတာ
ဘယ်လိုအကြောင်းတစ်ရားတွေကြောင့်လဲ ...
ဒဏ်ရာတွေနဲ့ ကျန်ခဲ့မှာကို တွေးမိလိုက်ပေမယ့်
ကိုယ့်ရင်ထဲမှာ မင်းကိုယုံကြည်လိုက်မိတယ်
တစ်ကယ်လို့
နာကျင်တဲ့ ဒဏ်ရာတစ်စုံပေးမယ်ဆိုရင်တောင်
ကိုယ့်ရဲ့ စစ်မှန်တဲ့အချစ်တွေကြောင့်
မင်းလဲ ကိုယ့်လို ခံစားရမှာပါ.
ကိုယ်ဒီဝေဒနာကိုခံစားရမယ်ဆိုရင်တောင်
အမြဲတမ်းပြုံးနေလိုက်မယ် ...

ဂျစ်ကန်ကန် ကောင်လေးတစ်ယောက်ရဲ့
ရင်ဘတ်အထဲထိကို
ဝင်လာနိုင်တဲ့ မင်းကို
ပြန်ထွက်သွားခိုင်းဖို့ဆိုတာ
ငါ့မှာ ခွန်အားမဲ့နေပြီလေ ......

ကိုတို့နှစ်ယောက်ရဲ့အချစ်တွေက
ဘာမျှော်လင့်ချက်၊ ဘာမက်မောမှုမှမပါတဲ့
ကာရံမဲ့အချစ်လေးပဲ ဖြစ်ချင်တယ် ချစ်သူရယ် ...


Monday, December 8, 2008

သူငယ်ချင်းများအား အသိပေးခြင်း

ကျွန်တော် နောက်ဆိုရင် သက်ဆိုင်တဲ့ပို့စ်တွေကို သက်ဆိုင်တဲ့ဘလောက် (ကဗျာ၊ ဘလောက်ရေးသားနည်း၊ စာကြည့်တိုက်၊ ဓါတ်ပုံမှတ်တမ်း၊ ဆော့ဖ်ဝဲလ်) စတဲ့ ခေါင်းစဉ်တွေမှာပဲ အုပ်စုအလိုက် ပေါင်းပြီးရေးတော့မှာဖြစ်တဲ့အကြောင်း အသိပေးပါတယ် ..
သူငယ်ချင်းများ ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ ....

ညီနေမင်း

ရင်ထဲကကဗျာစာစု (၁)

မင်းရဲ့ရှေ့မှာ တိုက်ခိုက်ခြင်းကင်းတဲ့
အဆွယ်မရှိတဲ့ မြွေတစ်ကောင် အဖြစ်ကိုပဲ
ငါတောင်းတနေခဲ့မိတာပါ ..

ဝတ်ရုံတွေခြုံထားတဲ့
ဟန်ဆောင်မှုလောကရဲ့
ခံစားချက်မဲ့အပြုံးတုတွေကြား
မွှန်းကြပ်တဲ့ အသက်ရှုသံတွေနဲ့
အဖော်ပြုနေရတဲ့ မင်းကို
တစ်ခါတစ်ခါ ငါသနားမိတယ် ...

အချိန်ပြည့်တိုက်ခိုက်မှုတွေနဲ့
ထိုးနှက်နေရတဲ့ လူ့ဘ၀ကြီးကို
တစ်ခါတစ်လေတော့လဲ
စိတ်နာမိတယ် ..
တစ်ချိန်ချိန်မှာ
လောဘတွေနဲ့ဖက်ပြီး
မျက်ရည်စက်လက် အသက်ထွက်သွားမယ့်
လူတစ်ယောက်အဖြစ် လောကကြီးထဲကနေ
တန်ဖိုးမဲ့ထွက်ခွာခြင်းမျိုးနဲ့တော့ မသွားချင်ဘူး .

ရင်ဘတ်ထဲက ခံစားချက် အပိုင်းအစ

ယိုင်နဲ့နဲ့ ခံစားချက်တစ်ချို့ကနေ
လွင့်စင်ကျလာတဲ့ သံစဉ်တစ်ချို့
သီဆိုသူ ကင်းမဲ့ပြီး
ဦးတည်ချက်မဲ့စွာ လွင့်မြောနေခဲ့တာ
လအတော်ကြာပါပြီ ....

လောင်မြိုက်နေတဲ့ မီးလောင်ရာကွင်းပြင်အလယ်
ငါတစ်ယောက်ထဲ ယောင်နနနဲ့
အူကြောင်ကြောင် ဟိုကြည့်ဒီကြည့်နဲ့
မတ်တတ်ရပ်နေမိတာလဲ
လအတော်ကြာပါပြီ ....

ကဲမင်းပြောတဲ့ အချစ်ဆိုတဲ့အရာရဲ့ အဓိပ္ပါယ်ကို ငါခံစားမိသလောက် ရှင်းကြည့်မယ်..
*အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်တဲ့*

ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ တဲ့
(စိုးရွံ့တဲ့စိတ်နဲ့ မုန်းမိမယ့်စိတ်တို့ကြောင့် ဖြစ်လာတဲ့ သယုတ်ပြကွက်တစ်ခုပါ) လို့ ကိုပြန်ပြီးဖြေရှင်းချင်တယ် ... (ညီ)

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။

အဲဒါ ရမ္မက်ပါ တဲ့
ကိုကတော့အဲ့လိုမထင်ဘူး အဲ့ဒါဟာ ရင်ဘတ်ထဲက မြတ်နိုးမှုတွေ၊ ဂရုစိုက်မှုတွေနဲ့ တရှိုက်မက်မက်စွဲလမ်းမှုတစ်ခုရယ်ပါ .. (ညီ)

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ တဲ့
ကိုကတော့ ဒါဟာ ဝေးလွင့်သွားခြင်းရဲ့ နောက်ဆက်တွဲ အလွမ်းတွေနဲ့အဖော်ပြနေရမှာ တစ်ခုအတွက်ပါ ... (ညီ)

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ တဲ့
အဲ့ဒါဟာ ချစ်တဲ့စိတ်ကြောင့်ဖြစ်လာတဲ့ ကြည်နူးမှုတစ်ချို့တစ်လေပါ .... (ညီ)

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။
မဆိုင်ဘူးလို့ပဲ ငြင်းချင်တယ် ဒါဟာ အချစ်ထိပ်ဆိုင်ထောင့်နှစ်ခုပေါင်းလို့ဖြစ်လာတဲ့ တူညီချက်တစ်ခုရဲ့ result ပါ ချစ်သူ... (ညီ)

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ တဲ့
ဒါဟာ နှလုံးရောဂါအခံရှိတဲ့ လူတစ်စုရဲ့ လုပ်ကြံစကားပါ ..... (ညီ)

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။
ဒါဟာ ခွင့်လွတ်နိုင်တဲ့အပြစ်တစ်ခုမို့လို့ပါ ... (ညီ)

........ xxx ကဲလာပြီ ဒါက သူပြောတဲ့အချစ်တဲ့ xxx ......
သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။
ဘာလို့ဝမ်းနည်းတာလဲလို့အရင်မေး ပြီးမှ ခံစားသင့်ရင်ခံစား (တော်ကြာ တစ်ခြားကောင်လေးတစ်ယောက်ကြောင့်ဝမ်းနည်းနေတာကို ကိုက ဘုမသိဘမသိနဲ့ စွပ်ပြီးခံစားနေရင် အဓိပ္ပါယ်မဲ့နေမယ်လေ) (ညီ)

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။
မင်းယောကျာင်္းမဟုတ်ဖူးလား၊ မျက်ရည်ဆိုတာယောင်္ကျားတို့ တတ်အပ်တဲ့အဌာရသ(၁၈)ရပ်ထဲမှာမပါဘူးလေ ...
အရင်ဦးဆုံးမင်းစဉ်းစားရမှာက ကိုယ့်မိဘအတွက် မဖြည့်ဆည်းပေးနိုင်တဲ့အရာတစ်ခုအတွက် ပထမဦးဆုံးမျက်ရည်ကျရမှာလေ ..
မိဘက ပထမအချစ် .. ပြီးမှ ချစ်သူက ဒုတိယအချစ် ... (ညီ)

မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။
ရှေ့တင်မှာတော့ အမြဲငို၊ နောက်ကွယ်မှာတော့ အကဲပို ဆိုရင် မင်းဘယ်လိုလုပ်မလဲ ... (ညီ)

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။
အချစ်နဲ့ဆိုရင် ထမင်းရည်ပဲ အတူတူသောက်ရသောက်ရဆိုတဲ့ခေတ်က သာလွန်မင်းလက်ထက်လောက်ကပါ .. (ညီ)

သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။
?????????? etc ....
ဘာတွေပဲပြောပြော ကိုကတော့ အချစ်ဆိုတဲ့ အရာဟာ အဓိပ္ပါယ်ဖော်လို့မရတဲ့ နက်ရှိုင်းတဲ့ခံစားချက်တစ်ခုလို့ထင်တယ်လေ
ဘာလို့လဲလို့လဲဆိုတော့ အဓိပ္ပါယ်ဆိုတာ တစ်ခုထဲပဲရှိရမယ့် ခြွင်းချက်ဝိသေသတစ်ခုနော် ...
ကိုကတော့ မင်းကို သူတို့တွေ ဖော်ကျူးနေပါတယ်ဆိုတဲ့ အချစ်ဆိုတဲ့ အရာထက်ကို နက်နက်ရှိုင်းရှိုင်းပိုချစ်တာပါ ...
ဆိုလိုတာက အဓိပ္ပါယ်ဖော်လို့မရတဲ့ အချစ်မျိုးပေါ့ ...
ညီနေမင်း


Sunday, December 7, 2008

Gtalk ကနေ ဖုန်းခေါ်ရအောင် (ရှင်းပြချက်)

Pdf နှင့် မြန်မာလိုရှင်းပြထားတာလေးပါ...
ရှင်းပြပုံလေးကို ကြည့်ချင်ရင်တော့ ဒီမှာ ပါ ........

pdf နှင့်ရှင်းပြပုံလေးကို download လုပ်ချင်ရင်တော့ ဒီမှာ ပါ ........

စာအုပ်တွေကို download လုပ်ကြစို့

မှတ်ချက်။ မြန်မာမိသားစုဖိုရမ်မှ ပြန်လည်ကူးယူတင်ပြထားပါသည်။
မြန်မာစာအဖွဲ့က ပြုစု ထုတ်ဝေထားတာပါ ..
မြန်မာဆိုရိုးစကား တဲ့ ..
download လုပ်ချင်ရင်တော့ ဒီမှာပါခင်ဗျာ ..
-------------------------------------------------------------
ဒီစာအုပ်လေးကတော့ ..တက္ကသိုလ်တင်ခရဲ့
မြန်မာစာ မြန်မာမှုကို ပြုစုပျိုးထောင်ခေါင်းဆောင်ခဲ့ကြသူများ ဆိုတဲ့ စာအုပ်လေးပါ။
download လုပ်ချင်ရင်တော့ ဒီမှာ ပါ ...
-------------------------------------------------------------
မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း လေးပါခင်ဗျာ..
မြန်မာစာလုံးပေါင်းလေးတွေ မှန်နိုင်ကြပါစေဗျာ
download လုပ်ချင်ရင်တော့ ဒီမှာပါ ...
------------------------------------------------------------
တက္ထသိုလ်တင်ခရဲ့ မြန်မာစာ မြန်မာမှုကို ပြုစုပျိုးထောင်ခဲ့သူများ စာအုပ်ပါ။
download လုပ်ချင်ရင်တော့ ဒီမှာပါ ...

-------------------------------------------------------------------




ကြောက်တာပေါ့အမေရ

တစ်ခါက ခွဲစိတ်ခန်းကနေ လူနာတစ်ယောက် ထွက်ပြေးလာတာကို
အပြင်မှာရှိတဲ့လူနာရှင်အမေက မေးတယ်.....
အမေ။ ။သားခွဲစိတ်လို့ မပြီးသေးဘဲနဲ့ ဘာလို့ ထွက်လာတာလဲ...
သား။ ။မကြောက်ပါနဲ့ ခွဲစိတ်မှုအောင်မြင်မှာပါလို့ ပြောလို့အမေရ
အမေ။ ။သြော်သားကလည်း ဒါကအားပေးစကားလေ ကြောက်ပြီးထွက်ပြေးစရာမလိုပါဘူး...သားကြောက်မှာစိုးလို့ပြောတဲ့ဟာကို...
သား။ ။ကြောက်တာပေါ့အမေရ..သားကိုပြောတာမှ မဟုတ်တာ..သူနာပြုဆရာမက ဆရာဝန်လက်တုန်နေတာတွေ့လို့ ပြောတာအမေရ...



ရေလာမြောင်းပေး

ရှင်ကျွန်မကို နမ်းရင် အဖေမမြင်စေနဲ့နော်
ကိုယ်မင်းကို ဘယ်တုန်းကမှ မနမ်းရပါလား
ဟုတ်ပါတယ် ၊ တကယ်တည်းမှပဲ ၊ နမ်းမယ်ဆိုရင်ပြောတာပါ



ဗေဒင်ဆရာပြောတာမှန်ပါတယ်

ဗေဒင်ကို အင်မတန်ယုံကြည်သောလင်မယားနှစ်ယောက်စကားပြောနေကြသည်။
ယောင်္ကျား။ ။ဗေဒင်ဆရာပြောတာမှန်လည်းမမှန်ဘူး။ငါ့မှာတော့စိတ်ဆင်းရဲ
လိုက်ရတာ။
မိန်းမ။ ။ဆရာကဘာပြောလို့ လည်း ၊ရှင်ကစိတ်ဆင်းရဲရအောင်။
ယောင်္ကျား။ ။မင်းကိုယ်ဝန်ရှိတုန်းကဗေဒင်ဆရာပြောလိုက်တာလေ ၊
မှတ်မိသေးလား။
မိန်းမ။ ။အငိးမှတ်မိသားပဲ။ ကလေးကဖေဖေလို့ ခေါ်တဲ့
နေ့ ကြရင် ကလေးအဖေသေမယ်ဆိုတာမှတ်လား။
ယောင်္ကျား။ ။အေးလေ။မနက်ကပဲသားလေးကငါကို ဖေဖေ လို့ခေါ်တယ်လေ။
အခုည ( ၁၂ )နာရီကျော်ပြီလေ။ငါသေမှမသေသေးတာကွ။
သူပြောတာမှားတာပေါ့။
မိန်းမ။ ။သူပြောတာမမှားပါဘူးမောင်ရယ်။ နေ့ ခင်းက အကိုအလုပ်သွား
နေတုန်း ဟိုဘက်အိမ်က ကိုဖိုးအောင်ကြီးဆုံးသွားတယ်လေ။




မ ခံ စား နိုင် လို့ပါ

တနေ့ မှာ အဖွား ကြီး တယောက် သွား ကိုက် ဝေဒနာ ကို အပြင်း အထန် ခံ စား နေ ရ ရှာ သ တဲ့...
နောက် ဆုံး မ ခံ စား နိုင် တာ နဲ့ .. ဆရာဝန် နဲ့ သွားပြ သတဲ့...
ဒါပေမယ့် ခက် တာ က သူပြ တဲ့ ဆရာဝန် က သွား ဆရာဝန် မဟုတ် ပဲ...
O.g ဖြစ် နေတယ်..
အဘွားကြီး ။ ။ ကျွန်မ မခံ မရပ် နိုင် အောင် ကိုက် ခဲ နေ တာ ပဲ ဆရာရယ်
ဆရာဝန် ။ ။ ဟုတ်ကဲ့အဖွား..ကျွန်တော်သေသေချာချာ စစ် ဆေး ပေး ပါ့မယ်

ဆရာဝန် မှာ သေ သေ ချာ ချာ စစ် ဆေး ပြီး....

ဆရာဝန်။ ။ အဖွား ရ... ဘာမှ လည်း မဖြစ် ပါလား.....
အဘွားကြီး။ ။ မသိပါဘူး ဆရာရယ် သွားက တနေ့ထက်တနေ့ ပိုပို ပြီး ကိုက် လာ လို့ လာ ဆေးခန်းလာပြတာ ပဲ....
ဆရာဝန်။ ။ အမ် အဖွား က သွား ကိုက် နေ တာ လား... ဘာ လို့ ကျွန်တော့ ကို စောစော က မပြောလည်း.....
ထိုအခါ အဘွားကြီး ပြော လိုက်ပုံ က.........
အဘွားကြီး ။ ။ မသိဘူး လေ ဆရာရယ် ... ကျွန်မက .. သွား ရဲ့ အမြစ် ကို ရှာနေတာမှတ်လို့...


ကောင်း ရော

ဆေးကျောင်းတခုတွင် ဖြစ်သည်..
ဆရာပေါက် ၂ ယောက် က ကျောင်း သား ကျောင်း သူ များ အား စာမေး ပွဲ စစ်နေသည်..
ဆရာပေါက်စ ၂ ယောက် က ခွက် ပုံး ကစ် ရင်း စစ် နေ ကြခြင်းဖြစ် သည်...
စစ် တဲ့ ပုံ စံ က တော့... ကြွတ်ကြွတ် အိပ်လေး တခု စီထဲ မှာ. လူ့ ကိုယ် တွင်း မှာ ရှိတဲ့.. အင်္ဂါ အစိတ် အပိုင်း တ ခု စီထည့် ထား သည်... ပြီး တော့.
ကျောင်း သား၊ ကျောင်း သူများက မိ မိ စိတ် ကြိုက် အိပ်ကို ရွေး ချယ် ကြီး..
ထို အစိတ်အပိုင်း သည် ဘာ ဖြစ် တယ်.. ဘယ် လို အလုပ် လုပ် တယ် ဆို တာ ကို ဖြေ ဆို ရမှာ ဖြစ် ပါတယ်..
အဲ ဒီလိုနဲ့..
ကျောင်း သား ကျောင်း သူ တွေ ဖြေဆို သွား လိုက် ကြတာ..
ကျေားင်းသူလေး တ ယောက် အလှည့် ကြတော့....
ကျွတ်ကျွတ် အိပ်ကို စမ်း ကြည့်ပြီး...
မျက်လုံး.. ပြူး မျက်စံ ပြူး နဲ့..
"ဟင် .. ဟင်.. ဒါ....ဒါ ... ဒါ .. ၀က် အူချောင်း...၀က် အူ ချောင်း" ..
လို့ ပြော ပါတယ်..
အဲဒီမှာ ဆရာ ၂ ယောက် က...
"သမီး ဒါ စာမေး ပွဲစစ် တာ လေ...သေချာစဉ်းစား သမီး... "
"သမီး မှာ chance ရှိ တယ် စဉ်းစား လို့ ရသေးတယ် "... လို့ ပြောပါတယ်..
အဲဒီမှာ.. ကျောင်းသူ လေး က...
"မ.. မဟုတ်ဘူး.. ဒါ ၀က်အူချောင်း မှ ၀က် အူချောင်း အစစ်.." လို့.. ပြောပါတယ်.
ထို အခါ ဆရာကလည်း.
"မဟုတ်သေးဘူးလေ သမီး... ဒါလူ့ ကိုယ် အင်္ဂါ အစိတ် အပိုင်း တွေ.. လေ"
"ဘယ်လို လုပ် ၀က် အူချောင်း ပါမှာလည်း... သေသေ ချာချာစဉ်းစား သမီး"
"ပြီးတော့ သမီးက ဆရာဝန်လုပ်မှာလေ.. မရှက် ရဘူး..." လို့ ပြော သတဲ့..
ကျောင်း သူလေး က လည်း..
"မဟုတ်ဘူး သမီး သိ တယ် ဒါ ၀က် အူချောင်း မှ ၀က် အူချောင်း အစစ်.."
ထိုအခါ ဆရာ ၂ ယောက် မှာ မနေသာတော့ပဲ.
"ကဲ ဒါဆို ဖွင့် ကြည့် ကြရအောင်" ဆို ပြီး ဖွင့် ကြည့်လိုက် တဲ့ အခါ...
တ ကယ် ပဲ.. ၀က် အူ ချောင်း ကြီး ထွက်လာ သတဲ့.....
ထို အခါ ဆရာ တစ် ယောက် ပြောလိုက် ပုံ က..
"ဟာ .. ခွီး တဲ့ မှ ပဲ... ငါ တို့.. ၀က် အူ ချောင်း နဲ့ မှား မြည်း မိပြီ"...တဲ့...




Saturday, December 6, 2008

Marquee အကြောင်းလေးကိုရှင်းပြထားတာလေးပါ

image တွေ၊ photo တွေကို marquee ပုံစံမျိုးဖြစ်စေချင်ရင်တော့

ဒီလိုပုံစံမျိုးရေးနိုင်ပါတယ်။

marquee ကို ဘယ်မှညာကို သွားစေချင်ရင်တော့


ဟုရေးသားပေးရပါမယ်။
အပေါ်မှအောက်၊ အောက်မှ အပေါ်သွားစေချင်ရင်

direction="up"
direction="down" ဟုရေးသားနိုင်ပါသည်။

marquee မှာ အသုံးပြုတဲ့ attributes တွေရှိပါသည်။အဲဒါတွေကတော့

behavior="scroll", behavior="alternate",behavior="slide" တို့ဖြစ်ပါသည်။


behavior သည် မိမိလှုပ်ရှားစေလိုသော စာကြောင်းရဲ့လှုပ်ရှားမှုကို ရည်ညွှန်းပါသည်။

behavior="alternate" သည် စာသားများကို bouncing လုပ်ရန်ဖြစ်သည်။ behavior="slide" သည် စာသားများအား အစွန်းတစ်ဖက်တွင် ရပ်နေစေမည်ဖြစ်သည်။

မိမိ၏ marquee အတွင်းတွင် နောက်ခံအရောင်ထည့်လိုပါက..

ဖြင့်ရေးသားနိုင်ပါသည်။ marquee ၏ အလျားနှင့် အနံကို ပြင်လိုပါက


ဟုရေးသားနိင်ပါသည်။

mouse ရွေှ့ရင် စာလုံးများရပ်သွားစေရန်အတွက် onmouseover="this.stop( )" onmouseout="this.start ( )" ကိုအသုံးပြုရမည်ဖြစ်သည်။
ဥပမာ





Html အကြောင်း အပိုင်း(၂)

Html အကြောင်းကို မြန်မာလို video ဖိုင်နဲ့ရှင်းပြထားတာပါ ... တော်တော်လေးနားလည်သွားလိမ့်မယ်လို့ ကျွန်တော်အကြံပြုချင်ပါတယ် ... ဒီဖိုင်လေးကိုတင်ပေးထားတဲ့ ကိုဇော်ကိုလဲ အရမ်းကျေးဇူးတင်ပါတယ် ...
ဘာဖြစ်လို့လဲဆိုတော့ ဒီလို video ဖိုင်လေးနဲ့ ရှင်းပြထားတာက အဝေးမှာနေကြတဲ့ သူငယ်ချင်းတွေအဖို့ ရနိုင်ဖို့ ခက်ခဲလို့ပါ .
download လုပ်ချင်ရင် ဒီကို နှိပ်ပါ


Friday, December 5, 2008

ကမ္ဘာကြီးပျက်မယ်တဲ့

ကျွန်တော်သတင်းလေးတစ်ပုဒ်ကို ဆိုဒ်တစ်ခုကနေဖတ်လိုက်ရတာ စိတ်ထဲခိုးလိုး ခုလုဖြစ်နေတယ်ဗျာ ...
ဒီပို့စ်ကို တင်သင့် မတင်သင့် တော်တော်စဉ်းစားပြီးမှ တင်လိုက်တာပါ။ အခြားအကြောင်း အရာတွေက ကိစ္စမရှိပေမယ့် ဒီအကြောင်းအရာက သေချာ မစဉ်းစားရင် စိတ်အနှောက်အယှက် ဖြစ်စေလို့ပါ။ ဒီပို့စ်ကို ဖတ်တဲ့ သူတိုင်း မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ကာလာမသုတ် ကို နှလုံးသွင်းပါလို့ ပြောပါရစေ။ အခု ကျနော်ရေးမယ့် အကြောင်းအရာက ကြည့်မိတဲ့ သူတွေအကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့ စကြာဝဠာ နဲ့ ပါတ်သတ်တဲ့ YouTube video တွေအကြောင်းပါ။ အဓိက အကြောင်းအရာက ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်မယ် ဆိုတဲ့ ကိစ္စပါ။ အဲဒီ ဗွီဒီယို တွေကို Doomsday, Nibiru, Planet X, 2012 December 21 ဆိုတဲ့ keyword တွေနဲ့ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။ သူတို့တွေ ပြောကြတဲ့ ဦးတည်ချက်က တစ်ခုတည်းပါ။ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုတဲ့ အကြောင်းအရာပါ။ ဘာကြောင့် ပျက်မှာလဲ။ ဘယ်လိုပျက်မှာလဲ။ သူတို့ ရေးတဲ့ အတိုင်း ကျနော် ပြန်ရေးပါ့မယ်။ အောက်မှာရေးထားတဲ့ အကြောင်းအရာဟာ ကျနော့် စာသား မဟုတ်ပါ။ သူတို့ ရေးထားတာကို တိုက်ရိုက်ဘာသာ ပြန်ပေးတာ ဖြစ်ပါတယ်။ (ပေရှည် နေတာတွေကို ဖျက်ထုတ်ခဲ့ပါတယ်)



ကမ္ဘာပေါ်က အချို့ သော အကြောင်းအရာတွေဟာ ရှင်းပြ နိုင်တဲ့ အကြောင်းအရာတွေမဟုတ်ကြ ပါဘူး။ ဥပမာ - Stonehenge နဲ့ Easter Island တို့လိုပေါ့။ သေချာရှင်းမပြနိုင်တဲ့ အရာတွေ အဖြစ် ယနေ့ထိ ရှိနေဆဲပါ။ သူတို့ကို ဘယ်သူတည်ဆောက်ခဲ့တယ်၊ ဒါမှမဟုတ် ဘယ်လို ဖြစ်လာခဲ့တယ် ဆိုတာ ဘယ်သူမှ
ရာနှုန်းပြည့် မပြောနိုင်ပါဘူး။ (ပုံမှာ Stonehenge နဲ့ Easter Island ပေါ်က အရုပ်တွေကို ပြထားပါတယ်။ Easter Island က သြစတေးလျ နဲ့ ချီလီ အကြားက ပစိဖိတ် ရေပြင်ကျယ် ကြီး အလယ် လောက်မှာ ရှိတာ၊ ဘယ်တုန်းက များ ရှေးဟောင်းလူတွေ ရောက်ပြီး ဒါတွေ လုပ်သွားလဲ.. ကျနော်လည်း အံ့သြော မိပါတယ်)။ ကျနော်အခုရှင်းပြမယ့် အကြောင်း အရာကလည်း သေချာ ရှင်းမပြ နိုင်တဲ့ အကြောင်းအရာတစ်ခုပါ။ ကမ္ဘာ ကြီးပျက်မယ့် နေ့စွဲကို ပြောတာပါ။ အဲဒီ နေ့စွဲက ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့လို့ ပြောလိုက်တဲ့ အတွက် ကျနော့်လိုပဲ ခင်ဗျားလည်း အံ့အားသင့် သွားနိုင်ပါတယ်။ ဒါပေမယ့် NASAနဲ့ Governments တွေကတော့ အံ့အား သင့်မယ် မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ၁၉၈၃ ခုနှစ်ကတည်းက ဒီအကြောင်းကို သိနေကြ နှင့်ပြီးသားဖြစ်နေလို့ပါ။ ဘာကို သိနေကြ တာပါလဲ။ အခုဘယ်သူတွေက ကျနော်တို့ ကမ္ဘာနဲ့ ပါတ်သတ်ပြီး သတိပေးခဲ့သလဲ ဆိုတာ ကြည့်ကြ ရအောင်ပါ။ Nostradamus ကပြောပါတယ်၊ စကြာဝဠာအတွင်းက ကြီးမားလှတဲ့ အရာဝတ္ထုတစ်ခုဟာ ကျနော်တို့ ကမ္ဘာဆီကို ဦးတည်ပြီး လာနေပါတယ်။ သူ့ရဲ့ နေပါတ်လမ်းဟာ နှစ်ပေါင်း ၃၆၀၀ မှာ တစ်ပါတ် ပြည့်ပြီး ၂၀၁၂ ခုနှစ်မှာ ကျနော်တို့ ဆီကို ရောက်ပါမယ်၊ ဒါပေမယ့် ကမ္ဘာကို ဝင်တိုက်မိမှာတော့ မဟုတ်ပါဘူး။ Albert
Einstein က pole shift နဲ့ ပါတ်သတ်ပြီး သတိပေး ခဲ့ပါတယ်။ pole shifting အချိန်မှာ လူသားတွေ အပြင်းအထန် ခံစားရမယ် ဆိုတာပါ။ မာယန် ပရောဖက် တွေရဲ့ The Tzolkin ဆိုတဲ့ ပြက္ခဒိန်မှာ ၂၀၁၂ ခုနှစ်ဟာ အဆုံးသတ် အမှတ် ဖြစ်နေပါတယ်။ စက်ဝန်းကြီး တစ်ခုရဲ့ အဆုံးမှတ် ဖြစ်ပါတယ်။ အဲဒီ စက်ဝန်းကြီးက အစမှတ် (day 0.0.0.0.0) 11th August 3114 BC မှာ စတင်ပြီး အဆုံးမှတ် (day 13.0.0.0.0) 21st December 2012 AD မှာ ဆုံးပါတယ်။ နှစ်ပေါင်း ၃၆၀၀ ပြည့်တိုင်း စက်ဝန်းကြီး တစ်ပါတ်လည် ပါတယ်။ holy bible ကလည်း 2012 ခုနှစ်ကို သတိပေးထားပါတယ်။ အခြားအခြား သော
အရာတွေအားလုံးမှာလည်း 2012 December 21 ကို ရည်ညွှန်းထားတာတွေ တွေ့ရပါတယ်။ မေးခွန်းတစ်ခု ရှိပါတယ်။ ၂၀၁၂ မှာ သေချာပေါက် ဖြစ်မှာမှန်း သိရက်နဲ့ ဘာကြောင့် နာဆာက လူတွေကို အသိမပေးတာလဲ။ သူတို့ဟာ ကမ္ဘာပေါ်က လူသားတွေ အားလုံး သိသွားကြရင် လူတွေ အားလုံး အသက်ရှင် ကျန်ရစ်ရေး ကြိုးပမ်းကြတဲ့ အခါ သူတို့ အတွက် အခွင့် အလမ်း နည်းသွားမှာ စိုးလို့ ဖြစ်ပါတယ်။ အခု ဖော်ပြမဲ့ အကြောင်းအရာက NASA ဟာ ၁၉၈၃ ခုနှစ်က ဘယ်တွေ့ရှိချက်ကို လျှို့ဝှက်ခဲ့တာလဲ ဆိုတာပါ။ 1982 ခုနှစ်မှာ NASA ဟာ extra solar planet တစ်ခုကို စပြီး သတိထား မိခဲ့ပါတယ်။ 1983 ခုနှစ်မှာ NASA ဟာ IRAS
(Infrared Astronomical Satellite) ကို လွှတ်တင်ခဲ့ပြီးတော့ အဲဒီ satellite က ဂျူပီတာဂြိုဟ်လောက် ကြီးမားတဲ့ object တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ Object ကို Planet X (Nibiru) လို့ နာမည်ပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ planet Nibiru ဟာ ကမ္ဘာနဲ့ နေရဲ့ အကြားကို ဝင်ရောက် ဖြတ်သန်း ပါမယ်။

သူ ဖြတ်သန်းမယ့် အနေ အထား ကတော့ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။ အဲဒီ အချက်ကြောင့် Atlantis မြို့ ကြီး နစ်မြုပ်ခဲ့သလို Noah ရဲ့ လှေကြီး တစ်ခုပဲ ရေပေါ်မှာ ရှိခဲ့တုန်းကလို အခြေ အနေမျိုး ၂၀၁၂ နောင်းပိုင်းမှာ ပြန်ဖြစ်လာပါမယ်။ ကျနော် တို့မှာ ရှောင်လွှဲစရာ နည်းလမ်း မရှိပါဘူး။ နေစရာ ကမ္ဘာ တစ်ခုပဲ ရှိတဲ့ အတွက် မလွဲ မသွေ ရင်ဆိုင် ရပါ လိမ့်မယ်။ Stonehenge နဲ့ Easter Island အကြောင်း ကျနော်တို့ ဘာလို့ မသိ တာလဲ။ ဖြစ်နိုင်တာက အရင်က လူတွေ တည်ဆောက် ခဲ့တာဖြစ်ပြီး Nibiru ကြောင့် သူတို့အားလုံး သေဆုံး သွားတဲ့ အခါ အသစ် ဖြစ်လာတဲ့ ကျနော်တို့က မသိတာ ဖြစ်နိုင်ပါတယ်။

Nibiru ဟာ ၂၀၀၉ ခုနှစ် မေလ ၁၅ ရက်နေ့မှာ အနီရောင် အရာဝတ္ထု အဖြစ် သာမာန် မျက်လုံးနဲ့ မြင်နိုင်ပါလိမ့်မယ်။ သူဟာ အပေါ်ကို တက်လာနေတာ ဖြစ်တဲ့ အတွက် ကမ္ဘာ့ တောင်ဘက် အဖျားပိုင်းတွေမှာသာ မြင်နိုင်မှာပါ။ ၂၀၁၁ ခုနှစ် မေလလောက်မှာတော့ သူဟာ ကမ္ဘာပေါ်က လူတွေ အားလုံးမြင်နိုင်လောက်တဲ့ အရွယ်အစား ဖြစ်လာပါလိမ့်မယ်။ ဒုတိယမြောက် နေတစ်လုံး အဖြစ် လရဲ့ အရွယ်အစား လောက် ရှိတဲ့ သူ့ကို မြင်ရပါလိမ့်မယ်။ ကြီးမားလှတဲ့ ဆွဲငင်အားကြောင့် ကမ္ဘာပေါ်မှာ ငလျှင် အကြီးအကျယ် လှုပ်ပြီး ရေကြီးမှုတွေ နေရာ အနှံ့ ဖြစ်ပါမယ်။ ဒါပေမယ့် အဆိုးဆုံး အခြေအနေက ၂၀၁၃ ဖေဖော်ဝါရီ ၁၄ ရက် ဖြစ်ပြီးတော့ အဲဒီ နေ့မှာ ကမ္ဘာဟာ Nibiru နဲ့ နေရဲ့ အကြားကို ရောက်ပါမယ်။ ဆန့်ကျင် ဆွဲငင်အားတွေကြောင့် ကမ္ဘာမှာ pole shifting အကြီး အကျယ် ဖြစ်ပြီး အဲဒီဖြစ်ရပ်က ကမ္ဘာကို အသစ် ပြန်လည် ဖွဲ့စည်း စေမှာပါ။ Nibiru ဟာ ကမ္ဘာလည်ပါတ်မှုနဲ့ ဆန့်ကျင်ဘက် လားရာကို လည် နေတာ ဖြစ်တဲ့ အတွက် မျက်နှာပြင် ဆွဲငင်အား က ကမ္ဘာကြီးကို ၃ရက်တိတိ လည်ပါတ်မှု ရပ်သွားစေပါမယ်။ အင်မတန်ကြီးမားတဲ့ ငလျှင်ကြီးတွေ လှုပ်မယ်၊ မြေပြန့်တွေ အစိတ်စိတ် အပိုင်းပိုင်း ကွဲထွက် ပြီး ကျောက်ရည်ပူတွေ တိုးထွက်မယ်၊ မီးတောင်တွေ နေရာအနှံ့ ပေါက်ကွဲမယ်၊ ကမ္ဘာ့လူဦးရေ သန်း ရာပေါင်း အနည်းငယ်သာ အသက်ရှင် ကျန်ပါမယ်။ အဲဒီနောက် ကမ္ဘာကြီးဟာ ဖြေးဖြေးချင်း အသစ် ပြန်လည် ဖွဲ့စည်းပါလိမ့်မယ်။ 2014 July 1 ရက်နေ့က စပြီး Nibiru ဟာ ကျနော် ကမ္ဘာ ပေါ်မှာ ဘာသက်ရောက်မှုမှ မရှိတော့ပဲ ကျနော်တို့နဲ့ ဝေးရာ စကြာဝဠာဆီကို ပြန်လည် ထွက်ခွါသွားပါလိမ့်မယ်။

အပေါ်မှာ ရေးပြခဲ့တာတွေကတော့ YouTube video တွေထဲက တစ်ခုကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အရာအားလုံးသည် သင်္ခါရ ဆိုပေမဲ့ ၂၀၁၂ ဆိုတာ တော့ တော်တော် ကြီးများ စောလွန်း နေမလားလို့။ အခုစာလာ ဖတ်တဲ့ မိတ်ဆွေတွေ ရော.. ဒီကိစ္စကို ယုံလား။ paranormal.about.com မှာ အဲဒီ အကြောင်း pool လုပ်ထားတဲ့ result ကို အပေါ်ကပုံမှာ တွေ့နိုင် ပါတယ်။ ယုံကြည်တယ်၊ ဘာကြောင့်၊ မယုံ ကြည်ဘူး၊ ဘာကြောင့် ဆိုတာလေး comment ရေးပေး စေချင်ပါတယ်ဗျာ။ ကျနော့် အမြင်ကိုလည်း ပို့စ် တစ်ခုတင်ပြီး ရှင်းပေးပါ့မယ်။ ကျေးဇူး တင်ပါတယ်ဗျာ။


Wednesday, December 3, 2008

Html အကြောင်း အပိုင်း(၁)

ကျွန်တော်က မြန်မာမိသားစုဖိုရမ်မှာ အဖွဲ့ဝင်တစ်ယောက်ပါ ......

Labels အောက်က စာတွေအများကြီး လည်လည်နေတာလေးကို ဘယ်လိုလုပ်လဲ.....ပြီးတော့ အဲဒါကိုဘယ်လို သုံးလဲ ခင်ဗျာ???

ကျွန်တော် ကြိုက်လို့ ပြီးတော့ အဲဒီ widget လေးကိုလိုချင်လို့ပါ ဆိုတဲ့ drift ရဲ့မေးခွန်းလေးကို ကိုဖြိုးငြိမ်းဖြေပေးထားတာလေးကို

သူ့ရဲ့ အဖြေထားတဲ့ပုံစံလေးအတိုင်းတင်ပေးလိုက်ပါတယ် .. ကျွန်တော်ကိုယ်တိုင်ကလဲ html အကြောင်းကို အလုပ်တွေမအားတဲ့ကြားထဲကနေ လေ့လာနေရတာဆိုတော့ အချိန်သိပ်မရှိပါဘူး .... ဒီတော့ ကျွန်တော့်လိုပဲ သူငယ်ချင်းတွေလေ့လာချင် တယ်ဆိုရင်တော့ ကျွန်တော် html အကြောင်းတွေကို အပိုင်းတွေအလိုက် စုပြီးတင်ပေးပါမယ့် ..



ကို driftboy ရေ ဘယ်လို သုံးရသလဲဆိုတော့ ဘလော့မှာ ပို့စ်တင်တာ များလာတာနဲ့အမျှ

လေဘယ်တွေ ဖောင်းပွလာမယ် စာဖတ်သူအတွက်လဲ မျက်စိရှုပ်တာပေါ့ wp

မှာတော့ tag flash ဆိုပြီး plugin ရှိပါတယ် ကျွန်တော် အခုသုံးထားတာက

ဘလော့စပေါ့မှာပါ အဲဒီလို လုပ်ချင်တယ်ဆိုရင်တော့



အောက်က ကုဒ်တွေကိုရှာ





ရှာလို့တွေ့ရင် အဲဒီစာကြောင်းရဲ့အောက်မှာ အောက်ပါ ကုဒ်တွေကို ထပ်ဖြည့်ပေး







အပေါ်က ဟာတွေက default လေးတွေပါ ကြိုက်သလို ပြောင်းပါ



* Width is set to 240px

* Height is set to 300px;

* Background color is white

* Test color is grey

* Font size is "12"



ဖြည့်ပြီးရင် Save ပေးလိုက်ပါ .. ။ Layout - Page Elements ထဲမှာ Tags နာမည်နဲ့ Gadget တစ်ခု ၀င်နေမှာ ဖြစ်ပါတယ် .. ။ လိုချင်တဲ့ နေရာချ ခေါင်းစဉ် ပြောင်းပေးရုံပါပဲ ။



အဆင်ပြေကြပါစေ ... ။ ဒီနေရာက ပို့စ်လေး ဖြစ်ပါတယ် ...



သမိုင်းစာမျက်နှာ

ပြီးဆုံးသွားတဲ့ သမိုင်းစာမျက်နှာ တစ်ရွက်ဟာ
မင်းအတွက်တော့ ဘယ်တော့မှ အသစ်ဆိုတာ
ဖြစ်မလာနိုင်တော့ဘူး ကောင်လေး ...

သမိုင်းဆိုတာ
ဟောင်းနွမ်းပြီးဆွေးမြေ့ခြင်းတွေကို
အစပြုဖို့ ခြေလှမ်းစလှမ်းနေတဲ့
အတိတ်ဆိုတဲ့ သားကောင်တစ်ကောင်ပါ ....

မွေးဖွားခြင်းနှင့်အစပြုတဲ့ လူတစ်ယောက်အတွက်
သမိုင်းကောက်ကြောင်းဆိုဟာ
အမြဲတမ်းလှပသေသပ်တဲ့ ကဗျာတစ်ပုဒ်
ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်လို့ရနိုင်သလားလို့
မေးခွန်းတစ်ခု မေးလိုက်ချင်တယ်ဗျာ ....

အတိတ်ဆိုတဲ့ သမိုင်းစာမျက်နှာကို
လူသားတိုင်း အချိန်နှင့်အမျှ
လှန်ကြည့်နေရတဲ့အခိုက်အတန့်လေးမှာ
လှပသေသပ်တဲ့ ကဗျာတစ်ပုဒ်
ဖြစ်လာဖို့
ကိုယ့်သမိုင်းစာမျက်နှာကို ကိုယ်ကိုယ်တိုင်ပဲ
ရေးရတာပါ ...

တစ်ကယ်တော့လူ့ဘ၀ဆိုတာ
ဖယောင်းတိုင်လိုပါပဲ ..
တစ်ဖြည်းဖြည်းနဲ့ မီးလောင်လာကနေ
တစ်ချိန်ချိန်မှာ ပြာကျပျောက်ဆုံးရမှာပဲလေ ...
အဲ့ဒီ့အချိန်ကျရင် ဟိုးတစ်ချိန်တုန်းက
ဘယ်မှာလဲ
လှပသေသပ်ပါတယ်ဆိုတဲ့ ဖယောင်းတိုင်လေး
ကျွန်တော့်ကို ပြကြည့်စမ်းပါ ...
အဲ့ဒီ့အချိန်ကျရင် ဟိုးအရင်တစ်ချိန်တုန်းက
ဒီနေရာလေးမှာ ဖယောင်းတိုင်တစ်တိုင်ထွန်းခဲ့ဖူးတယ်ဆိုတဲ့
စကားတစ်ခွန်းကလွဲလို့ သက်သေပြစရာတောင်
ကျန်ခဲ့မှာ မဟုတ်ပါဘူး .....

ဒါပေမယ့် ဒီဖယောင်းတိုင်လေး ရှိစဉ်ကာလတုန်းက
သူထွန်းညှိခဲ့တဲ့ အလင်းရောင်ကို ရရှိလိုက်တဲ့
လူသားတွေအတွက်တော့
ပြောစရာစကားလေးတစ်ခွန်းအဖြစ်
တင်ကျန်ရစ်နေမှာပါ ...

ကျွန်တော်လဲဒီလိုပဲလေ
တစ်ချိန်ချိန်မှာ ပျောက်ကွယ်ဖို့အတွက်
အခုအချိန်လေးမှာ ရှိသမျှခွန်အားလေးကို
ဖြစ်ညှစ်ပြီး မီးတောက်လေးဖြစ်လာအောင်
ဖန်တီးနေရတယ် ....

တစ်ချိန်ချိန်မှာတော့ ညီညီဆိုတာ
လောကကြီးထဲကနေ ပျောက်ဆုံးသွားမှာပါ
ဒီအတောအတွင်းလေးမှာ
ကျွန်တော် ????????????????????????

ရင်ထဲက စကားတစ်ချို့ကို ဖွင့်ချလိုက်တာဟာ ပေါ့ပါးခြင်းကို အစပြုဖို့လေ
ဘာတစ်ခုကိုမှ မျှော်လင့်ဖို့ဆိုတာ ဘယ်တော့မှ ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး ....


အပြစ်မဲ့အချစ်

ဒီကဗျာလေးကို သဘောကျလို့ ပို့စ်တင်ပေးလိုက်ပါတယ် ...
အချစ်က................ကျောင်းမပြေးခိုင်းဘူး
အချစ်က................မငိုခိုင်းဘူး
အချစ်က.................မရက်စက်ခိုင်းဘူး
အချစ်က.................(မိဘကို) လိမ်မပြောခိုင်းဘူး
အချစ်က.................အရက်မသောက်ခိုင်းဘူး
တကယ်တော့ အချစ်ဆိုတာ
(အပြစ်မဲ့) ဖိနပ်တရံပါ ။
လူတွေ .....
စီးချင်သလို စီးပြီး..
သွားချင်ရာသွားခဲ့....လုပ်ချင်ရာတွေလုပ်ခဲ့ကြလို့...
" အချစ် " က
(ခဏခဏ) နာမည်ပျက်သွားတာ ။
ဖိနပ်က.....သယ်ဆောင်သူ မဟုတ်ဘူး
ခြေထောက်တွေကသာ.... ဦးဆောင်သွားကြတာ ။

တကယ်ဆို
အဲဒီဖိနပ်လေးကို ....တရိုတသေသိမ်းထားပြီး....
လမ်းကောင်းကောင်း တွေ့မှ
လမ်းကောင်းကောင်း လျောက်တတ်မှ
တစ်ယောက် တစ်ရံစီ ထုတ်စီးလိုက်ရရင် ....
ဖိနပ်အသစ်လေးနဲ့......
ဘယ်လောက်လှလိုက်မလဲ .....




ကျွန်တော်တို့ဆီက ပျော်စရာလေးများ

ကျွန်တော်အခုလက်ရှိ ရှိနေတဲ့ (ထိုင်းနိုင်ငံ) resort က ပုံလေးတွေဖြစ်ပါတယ် ... ဟန်ဆောင်မှု မရှိတဲ့ မရှိတဲ့ နေရာတစ်နေရာလို့လဲဆိုလို့ရပါတယ် .. ကျွန်တော့်ကိုဆီက သူငယ်ချင်းတွေအားလုံးက ကျွန်တော့်ကို SIMON လို့ခေါ်ကြပါတယ် ...
ပြီးခဲ့တဲ့ပါတီနေ့တုန်းက ရိုက်ထားတဲ့ဓါတ်ပုံလေးတွေတင်ထားတဲ့နေရာကို သူငယ်ချင်းတွေကြည့်ရအောင် လို့တင်ပေးလိုက်ပါတယ်. ဓါတ်ပုံလေးတွေ ကြည့်ချင်ရင်တော့ ဒီကို နှိပ်လိုက်ပါ ..



Tuesday, December 2, 2008

အိမ်ထောင်ပြုပြီးတဲ့အချိန် ကျင့်သုံးကြည့်ပါ .. ကို့ချစ်သူထံမှ အချစ်များ မကုန်နိုင်မခမ်းနိုင် ရလာပါလိမ့်မယ် .

အိမ်ထောင်ပြုပြီးစ ယောင်္ကျားလေးများကိုအကြံဥာဏ်ပေးချင်လို့ပါ ... ကျွန်တော်အိမ်ထောင်ပြုပြီးရင်လဲ အဲ့လိုမျိုးကျင့်သုံးဖို့စဉ်းစားထား ပါတယ် .. ကျွန်တော့်သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်လို့ ကျွန်တော် သတိရရင်း ရေးလိုက်တာပါ သူနဲ့ကျွန်တော်နဲ့က ပြောမနာဆိုမနာဆိုတော့ သူ့အတွက်လဲ ရည်ရွယ်ရင်း ကျန်တဲ့သူများလဲ ဒီကဗျာလေးကို စံထားပြီး လိုက်နာကျင့်သုံး စေလိုပါတယ် .

ငါမင်းအချစ်ကို အဆုံးရှုံးမခံနိုင်လို့ပါ
ချစ်သူ .....
တစ်ကယ်တမ်းဆိုရင် ငါဟာလေ
ဇနကမင်းသားနဲ့များ အမျိုးတော်သလား
မပြောတတ်ပါဘူး .....

ဘာပဲလုပ်လုပ် ဇနကထုံး နှလုံးမူ၊
ဘုရင့်နောင်လို ဖောင်ဖျက်၊
မင်းကုသလို အချစ်မျိုးနှင့်
အသေရရ အရှင်ရရ ဇွဲနဘဲကြီးကြီးနဲ့
လုပ်တတ်တာ မင်းသိပါတယ် ..

ငါရဲ့အချစ်တွေကို တန်ဖိုးထားပေးပါချစ်သူ .....
မနက်မိုးလင်းတိုင်း ထထပြီး ဖွင့်တတ်တဲ့
ကြာနီကန်ဆရာတော် ဟောထားတဲ့ (အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင်ချစ်တာ)
တရားလေးကိုသတိရတိုင်း
မင်းလေးကို ထထရိုက်မိတာ အပြစ်မယူပါနဲ့ ချစ်သူ
ဒါဟာ မင်းလေးကို ချစ်လွန်းလို့ပါကွယ် ...

အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင်ချစ်တာတဲ့
ဒါ့ကြောင့် ကို့ကို မင်းလေးအသဲစွဲအောင်ချစ်ဖို့အတွက်
တစ်နေ့ကို ကြာနီကန်ဆရာတော်တရား
၃ကြိမ်နားထောင်ပြီး ၃ ကြိမ်ရိုက်ရိုက်နေမိတာလေးကို
အပြစ်မယူပဲ အချစ်တွေအဖြစ်ပဲ မှတ်ယူစေချင်ပါတယ်ချစ်သူ ..

ကို့ကို မချစ်ပဲ ပြစ်သွားမှာကို စိုးရိမ်စိတ်တွေ
လွန်ကဲရင်းဖြစ်သွားရတဲ့ အချစ်(အနှစ်)တွေပါကွယ် ...
အပြောင်းအလဲမြန်တတ်တဲ့ လူ့စိတ်တွေကို
ကြောက်လွန်းလို့ပါ ချစ်သူ
ကို့ကိုတော့ ပြစ်မသွားပါနဲ့နော် ...

အခုဆိုရင် ကြာနီကန်ဆရာတော် တရားခွေလေးလဲ တော်တော်လေး ပွန်းနေပြီ ...
မနက်ဖြန် ဈေးသွားရင်းနဲ့ တလက်စတည်း တစ်ခွေလောက် ထပ်ဝယ်ခဲ့ပါဦး ..

Monday, December 1, 2008

ဒဏ်ရာ

ငါ့တစ်ကယ်လုံး
ခံစားရတဲ့ဒဏ်ရာဒဏ်ချက်တွေ
အဆမတန်များလွန်းလို့
နာကျင်နေပါပြီ ..

ဝမ်းနည်းကြေကွဲမှုတွေ
လွမ်းဆွတ်တမ်းတခြင်းတွေဆိုတာ
ရာသီချိန်အလိုက်ပေါ်တဲ့
ကောက်ပဲသီးနှံမျိုးမဟုတ်ဘူးလေ .......

ဒီလွမ်းဆွတ်မှုဆိုတာ တစ်ကယ်တော့
တည်ငြိမ်မှုမရှိသေးတဲ့ ကို့အတွက်
အမြဲတမ်းလိုလို ဖြစ်လာတတ်တဲ့
ဖြစ်စဉ်တစ်ခုလိုပါပဲ ...

ဖြစ်စဉ်တစ်ခုရဲ့အတိမ်အနက်ဆိုတာ
အကျိုးတရားနဲ့ အကြောင်းတရား
နှစ်ခုပေါင်းမှ အသက်ရှင်လာတတ်တဲ့
ရောဂါတစ်မျိုးပါ .......



လိမ်နေတာတွေရပ်ပါတော့

နည်းလမ်းလေးတစ်ခု တွေ့လာလို့ မျှဝေပါရစေ G talk မှာ မိမိထံ မေးပို့လာတဲ့သူဟ ဘယ်နိုင်ငံကလဲ location ကို ညာပြောထားတာလား အမှန်ပြောတာလား ဖမ်းရအောင်ဗျာ..ပထမဆုံးကတော့ မိမိရဲ့ မေးထဲကို ၀င်လိုက်ပါ ပြီးရင် ကိုယ်သိချင်တဲ့ လူ ပို့ထားတဲ့ မေးကို ဖွင့်လိုက်ပါ။ ညာဘက် အပေါ်နားလေးက Reply ဘေးနားကို click လိုက်ပါ show original ကိုဆက်လက် click ပါ ။Original page မှာ ctrl+f အကူအညီနဲ့ Received: ဆိုတာလေး ကို ရှာလိုက်ပါ နောက်ကတော့ သူ့ရဲ့ IP address ပေါ့ Received by ဆိုတဲ့ နောက်က တော့ သူ့ရဲ့ IP address ပေါ့ သူ့ရဲ့ location ကို သိချင်ရင်တော့ http://www.whatismyipaddress.com မှာ သွားကြည့်လိုက်ပေါ့ ….အဆင်ပြေချောမွေ့ကြပါစေ..